How to Change Photo Background
ဓါတ်ပုံနောက်ခံပြောင်းနည်း
ဓါတ်ပုံကို နောက်ခံပြောင်းချင်ရင်တော့ သတိထားရမှာက ကိုယ်သုံးတဲ့ပုံနဲ့ ဆွဲထည့်မယ့်ပုံက ဆိုဒ်နဲ့Resolutionတူဖို့လိုပါ
တယ်။ ဒါကြောင့် ပြင်မယ့်ပုံကို ပထမဆုံး crop toolသုံးပြီး (4 x 6)”, Resolution = 300 ပြောင်းလိုက်ပါ။

ကလေးလေးပုံကိုပဲ ယူမှာဖြစ်တဲ့အတွက် ဒီကလေးပုံကို Pen Tool (Option = Paths)ကိုရွေးပြီး စမှတ် ဆုံးမှတ် ဆုံအောင် ပတ်ပါ။ စမှတ် ဆုံးမှတ်ဆုံရင် Ctrl + Enterခေါက်ပြီး Selectionပြောင်းပါ။ Selection၀င်နေတဲ့ အနေအထားမှာ
Select Tab> Modify> Feather ၀င်ပြီး 2လောက်ထားပေးပါ။

နောက်တစ်ဆင့်မှာ ပုံမှာ Selection၀င်နေတဲ့အနေအထားမှာ Layer Tab> New> Layer Via Copyကို သွားပါ။ ဒါဆို Layerမှာ Background Layerအပြင် Layer1ဆိုပြီး ကလေးလေးပုံက Layerသစ်မှာ တက်လာပါလိမ့်မယ်။

ဒီအဆင့် ပြီးရင်တော့ နောက်ခံပြောင်းချင်ရင် ပြောင်းလို့ရပါပြီ။ ပြောင်းချင်တဲ့နောက်ခံပုံကို ဖွင့်ပါ။ (ပုံက စစချင်းက ယူထားတဲ့ဆိုဒ်
(4 x 6)”, Resolution = 300ဖြစ်ရပါမယ်)။ ပုံ၂ပုံကို ယှဉ်ဖွင့်ထားလိုက်ပါတယ်။

ပြီးရင် Move Toolကိုရွေးပါ။ ကိုယ်နောက်ခံပြောင်းမယ့်ပုံ(ကေ လးပုံမှာ Background Layer) select လုပ်ထားတဲ့ အနေအထားမှာ Move Toolနဲ့ Shift Keyကိုဖိထားရင် (ကားပုံကို ကလေးပုံထဲ) ဆွဲထည့်ပါ။ ခုဆို အောက်ပါပုံအတိုင်း Background layerနဲ့ Layer1ကြားမှာ Layer2ဆိုပြီး ကားရှိတဲ့Layer ရောက်လာပါ လိမ့်မယ်။

ဒါဆို ကိုယ့်ပုံက နောက်ခံပြောင်းပြီးသားဖြစ်သွား ပါပြီ။
မှတ်ချက်။ ။ ဒီဇိုင်းပိုင်းကို လက်တွေ့သင်ပေးရတာ မဟုတ်ဘဲ စာနဲ့ပုံနဲ့ပဲ အဆင်ပြေသလို ရေးပြနေတာ ဖြစ်တဲ့အတွက် ပြည့်စုံတဲ့ သင်ခန်းစာဖြစ်မယ်လို့ မဆိုလိုပါ။ အနည်းနဲ့ အများတော့ ကိုးကားလို့ရမယ်လို့တော့ မျှော်လင့်ပါတယ်။
ဒီနည်းကို အတိုချုံးမှတ်ချင်သူများအတွက်
Short Note
၁။ ပုံကို ဆိုဒ်သတ်မှတ်ပေးပါ။
၂။ Penပတ်ပြီး layerကို ပွါး။
၃။ ပြောင်းမယ့် နောက်ခံပုံကိုဖွင့်ပြီး ဆိုဒ်သတ်မှတ်။
၎။ ယှဉ်လျက်ဖွင့်ထားတဲ့အနေအထားမှာ ကိုယ့်ပုံကို BG Layerမှာ Selectလုပ်၊
ဆွဲထည့်မယ့် နောက်ခံပုံကိုMove Toolနဲ့ Shiftဖိထားရင်း ကိုယ့်ပုံထဲဆွဲထည့်။
No comments:
Post a Comment
daweiit@gmail.com