ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Thursday, 1 September 2011

Facebook ဘယ်ကနေ ငွေရသလဲ (သို့မဟုတ်) Facebook မှာ ဘယ်လိုကြော်ငြာမလဲ

Facebook ဘယ်ကနေ ငွေရသလဲ (သို့မဟုတ်) Facebook မှာ ဘယ်လိုကြော်ငြာမလဲ


အဲဒီမေးခွန်းကို အင်တာနက်အသုံးပြုတဲ့သူတစ်ယောက်ကို မေးလိုက်ရင် ဟာ ဒါများဗျာ ကြော်ငြာကနေ ရတာ နေမှာပေါ့လို့ ဖြေမယ်ထင်ပါတယ်။ ဟုတ်ပြီ။ ကြော်ငြာကနေရတယ်ဆိုရင် Facebook ကနေ ကြော်ငြာတာ ဘာတွေများ တွေ့ဖူးသလဲလို့ စာရေးသူ ပြန်မေးချင်ပါတယ်။ စာရေးသူကိုယ်တိုင် Facebook ကြော်ငြာတွေကို မတွေ့ဖူးပါဘူး။ အဲဒါကြောင့် Facebook ကြီး ဘယ်ကနေများ ငွေတွေရပါလိမ့်ဆိုပြီး တွေးရင်း တွေးရင်းနဲ့ ခေါင်းခြောက်ခဲ့ရပါတယ်။ နောက်ဆုံးမှ အဖြေကို သိခဲ့ရပါတယ်။
ဒီလိုပါ။ Facebook မှာ စာရေးသူတို့ ဓာတ်ပုံတွေ၊ Status တွေ Share လုပ်ကြတယ် မဟုတ်လား။ စာရေးသူတို့ တင်လိုက်တဲ့ Status ထဲမှာ ပါတဲ့ Keywords တွေကိုကြည့်ပြီးတော့ ဒါမှမဟုတ် Comments တွေကို ကြည့်ပြီးတော့ Facebook က Wall ရဲ့ ညာဘက်မှာ အဲဒီ Keywords တွေနဲ့ သက်ဆိုင်တဲ့ ကြော်ငြာထိုးပါတယ်။ ဒါပေမဲ့ Facebook သုံးတဲ့ မြန်မာပြည်သူ ပြည်သားများက တင်လိုက်ရင် မြန်မာလိုပဲ ရေးပြီး တင်ကြတာများတော့ Facebook ကြီးခမျာ ဘာကြော်ငြာ မှ ထိုးခွင့်မရဘူး ဖြစ်တော့တာပါပဲ။ Facebook ကတော့ တွေးချင်တွေးနေပါလိမ့်မယ်။ မြန်မာပြည်သူ ပြည်သားတွေ Facebook သုံးခွင့်ပေးတာ ငါတို့ရှုံးတယ်ဟလို့ပေါ့။
ပုံမှာပြထားတာကတော့ Google Images ကို အသုံးပြုပြီး ရှာတွေ့ထားတဲ့ Facebook ရဲ့ ကြော်ငြာထိုးပုံလေးပါ။ ညာဘက်မှာ ကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်။ User က တင်ထားတဲ့ Status နဲ့ သက်ဆိုင်တဲ့ ကြော်ငြာတွေပေါ့။

ကဲ အဲဒီလို ကြော်ငြာတွေ ဘယ်လိုထည့်မလဲဆိုတာကိုတော့ လုပ်ငန်းရှင်တွေ စိတ်ဝင်စားမယ်နဲ့ တူပါတယ်။ Facebook မှာ ကြော်ငြာခြင်းဟာ တခြားနေရာမှာ ကြော်ငြာတာနဲ့ မတူပါဘူး။ သူက ကိုယ် ပစ်မှတ်ထားချင်တဲ့ သူတွေအားလုံးဆီကိုပဲ ရောက်ပါတယ်။ ဥပမာ အမျိုးသမီးအလှကုန်ကြော်ငြာဟာ အမျိုးသားတွေဆီ မရောက်ပါဘူး။ ပြီးတော့ ကြော်ငြာခ ပေးရတဲ့ပုံစံကလည်း User က ကိုယ့်ကြော်ငြာကို နှိပ်လိုက်မှ ပေးရတဲ့ CPC ပုံစံပါ။ နောက်ပြီး တစ်ရက်ကို ကြော်ငြာအတွက် ငွေဘယ်လောက်သုံးမယ်ဆိုပြီးတော့လည်း သတ်မှတ်ထားနိုင်ပါတယ်။ ကိုယ့် ကြော်ငြာရဲ့ Budget ကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး အဲဒီ Budget ကို Facebook က ကိုယ် Target ထားတဲ့ Customer တွေဆီမှာ ပြသပေးမှာပါ။
အောက်မှာပြထားတဲ့ပုံကတော့ Facebook မှာ ကြော်ငြာထည့်ဖို့အတွက် ပထမဆုံး Budget ဖန်တီးတဲ့အခါ Facebook က တောင်းခဲ့တဲ့ အချက်အလက်တွေပါ။

လိုအပ်တဲ့အချက်အလက်တွေ ဖြည့်ပေးလိုက်တဲ့အခါ အောက်မှာနမူနာပြထားသလို Budget တစ်ခု ရလာပါတယ်။

အခုပုံကတော့ Targeting ပါ။ ကိုယ်က ဘယ်နိုင်ငံကလူတွေကို အဓိကထားပြီး ကြော်ငြာချင်တာလဲ၊ ဘယ် အသက်အရွယ်၊ ကျားမ၊ ဘယ်လိုဟာတွေ စိတ်ဝင်စားတဲ့သူတွေ စသည်တို့ကို ဖြည့်စွက်ပေးနိုင်ပါတယ်။  အဲဒီအချက်အလက်တွေ ဖြည့်ပေးလိုက်တာနဲ့ ကိုယ့် ကြော်ငြာက လူသန်းပေါင်း ဘယ်လောက်ဆီ ရောက်သွားနိုင်တယ် ဆိုတာကို Facebook က estimate တွက်ပေးပါလိမ့်ဦးမယ်။

နောက်ဆုံးမှာတော့ ကြော်ငြာအတွက် တစ်ရက်ကို ငွေဘယ်လောက်သုံးမလဲ၊ Customer က ကိုယ့်ကြော်ငြာကို နှိပ်လိုက်ရင် ကိုယ်က Facebook ကို ငွေဘယ်လောက်ပေးရမလဲ စတာတွေကို Facebook က တွက်ချက်ပေးပါလိမ့်ဦးမယ်။
ကဲ Facebook မှာ ကြော်ငြာကြည့်ကြပါစို့လား။ စိတ်မကောင်းစရာတစ်ခုကတော့ Targeting မှာ မြန်မာပြည်ရဲ့ Customer တွေကို ကြော်ငြာခွင့် မရှိတာပါပဲ။

No comments:

Post a Comment

daweiit@gmail.com