ဂျီပီအက်စ် စနစ် (Global Positioning System)
Posted by SLIP in My Research And Development Of ....ဂျီပီအက်စ် စနစ် (Global Positioning System) သည် လွန်ခဲ့သော နှစ်အနည်းငယ် ကာလအတွင်းမှာ မှ တိုးတက်စွာပေါ်ပေါက်လာပြီး လူသိများလာကာ ယခုခေတ်တွင် ဖုန်းများ၊ ကားများ၊ အခြား ခရီးသွားခြင်း လုပ်ငန်းများနှင့် အရေးအကြီးသည့် ကာကွယ်ရေးလုပ်ငန်းများ (Military) ၊ စူးစမ်း ရှာဖွေရေးလုပ်ငန်းများ (Discovery)၊ အာကသဆိုင်ရာ သုသေသန လုပ်ငန်းများ (Satellite positioning and tracking)၊ ရိုဘော့ စနစ်များနှင့် အဝေးထိန်း စနစ်များ (Remote controlled vehicle and robot guidance)၊ ပဲ့ကိုင်စနစ်များ (Navigation System) နှင့် အခြား သုသေသန လုပ်ငန်းများတွင် တွင်တွင် ကျယ်ကျယ်ဖြင့် ရေးပန်းစား လာသော နေရာပြစနစ်ဖြစ်သည်။ မြန်မာလို အလွယ်ကူဆုံး ဘာသာပြန်ပါက ကမ္ဘာ့နေရာပြစနစ် ဟု ခေါ်ဆို သက်မှတ်နိုင်သည်။ (Navigation System အကြောင်းကို ဤနေရာတွင် တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)
GPS (Global Positioning System)
၁၉၆၃ခုနှစ် က ဂျီပီအက်စ်ကို စတင်တီထွင် အကောင်အထည်ဖော်ခဲ့၍ ၁၉၉၅ ခုနှစ်တွင် ဧပရယ်လတွင် စတင် အသုံးပြုနိုင်ခဲ့သည်။ ဂျီပီအက်စ် ဆိုသည်မှာ mobile phone အရွယ်ရှိသော လျှက်စစ်ပစ္စည်း တစ်ခုဖြစ်သည်။ ၎င်းတွင် ဖန်သားပြင်တစ်ခုပါရှိပြီး ၎င်းဖန်သားပြင်မှ မြေပုံဖြင့် ယခုလက်ရှိ ၎င်း၏တည်နေရာကို ဖော်ပြပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ နှစ်သက်ရာနေရာသို့ သွားရောက်နိုင်ပြီး ထိုနေရာကို ဂျီပီအက်စ်က ဖော်ပြပေးနိုင်သည်။
ကမ္ဘာ့နေရာပြစနစ်ဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ နေရာအားလုံးကို မခြွင်းမချန် ပြသနိုင်ရန် လိုအပ်ပေသည်။ ထိုသို့ ကမ္ဘာပေါ်ရှိ နေရာတိုင်းကို ပြသနိုင်ရန်အတွက် ကမ္ဘာကို လှည့်ပတ်နေသော ဂျီပီအက်စ်ဂြိုဟ်တု (GPS satellite) အရေအတွက် (၂၄) လုံး အနည်းဆုံးလိုအပ်သည်။ အကြောင်းမှာ ကျွန်တော်တို့ ကမ္ဘာကြီးကို ပထမဆုံး ဘေးဘယ်ညာ လေးဖက် လေးတန်နှင့် အထက်အောက် မျက်နှာပြင် (၆) ခု ပိုင်းခြားပါမည်။ ထို့နောက် မျက်နှာပြင် တစ်ခုဆီတွင် ဂြိုဟ်တု (၄) လုံးဖြင့် စုစုပေါင်း (၂၄) လုံး လှည့်ပတ် နေရမည်ဖြစ်သည်။ ထိုဂြိုဟ်တု (၂၄) လုံးမှ မိမိ၏ လမ်းကြောင်း နယ်မြေ အပိုင်းအခြားအတွင်း ကျရောက်လျှက် ရှိသော ဂျီပီအက်စ်များ ၏ တည်နေရာကို signal ပို့လွတ်ပေးပါလိမ့်မည်။
24 GPS satellites
ဂျီပီအက်စ်ဂြိုဟ်တုများ ကမ္ဘာကို လည့်ပက်ပုံနှင့် နေရာတစ်နေရာအတွက် အများဆုံး လုပ်ဆောင်ပေးနိုင်သော ဂျီပီအက်စ်ဂြိုဟ်တု အရေအတွက်
GSM antenna များ ဆိုက်ထူပုံ စနစ်
Cellular ဖုန်းများ အလုပ်လုပ်ကြသည်ကို စာဖတ်သူတို့ သိပြီးဖြစ်ပါလိမ့်မည်။ Cellular ဖုန်းများအတွက် antenna များကို ပုံတွင် ပြထားသည့်အတိုင်း ဆိုက်ထောင်ထားသည်။ အန်တင်နာများမှာ ဖုန်း အမျိုးအစားကိုလိုက်၍ GSM antenna ၊ Wifi antenna ၊ 433MHZ antenna သို့မဟုတ် အခြားတစ်ခုခု ဖြစ်နိုင်သည် cellular ဖုန်းကိုဆောင်သူသည် လှုပ်ရှားနေမည်ဆိုပါက အန်တင်နာများမှ မိမိ ဧရိယာ အတွင်း ရှိလျှင် ရှိကြောင်း အချက်ပြနေ၍ မိမိ ဧရိယာအတွင်းမှ ထွက်ခွားသွားသည်နှင့် တစ်ပြိုင်နက် မရှိတော့ကြောင်း ပြန်လည် အချက်ပြမည် ဖြစ်သည်။ အန်တင်နာ အများစုသည် မျက်နှာပြင် ၃ ခုရှိတတ်ပြီး အမြင့်မှာ ကမ္ဘာမြေပြင် အနေအထားအပေါ်တွင် မူတည်၍ နိမ့်ခြင်း၊ မြင့်ခြင်းများ ရှိမည်။ ဥပမာ ညီညာပြန့်ဖြူးသော မြေမျက်နှာပြင် အတွက် အန်တင်နာ သည် အလွန်အမင်း မြင့်မားစွာ တည်ဆောက်ရန် မလိုပေ။ မိုးကုတ် စက် ၀ိုင်း အစွန်းကိုကြည့်ပြီး ပက်ဝန်းကျင်ရှိ အန်တင်နာများကို မြင်နိုင်ရန်အတွက်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။ တတ်နိုင်ပါက အန်တင်နာ များကို စိပ်စိပ်တည်ဆောက်နိုင်လေ ဆက်သွယ်မှုစနစ် ကောင်းလေ ဖြစ်သည်။
GSM antenna
Antenna ဆိုက်ထူပုံ
GSM antenna တစ်ခု အလုပ်လုပ်ဆောင်နိုင်မှု ဧရိယာ
Mobile phone များ၏ ဆက်သွယ်မှု ကောင်းမကောင်းမှာ အန်တင်နာများပေါ်တွင်သာ အဓိက မူတည်သည်။ အန်တင်နာ ကျဲသွားပါက ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေကြာင်း တုန့်ပြန်မှုကို စာဖတ်သူတို့ ကြားဖူးကြပါလိမ့်မည်။ ထို့အပြင် အန်တင်နာတိုင် အောက်မှာနေရင် ဆက်သွယ်မှု ဧရိယာ ပြင်ပ အေရာက်နေကြောင်း ကိုလည်း စာဖတ်သူတို့ ကြုံဖူးကောင်း ကြုံဖူးပါလိမ့်မည်။ အကြောင်းမှာ အန်တင်နာ၏ အလုပ် လုပ်နိုင်မှု ဧရိယာမှာ ၎င်း၏ မျက်နှာစာ အတွက်သာ အဓိက ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ဂျီပီအက် အကြောင်းကို ဆက်ပါအုံးမည်။ ဂျီပီအက်စ် တစ်လုံးကို ဖွင့်လိုက်သည်နှင့် အထက်တွင် ဖော်ပြခဲ့သကဲ့သို့ပင် မိုဘိုင်းဖုန်းများ အလုပ် လုပ်သကဲ့သို့ပင် ဂျီပီအက်စ်မှ မိမိ၏ ပက်ဝန်းကျင်ရှိ ဂြိုဟ်တုများဆီသို့ signal များကို ပို့လွတ် ပေးလိုက်မည်ဖြစ်သည်။ ဖမ်းယူရရှိမသော ဂြိုဟ်တုများက ဖမ်းယူရရှိကြောင်း အချက်ပြ၍ ထိုအချိန်မှ ၎င်း နယ်နိမိတ်အတွင်း ၀င်ရောက် လာသော ဂြိုဟ်တုက တာဝန်ယူကာ၊ ထိုဧရိယာ အတွင်းမှ ထွက်သွားသော ဂြိုဟ်တုက အားလုံးကို အချက်ပြသွားမည် ဖြစ်သည်။
GPS Satellite
ဂျီပီအက်စ် မှ ပို့လွတ်လိုက်သော signal ကို အနည်းဆုံး ဂြိုဟ်တု (၄) လုံးက ဖမ်းယူ ရရှိမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာ့တစ်ဖက်ခြမ်းဆီတွင် ဂျီပီအက်စ် ဂြိုဟ်တု (၄) လုံးဆီ တာဝန်ယူထားသောကြောင့် ဖြစ်သည် (အထက်တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်)။ ဂျီပီအက်စ်သည် ကမ္ဘာ့ အရပ်ခြောက်မျက်နှာ(အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက်) မှ အရှေ့အရပ်တွင် ရှိနေသည်ဆိုပါဆို့ ၎င်း ဂျီပီအက်စ်မှ signal ကို ထိုအချိန် ထိုနေရာတွင်ရှိသော ဂြိုဟ်တု (၄) လုံးကသာ တာဝန်ယူရမည်ဖြစ်သည်။ ထိုဂြိုဟ်တု (၄) လုံးစလုံးမှ signal ကို ဖမ်းယူ၍ ချက်ချင်း တည်နေရာ ကို ပြန်လည် ပေးပို့ပေးလိမ့်မည် ဖြစ်သည်။ လောလောဆယ် ကျွန်တော်တို့ ကမ္ဘာကြီးကို ကုဗတုံး တစ်တုံးကဲ့သို့ ကြည့်ကြပါဆို့။ ကုဗတုံး၏ မျက်နှာပြင် (၆) ဖက်မှ တစ်ဖက်ဆီတွင် ဂြိုဟ်တု (၄) လုံး ရှိနေမည်။ မျက်နှာပြင် တစ်ဖက်တည်းကို ထပ်မံကြည့်ကြပါဆို့။ လေးထောင့် မျက်နှာပြင်ပေါ်တွင် ဂြိုဟ်တု (၄) လုံး အပေါ်မှာ ရှိနေသည်။ ထိုမျက်နှာပြင်ပေါ်တွင် ဂျီပီအက်စ် တစ်လုံးကို ကျွန်တော် ဖွင့်လိုက်ပါက ဂြိုဟ်တု (၄) လုံးစလုံးက ဂျီပီအက်စ် မှ signal ကိုဖမ်းယူကာ ၎င်း တို့နှင့် မည်မှ အကွာအဝေးတွင်ရှိကြောင်း တွက်ချက်ကြမည်။ ထွက်ချက်သည့် formula မှာ
ဖြစ်သည်။ E1, E2, E3 မှ E24 ထိ ရှိမည်ဖြစ်ပြီး power အားလုံးမှာ အတူတူပင်ဖြစ်သည်။ k မှာ constant တန်ဖိုးဖြစ်ပြီး R မှာ ကျွန်တော်တို့ အဓိကလိုချင်သော Radius (သို့) distance ဖြစ်သည်။ ကျွန်တော်တို့ ရှိနေသော မျက်နှာပြင်ရှိ ဂျီပီအက်စ် ဂြိုဟ်တု (၄) လုံးကို E1 မှ E4 ထိ ဆိုပါဆို့။ အလုပ် စတင်လုပ်သည်နှင့် ပထမ ဂြိုဟ်တုမှ ၎င်းရရှိလာသော စွမ်းအင် (power) ကို မူတည်၍ အကွာဝေးကို ထွက်ချက် ထုတ်ပေးမည်ဖြစ်သည်။ ထိုမှ ထွက်ပေါ် လာသော အကွာအဝေး (သို့) အချင်းဝက်ပေါ်ရှိ အ၀န်းပိုင်းပေါ်တွင် ဂျီပီအက် ရှိနေမည်မှာ သေချာနေပြီဖြစ်သည်။ သို့သော် အ၀န်းပိုင်းမှာ ကြီးမှား ရှည်လျှားလှသည်။ ထို့နောက် E2 မှ မတူညီသော စွမ်းအင်ကို ရရှိသောကြောင့် ၎င်း နှင့် ဂျီပီအက်စ် ၏ အကွာအဝေး နောက်တစ်ခုကို ထပ်မံ ပေးပို့မည်။ ထိုအချိန်တွင် E1 နှင့် E2 တို့၏ အ၀န်းပိုင်း နှစ်ခုတို့သည် အမှတ် (၂) ခုတို့တွင် အချင်းချင်း ပေါင်းဆုံ မိကြမည်။ ထိုနှစ်မှတ်မှ တစ်နေရာသည် ကျွန်တော်တို့ ရှိနေသောနေရာဖြစ်သည်မှာ သေချာပြီ။ ထို့နောက် နောက်ထပ် E3 မှ အကွာအဝေးတစ်ခု ထပ်ရရှိကာ ထို အ၀န်းပိုင်းမှ E1 နှင့် E2 ပေါင်းဆုံသော အမှတ်နှစ်မှတ်မှ တစ်မှတ်ကို ထပ်မံ ဖြတ်စီး သွားမည်ဖြစ်သည်။ ထို အ၀န်းပိုင်း (၃) ကြောင်းဆုံမှတ်မှာ ကျွန်တော်တို့ ဂျီပီအက်စ် တည်ရှိနေသော နေရာ အတိအကျ ပင် ဖြစ်ပေသည်။
ဂြိုဟ်တု (၃) လုံး၏ အကွာအဝေး အ၀န်းပိုင်းတို့ ဆုံရာအမှတ်
နောက် တစ်ခု E4 မှာ အရန်တစ်ခု ဖြစ်ပြီး အကြောင်းကြောင်း ကြောင့် အကွာဝေးများ လွဲချော်ခဲ့ပါက အနည်းဆုံး (၃) ခု ဆုံရန်ဖြစ်သည်။ မှားယွင်းမှု လုံးဝ မရှိပါက (၄) ကြောင်းလုံး ဆုံမည်ဖြစ်သည်။ မှားယွင်းမှု ဆိုသည်မှာ ကြားထဲရှိ အခြား နှောက်ယှက် signal များနှင့် radio waves များကြောင့်ဖြစ်သည်။ ဂျီပီအက်စ်နှင့် ဂြိဟ်တုအကြား signal ပို့ဆောင်မှု အလျှင်မှာ နေ၏ အလျှင်ထက် (၃) ဆ ပိုမြန်သည်။ ထို့ကြောင့် ဂြိုဟ်တုမှ signal ကို ရရှိပြီးသည်နှင့် (၃) စက္ကန့်အတွင်းတွင် တည်နေရာကို သိရှိနိုင်သည်။ (SIM Card ထည့် သုံးသည့်စနှစ်နှင့် SIM Card မထည့်ပဲ သုံးသည့်စနစ်ကို နောက်မှ တင်ပြပါအုံးမည်)။ ဂြိဟ်တုမှ လွတ်လိုက်သော signal ကို ဂျီပီအက်စ်၏ အန်တင်နာ မှ ပြန်လည်ဖမ်းယူသည်။ ထို့နောက် ၎င်း၏ frequency ကို အရင်ဆုံး ပြောင်းလဲ ယူရသည်။ ထို့နောက် ADC ကို အသုံးပြု၍ Analog signal ကို digital signal သို့ ပြောင်းလဲယူသည်။ ထို့နောက်မှ GPS Receiver သို့ ပေးပို့၍ တည်နေရာကို ရှာဖွေတွက်ချက်ခြင်းကို လုပ်ဆောင်သည်။
GPS အလုပ်လုပ်ဆောင်မှု Structure
iTrax02 GPS Receiver Module
GPS Receiver မှ ထို signal ကို Geographic Information Systems (GIS) စနစ်ကို အသုံးပြု၍ coordinate များဖြင့် သက်မှတ်ဖေါ်ပြမည်ဖြစ်သည်။ ဂျီပီအက် ဖန်သားပြင်ရှိ ကမ္ဘာ့မြေပုံအောက်တွင် (X,Y,Z) coordinate များဖြင့် ဖော်ပြနေပြီး ဖန်သားပြင်ပေါ်တွင် မိမိရောက်ရှိနေသော တည်နေရာကို တိတိကျကျ ဖော်ပြနိုင်ပါလိမ့်မည်။ မူလပထမဆုံး ဂျီပီအက်စ် များ ပေါ်ပေါက်ခါစတွင် ဖန်သားပြင်ပေါ်ရှိ တည်နေရာနှင့် တည်နေရာ အစစ်အမှန်မှာ ၅၀ မီတာမှ၊ ၁၀၀ မိတာ ထိ ကွာဟမှုရှိသော်လည်း ယခုအခါတွင် ၅ မီတာအတွင်းနှင့် ၎င်းထက် လျှော့နည်းတိကျစွာ ဖော်ပြနိုင်ပြီ ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် ၁၀၀ မီတာခန့် ကွာခြားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ၁၀ မီတာထိ လျှော့ချနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ကွာခြားမှု လုံးဝမရှိသလောက်ထိ တိတိကျကျစွမ်းဆောင်နိုင်ခဲ့ပြီး အလွန်ဆုံးကွာခြားပါကလည်း ၁ မီတာသာ ကွာခြားမှု ရှိတော့သည်။
ဂြိုဟ်တုမှ ဂျီပီအက်စ် အန်တင်နာသို့ signal ရောက်ရှိချိန်
Global Positioning System
What is GPS+ Technology?
No comments:
Post a Comment
daweiit@gmail.com