ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 30 August 2011

သိကောင်းစရာ window registry




From: thurein .mm <thurein.co.mm@gmail.com>
Date: 2011/6/23
Subject: [mrsorcerer:5862] သိကောင်းစရာ window registry



window registry editor ဆိုတာ registyr ကိုတည်းဖြတ်ပြုပြင်တဲ့ ပရိဂရမ် ဖြစ်ပါသည် ။ သူ့ကို ဖွင့်ဖို့အတွက် Start Menu >> Run >> regedit လို့ရိုက်ထည့်ပီး Enter ခေါက်လိုက်ပါ ။

Subrtree (Higt Level Key) အဓိကလုပ်ဆောင်ချက်
HKEY_CURRENT_USER လက်ရှိ logon ၀င်၍ အသုံးပြုနေသော User နှင့် သက်ဆိုင်သော အချက်အလက်များ ဖော်ပြပေးသည် ။ လက်ရှိ user ၏ Folder များ ၊ Screen Color များ ၊ Control Panel Settings များကို ယင်းတွင် သိမ်းဆည်းထားသည် ။
HKEY_CURRENT_ROOT Software များနှင့် ယင်း Software များကို မည်ကဲ့သို့ဖွဲ့စည်း ထားကြောင်း ဖော်ပြပေးသည် ။ ယင်း High Level Key သည် HKEY_LOCAL_MACHINE Hight Level Key ၏ Subkey တစ်ခုဖြစ်သည် ။ ယင်းတွင်သိမ်းဆည်းထားသော အချက်အလက်များသည် Windows Explorer အသုံးပြုပြီး ဖိုင်တစ်ဖိုင်ကို သင်ကဖွင့်လိုက်သည့်အခါ ထင်းဖိုင်နှင့်သက်ဆိုင်သော မှန်ကန်သည့် ပရိုကရမ်းကို ဖွင့်ရန်စီစဉ်ပေးသည် ။
HKEY_CURRENY_CONFIG လက်ရှိ Active ဖြစ်နေသော Hardware Configuration များကို ဖော်ပြပေးသည် ။ ၄င်းကောင်းသည် HKEY_LOCAL_MACHINE High Level Key ၏ Subkey နှစ်ခုဖြစ်သော Software နှင့် System တို့တွင် ပါဝင်သည့် Data များကို ထုတ်နုတ် ဖော်ပြထားခြင်း ဖြစ်သည် ။
HKEY_USERS လက်ရှိ log on ၀င်နေသော User ၏ ID နှင့် Log on Screen ကိုတည်ဆောက်ရန် လိုအပ်သော အချက်အလက်များကို ဖော်ပြထားပေးသည် ။ ယင်း High Level Key တွင်ကွန်ပျူတာရှိ User အားလုံး၏ Profile များကို သိမ်းဆည်းထားသည် ။ HKEY_CURRENT_USER High Level Key သည် HKEY_USERS Hight Level Key ၏ Subkey တစ်ခုဖြစ်သည် ။
HKEY_LOCAL_MACHINE OS စတင်ရန် အသုံးပြုသော Device များ Device Driver များနှင့် သက်ဆိုက်သော Data များအပါအ၀င် ကွန်ပျူတာနှင့် ပက်သက်သော Configuration Data အားလုံးကို ဖော်ပြထားသည် ။ မတူညီသော User များ ၊ log on ၀င်နေချိန်တွင် ထင်း High Level Key ရှိ အချက်အလက်များကို ပြုပြင်ပြောင်း လဲမပေးပါ။

Registry အားသိမ်းဆည်းသည့်နေရာ
Registry ဖိုင်များကို %System Root% \System 32 \ Config ဆိုတဲ့ Folder မှာသိမ်းထားပါတယ် ။ %System Root% ဆိုတာက System ဖိုင်တွေရှိတဲ့ Folder ကိုပြောတာပါ ။ Windows NT နှင့် Windows 2000 မှာဆိုရင် Registry ဖိုင်တွေကို C:\Win NT\System 32\Config ဆိုတဲ့ Folder အောက်မှာရှိမှာပါ ။ Window XP နဲ့ Window Server 2003 မှာတော့ C:\Windows\System 32\Config ဆိုတဲ့ Folder အောက်မှာရှိမှာပါ ။ Windows OS ဟာ Registry ဖိုင်တွေကိုတော့ %System Root%\Repair ဆိုတဲ့ Folder မှာသိမ်းထားပါတယ် ။

Registry အားပြင်ဆင်ခြင်း
Registry အားပြင်ဆင်ဖြင်း (Registry Editing) ဆိုတာဟာ Registry Editor Program အသုံးပြုပြီး ကွန်ပျူတာမှာ မိမိလိုချင်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်ခြင်း ဖြစ်ပါသည် ။ သာမန်အားဖြင့် Windows ဟာသူ့ရဲ့ Setting တွေကို Start >> Setting >> Control Panel ကနေတဆင့် ပြင်ခွင့်ပေးပါသည် ။ Control Panel ကနေပြင်ဆင်ခွင့်ပေးထားတဲ့ Setting တွေဟာ သာမန်အားဖြင့် OS အတွက်သိမ်အရေးမကြီးတဲ့ Setting တွေပဲဖြစ်ပါတယ် ။ အရေးပါတဲ့ Setting တွေကို သာမန် User တွေက မှားယွင်းပြီး ဖျက်မိရင် OS တစ်ခုလုံးကို ထိခိုက်စေနိုင်လို့ ဖြစ်ပါသည် ။ ဒါကြောင့် အရေးပါတဲ့ Setting တွေကို Registry မှာဝင်ပြင်ရပါတယ် ။
Registry ကိုဝင်ပြင်ဖို့အတွက် Registry Editor ဆိုတဲ့ Program သုံးပြီး ပြင်ရပါတယ် ။ Progrfm တွေကို ပုံမှန်အားဖြင့် Start >> Programs ဒါမှမဟုတ် Start >> All Program ကနေဖွင့်နိုင်အောင် Window ကစီစဉ်ထားပါတယ် ။ ဒါပေမဲ့ Registry Editor ဟာအရေးကြီးတဲ့ Program ဖြစ်လို့ Start >> Programs အောက်မှာမတွေ့ရပါ ။ Start >> Run ကနေ Run Dialog Box ကျလာမှ regedit ဆိုတဲ့ စာသားရိုက်ထည့်ပြီး Enter နှိပ်လိုက် ရင် Registry Editor ပွင့်လာမှာဖြစ်ပါတယ် ။ Run Dialog Box ကို Window logo Key နဲ့ R (Win+R) ခလုပ်ကို တစ်ပြိုင် တည်းတွဲနှိပ်ရင် လည်းရပါတယ် ။ ပီးမှာ regedit ဆိုတဲ့စာသား ရိုက်ထည့်ပီး Enter နှိပ်လိုက်ရင် Registry Editor Window ပွင့်လာမှာဖြစ်ပါတယ် ။
Registry ကိုဝင်ပြင်တယ်ဆိုတာက တကယ်တော့ Registry Editor ထဲကိုဝင်ပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းအ ဆင့်ဆင့် သွားပြီး လိုချင်တဲ့ SubKey ကိုရောက်တဲ့အခါ သူ့မှာရှိတဲ့ တန်ဖိုး (Value) တွေကို ပြင်ဆင်ခြင်းဖြစ်ပါသည် ။ Subkey တစ်ခုရဲ့ Value တွေကို Registry Editor Window ရဲ့ ညာဘက်က Topic Area မှာမြင်နိုင်ပါတယ် ။ Value တစ်ခုကို အစိတ်အပိုင်း (၃)ခု ပိုင်းနိုင်ပါတယ် ။ Value Name , Data Type နဲ့ Data တို့ပဲဖြစ်ပါသည် ။
HKEY_LOCAL_MACHINE >> Hardware >> Description >> System ဆိုတဲ့ Subkey ကို ဘယ်ဘက်က Navigation Area မှာ ပြထားပီး Topic Area မှာတော့ System ဆိုတဲ့ Subkey အောက်မှာရှိတဲ့ Value (9) ခုကိုပြထားပါသည် ။ ဒါကြောင့် Subkey တွေမှာရှိတဲ့ တန်ဖိုးတွေရဲ့ Data Type(6) မျိုးကို သိဖို့လိုပါတယ် ။

Data Type ဖော်ပြချက်
REG_BINZTY Raw Binary Data ဖြစ်သည် ။ Hardware အများစု၏ သတင်းအချက်အလက်များအား ကွန်ပျူတာတွင် Binary Data များအဖြစ်သိမ်းဆည်းမှတ်သား ထားသော်လည်း Registry Editor တွင်ဖော်ပြရာတွင် အကျဉ်းချုံးဖော်ပြနိုင်ရန် Hexa Decimal ပုံစံဖြင့် ပြသပေးသည် ။
REG_DWORD ကွန်ပျူတာတွင် 4 Byte အရှည်ရှိသော ဂဏန်းတစ်ခုအနေဖြင့် သိမ်းဆည်းသည် ။ Device Driver များ ၊ Service များနှင့် သက်ဆိုင်သော သတ်မှန်ကန့်သတ်ချက် (Parameter) များကို ထို Date Type ဖြင့် ဖော်ပြလေ့ရှိသည် ။ Registry Editor တွင်ဖော်ပြရာတွင် Binary သို့မဟုတ် Hexadecimal သို့မဟုတ် Decimal ပုံစံတစ်မျိုးမျိုးဖြင့် ဖော်ပြလေ့ရှိသည် ။
REG_EXPAND_SZ အလျားသတ်မှန်ချက် ပြောင်းလဲနိုင်သော အက္ခရာ စဉ်တန်းတစ်ခုဖြစ်သည် ။ ပရိုဂရမ် တစ်ခုသို့မဟုတ် Service တစ်ခုက Data ကို အသုံး ပြုသည့် အခါ ပြေလည်အောင် ဖြေရှင်းပေးသည့် ကိန်းရှင် (Variable) များသည် ယင်း Data Type အမျိုးအစားတွင် ပါဝင်သည် ။
REG_MULTI_SZ Multiple Srting အမျိုးအစား ဖြစ်သည် ။ User များကဖတ်ရှု့နားလည်နိုင်သည့် ပုံစံဖြင့်တည်ရှိသော အက္ခရာများအကြား တွင် နေရာလွတ်များ ၊ ကော်မာများနှိင့် အခြားအမှန် အသားများ ပါရှိသည် ။
REG_SZ စာသားများသာ ပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ် တန်းတစ်ခုဖြစ်သည် ။
REG_FULL_RESOURCE_DESCRIPTOR Hardware အစိတ်အပိုင်းတစ်ခု သို့မဟုတ် Driver တစ်ခုအတွက် Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုဖြစ်သည် ။

Value တစ်ခုအသစ် ထည့်သွင်းခြင်း
Registry ကိုဝင်ပြင်တယ်ဆိုတာ Registry Editor မှာသတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း (ဥပမာ HKEY_CURRENT_USER >> Software >> Microsoft >> Windows >> Current Version >> Policies) အဆင့်အဆင့် သွားပြီးတော့ လိုချင်တဲ့ Sub Key ရောက်တဲ့အခါ သူ့မှာရှိတဲ့ Value တွေကို ၀င်ပြင်ခြင်းဖြစ်ပါတယ် ။ လိုခြင်တဲ့ Subkey ရောက်လို့ ညာဘက်က Topic Area မှာကိုယ်လိုချင်တဲ့ Value မရှိလို့ အသစ်ထည့်ချင်ရင် Sub Key ကို Right Click နှိပ်လိုက်ပါ ကျလာတဲ့ Cascade Menu မှာ New ကို Pointer ထောက်ရင် Submenu တစ်ခုထပ်ပေါ်လာပါမည် ။ အဲ့ဒီထဲမှလိုချင်တဲ့ Data type ကိုရွှေးရမှာ ဖြစ်ပါသည် ။ DWORD Value ကိုရွှေးပြီး နှိပ်လိုက်တဲ့အခါ ညာဘက်မှာ New Value#1 ဆိုပြီးပေါ်လာပါမယ် ။ အဲ့ဒီအခါ မိမိသတ်မှတ်ချင်တဲ့ အမည်စာသားများ ရိုက်ထည့်ရင် Value အသစ်တစ်ခု ရရှိမှာ ဖြစ်ပါသည် ။

Value တစ်ခုတွင် Data ထည့်သွင်းခြင်း
အပေါ်ကအတိုင်း Value အသစ်တစ်ခုရပါပြီ ။ ဥပမာ မိမိ ရဲ့ Task Bar ကိုသူများ ၀င်ပြင်တာမကြိုက်လို့ မပြင်နိုင်အောင် NoSetTaskbar ဆိုတဲ့ Value အသစ်တစ်ခု ထပ်ဖြည့်တာပါ ။ သူရဲ့ Default Data ကသုည ဖြစ်ပါတယ် ။ ဒီအတိုင်းပဲထားလိုက်ရင် ဘာမှထူးခြားမှုမရှိပါဘူး ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ Value မှာ Date ကသုညဖြစ်ရင် Taskbar ကို Right-Click နှိပ်လိုက်ပါ ကျလာတဲ့ Menu က Properties ကို သွားပြီးပေါ်လာတဲ့ Taskbat and Start Menu Properties Dialobox မှာ ၀င်ပြင်နိုင်မှာ ဖြစ်ပါတယ် ။ Value အသစ်မဖြည့် ခင်အခြေအနေအတိုင်းပဲ ရှိနေမှာဖြစ်ပါတယ် ။ အလုပ်လုပ်အောင် Value Name ကို Right-Click နှိပ်ပီး ကျလာတဲ့ Cascade Menu မှာ Modify ကို ကလစ်နှိပ်ရင် Edit DWARD Value Box ကျလာပါလိမ့်မယ် 1 (တစ်) လို့ရိုက်ထည့်ပြီးတော့ OK ခလုပ်ကို နှိပ်လိုက်ရင် ညာဘက်က Topic Area ရဲ့ Data မှာ သုညကနေ တစ်ဖြစ်သွားပါပြီး ။
ကွန်ပျူတာကို Refresh (သို့) F5 လုပ်လိုက်တာနဲ့ စတင်အကျိုးသက်ရောက် Effect ဖြစ်ပြီး Taskbar ကို Right-Click >> Porperties ကိုရွေးရင် Dialogbox ကျမလာပဲ Restrictions Box ပဲကလောမှာဖြစ်ပါတယ် ။

Sunkey တစ်ခုအသစ် ထည့်သွင်းခြင်း
တစ်ခါတစ်ရံမှာ မိမိလုပ်ချင်တဲ့ ကိစ္စအတွက် လမ်းကြောင်းအတိုင်း အဆင့်ဆင့် ဆင်းသွားတဲ့အခါ နောက်ဆုံး Subkey တစ်ခုလိုနေတာကို တွေ့ရတက်ပါတယ် ။ ဥပမာ My Computer ကို Start Menu မှာဖြောက်ထားချင်လို့ HKEY_CURRENT_USER >> Software >> Microsoft >> Windows >> Current Version >> Policies >> NonEnum ဆိုတဲ့ လမ်းကြောင်းအတိုင်းဆင်းသွားတဲ့
အခါ Policies ဆိုတဲ့ Subkey ရဲ့အောက်မှာ NonEnum မရှိပဲ Explorer ပဲတွေ့ရမှာဖြစ်ပါတယ် ။
Subkey အသစ်တစ်ခုထည့်ဖို့အတွက် မိမိထည့်ချင်တဲ့ Subkey ရဲ့ အထက်မှာ ရှိတဲ့ Subkey ကို Right-Click >> New >> Key ကိုနှိပ်လိုက်ပါ New Key # 1 ဆိုတဲ့ အပြာရောင်စာသားပေါ်လာပါလိမ့်မယ် ။ အဲ့ဒီနေရာမှာ မိမိလိုချင်တဲ့စာသား NomEnum ကိုရိုက်ထည့်ပြီး Enter နှိပ်လိုက်ရင် Policies ဆိုတဲ့ Sunkey အောက်မှာ NonEnum ဆိုတဲ့ Subkey တစ်ခုကိုမြင်ရမှာဖြစ်ပါတယ် ။

Key တစ်ခုသို့မဟုတ် Value တစ်ခုအား အမည်ပြောင်းခြင်း
Key တစ်ခုသို့မဟုတ် Value တစ်ခုကို အမည်ပြောင်းပေးချင်ရင် ပြောင်းခြင်တဲ့ Key တစ်ခု သို့မဟုတ် Value တစ်ခုကို Right-Click >> Rename လုပ်လို့ရပါတယ် ။
Key တစ်ခုသို့မဟုတ် Value တစ်ခုအား ဖျက်ခြင်း
Right-Click >> Delete (သို့မဟုတ်) ကီးဘုတ်ပေါ်ကနေ Delete နှိပ်လည်းရပါတယ် ဘာကြောင့်လည်းဆိုတော့ အပေါ်မှာ ခြောက်ထားတာတွေနဲ့ အကြောင်လွန်ပီး မလုပ်ရဲတော့မှာဆိုးလို့ ရှင်းပြလိုက်တာပါ ။
Copy Key Name ကတော့ Key တစ်ခုကို Copy ကူးတာပဲဖြစ်ပါတယ် ။

Key တစ်ခုအား Favorites Menu တွင်ထည့်ခြင်း နှင့် ဖျက်ခြင်း
Registry Key တစ်ခုရဲ့ အမည်ဟာ အလွန်ရှည်လျှားပြီး လမ်းကြောင်းအတိုင်းအဆင့်ဆင့် သွားရတာ ကြာပါတယ် ။ မှားယွင်းမှုတွေလည်း ဖြစ်နိုင်ပါတယ် ။ ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ မိမိကြိုက်နှစ်သက်တဲ့ / မကြာခဏသုံးဆွဲတက်တဲ့ Key တစ်ခုကို Registry Editror ရဲ့ Favorites Menu မှာထည့်နိုင်ပါတယ် ။ ပထမဆုံး မိမိ နှစ်သက်ရဲ့ Key Name ရဲ့ နောက်ဆုံး Subkey သို့မဟုတ် Value Name ကို Selecet မှန်ပါ ပြီးတော့ Registry Editor ရဲ့ နောက်ဆုံ Menu Bar မှာရှိတဲ့ Favorites ကိုကလစ် နှိပ်ရင် Submenu တစ်ခုကျလာပါမယ် ။ အဲ့ဒီ Submenu က Add to Facorites ကို ကလစ်နှိပ်လိုက်ရင် Add To Favorites Dialogbox ကျလာပါမယ် ။ Favorite name: နေရာမှာ မိမိနှစ်သက်ရာနာမည်ကို ထည့်သွင်းမှတ်သားထားနိုင်ပါတယ် ဥပမာ CPU Name Change ဆိုပီးပေါ့ ပြီးတာ့နဲ့ OK ကိုနှိပ်လိုက်ပါ ။ ပြီးရင် Facorites Menu ကိုဖွင့်ကြည့်လိုက်ပါ မိမိရိုက်ထားသော နာမည်ပေါ်နေမှာဖြစ်ပါတယ် ။ Remove Favorite ကတော့ မှတ်ထားသောစာများကို ပြန်ဖြစ်ခြင်းဖြစ်သည် ။ Select မှတ်ပီး OK နှိပ်လိုက်ရင် ရပါပီ ။

Registry အား Backup and Restore ပြုလုပ်ခြင်း
Registry ကိုပြင်တာဟာ တကယ်တော့ အန္တရာယ် များတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ် ။ ပြင်တာအခန့်မသင့်ရင် Window မတက်တော့တဲ့အထိ ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် Registry မှာပြင်ဆင်ပြောင်းလဲမှုတွေ မလုပ်မီ Backup အမြဲလုပ်ပါ ။ Registry ကို သီးခြား Program တွေကိုအသုံးပြု ပြီး Backup လုပ်နိုင်သလို Registry Editor မှာတင် Backup လုပ်ပေးနိုင် ၊ Restore လုပ်ပေးနိုင်ပါတယ် ။ Backup လုပ်ဖို့အတွက် Menu Bar မှာရှိတဲ့ File >> Export ကိုနှိပ်လိုက်ပါ Export Registry File လေးကျလာပါလိမ့်မယ် Save မှတ်မယ့်နေရာနဲ့ နာမည်(file name)ကို ရွှေးချယ်ရေးသားလိုက်ပါ ပီးရင် Save as type နေရာမှာ .reg ဖိုင် သို့မဟုတ် .txt ဖိုင် ကိုရွှေးပီးတော့ Save လိုက်ပါ ။
Registry ကို Import လုပ်တယ်ဆိုတာ ယခင် Backup လုပ်ထားတဲ့ Registry file တွေကို Restore ပြန်လုပ်တာ ဖြစ်ပါတယ် ။ File Menu မှာရှိတဲ့ Import ကိုကလစ်နှိပ်လိုက်ပါ Import Registry File Dialogbox ပေါ်လာမှာ ဖြစ်ပါတယ် ။ ယခင် Save ထားတဲ့ .txt ဖိုင်ကို ပြန်ရှာပီးတော့ Select မှတ်ပေးပီး Open ကိုနှိပ်လိုက်ပါက အလိုအလျှောက် Restore ပြန်လုပ်သွားမှာဖြစ်ပါသည် ။
.reg နဲ့ save ထားပါက ထိုဖိုင်ကို Double click နှိပ်လိုက်တာနဲ့ အလိုအလျှောက် Restore လုပ်သွားမှာဖြစ်ပါတယ် ။ ပီးလျှင် registry Editor ဆိုတဲ့ Box လေးတစ်ခုကျလာမှာဖြစ်ပါတယ် အဲ့မှာ OK နှိပ်ပေးလိုက်ရင် Restore လုပ်ငန်ပီးဆုံးသွားပါပီ ။

Registry ကြောင့် Window မတက်တော့ရင်
registry ကို restore သို့မဟုတ် Backup လုပ်တာဟာ window ကောင်းနေစဉ်မှာပဲ လုပ်လို့ရပါတယ် ။ အကယ်၍ registry မှားပြင်လို့ window မတက်တော့ရင်ဘယ်လို့လုပ်မလည်း ? အစကတည်းက ကြိုတင်စီစဉ်ထားဖို့တော့လိုပါတယ် အရင်ဆုံး window ကောင်းနေစဉ်မှာ window ကအလိုအလျှောက် Backup လုပ်သိမ်းထားဖို့လိုပါမယ် ။ အလိုအလျှောက် Backup လုပ်ထားတဲ့
%System Root% အောက်က Rrepair Folder ကိုသွားပါ ။ ပြီးတော့ registry Backup ဆိုတဲ့ Folder အလွတ်တစ်ခုကို Repair အောက်မှာဆောက်ပါ ။ ဘယ်နေ့က Backup လုပ်ထားတာလဲဆိုတာ ကို သိအောင် Folder Name နေရာမှာ ရက်စွဲထည့်ခြင်းသည် အကောင်းဆုံးလို့ပြောပါရစေ ။ ပြီးရင် registry ဖိုင် ၅ ဖိုင်ဖြစ်တဲ့ Default ၊ SAM ၊ SECURITY ၊ Software နဲ့ System တို့ကို %System Root% အောက်က Repair Folder ကနေ Copy ကူးပြီး Registry Backup Folder မှာ Paste လုပ်သိမ်းထားလိုက်ပါ ။
Window မတက်တော့တဲ့အခါ Hardisk ကိုဖြုတ်ပြီးတော့ အခြားကွန်ပျူတာ တစ်လုံးမှာ Slave အနေနဲ့တပ်ပီးတော့ သူငယ်ချင်းရဲ့ Hardisk က Window OS ရှိတဲ့ Partation ဟာယခင် " C: " ဖြစ်ပေမယ့် အခြား ကွန်ပျူတာမှာ တခြား Drive Letter အနေနဲ့ပေါ်မှာဖြစ်ပါတယ် ။ ဒါကြောင့် Drive Letter ကို မိမိ Window OS မှာရှိတဲ့ Partation ရဲ့ Drive Letter ကို မှန်ကန်အောင်ရှာပြီးတော့ အဲ့ Drive Letter အောက်က %System Root% (window) အောက်က System 32 အောက်က Config Folder ကိုသွားပါ ။ Config Folder အောက်မှာရှိတဲ့ registry ဖိုင် ၅ ဖိုင်ကိုဖျက်ပါ ။ ပြီးရင် မိမိ Hardisk ရဲ့ယခင် Backup လုပ်ထားသော %System Root%(Window) => Repair Folder => registry Backup => အောက်နားက ရက်စွဲပေးထားတဲ့ Folder (သို့) မိမိ Backup လုပ်ထားခဲ့သော Folder နေရာမှ registry ဖိုင် ၅ ဖိုင်ကို Copy ပြန်ကူးလားပြီး စောစောက ဖြတ်လိုက်သောနေရာတွင်ပြန် Paste လိုက်ပါ ။ အားလုံးပြီးဆီးသွားပါက Hardisk ကို ပြန်ဖြုတ်၍မိမိကွန်ပျူတာတွင် ပြန်လည်တပ်ဆင်လိုက်ပါ registry ကြောင့် window မတက်တော့တာဖြစ်သောကြောင့် သေခြာပေါ်က် window ပြန်တက်လာပါလိမ့်မယ် ။
Hardisk ကိုဖြုတ်လိုက် ပြန်တပ်လိုက်လုပ်ရတာ အဆင်မပြေဘူး အလုပ်ရှုပ်တယ်လို့ထင်ရင်တော့ Ultimate Recover CD တစ်ချပ်ကိုဆောင်ထားလိုက်ပါ ။ Window မတပ်တော့ရင် CD-Room ထဲသို့ခွေထည့်လိုက်ပါ ပြီးလျှင် BIOS Setting မှာ CD-Room ကို First Boot Device ထားပီးတော့ Save and exit ကိုနှိပ်လိုက်ပါ ကွန်ပျူတာ restart ကျသွားပါလိမ့်မယ့် ပြန်တပ်လာသောအခါတယ် CD-Room ဖြင့် Boot တပ်မလားလို့မေးလာပါလိမ့်မယ် ပီးတော့ အစက်ကလေး ငါးစက်မပြည့်ခင်မှာ ကီးဘုတ်ပေါ်က တစ်ခုခုနှိပ်ပေးလိုက်ပါ ခွေဖြင့် Boot တပ်မည်လို့ အကြောင်း ပြန်လုက်တာနဲ့တူတူပါပဲ ထိုအခါ Ultimate Recover CD ရဲ့ Main Window တက်လာပြီးတော့ Menu တစ်ခုပေါ်လာပါလိမ့်မယ် Winternal ERD Commander ကိုကလစ်နှိပ်လိုက်ပါ ။ Winternal ERD Commander တက်လာတဲ့အခါ နည်းနည်းကြာနိုင်ပါတယ် ပြီးတော့ Start Menu => System Tools => System restore ကိုဖွင့်လိုက်ပါ ပြီးတော့ System Restore ပြန်သွားမှာဖြစ်ပါတယ် တစ်နည်းအားဖြင့် ကွန်ပျူတာရဲ့ အချိန်ကို နှောက်ပြန်ဆုတ်တာပဲဖြစ်ပါတယ် ။
System Restore => Next အဆင့်အတိုင်းနှိပ်လိုက်ပါ ပြီးရင် Select Task Page ကျလာပါလိမ့်မယ် အဲ့နားက Roll Back to an existing restore point created by Window radio Buttom ကိုရွှေးပြီးတော့ Next ကိုနှိပ်လိုက်ပါ Select a Restore Point Page ကျလာပါလိမ့်မယ် ဘယ်ဘက်နားက On This Calendar စာသားရှေ့ကမြားလေးကို နှိပ်ပေးရပါမယ် ။ လက်ရှိလမှာ restore point လုပ်ထားတာရှိရင် အမဲရောင်ဘဲဥပုံကလေးဖြစ်နေပါမယ် ။ restore point တွေကို ရွှေ့ကြည့်လိုက်ပါ ပြီးတော့ ယခင်ပြန်သွားမယ့် အချိန်ကို ပေါ့ ရွှေးချယ်လိုက်ပြီးတော့ next ကို နှိပ်လိုက်ပါ ။ Performing Restore Page ပေါ်လာပြီးတော့ Setting တွေကို auto update လုပ်ပါလိမ့်မယ် ။ update complete page ပေါ်လာတဲ့အခါမှာ Finish ကိုနှိပ်ပေးလိုက်ပါ ။ System Restore Dialogbox ပျောက်သွားပါလိမ့်မယ် ။ ပြီးလျှင် ကွန်ပျူတာအား restart ချပေးလိုက်ပါ တစ်ချို့ကတော့ အော်တိုကျသွားပါတယ် ။ ပီးလျှင် Boot တပ်မယ့်နေရာတွင် Boot From Hard Disk ကိုရွှေးပါ window ပုံမှန်အတိုင်း အလုပ်ပြန်လုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ် ။ Ultimate Recover CD သည် အခြားနေရာတွင်လည်း အသုံးပြုနိုင်ပါတယ် အကြောင်း အမျိုးမျိုးကြောင့် window မတပ်တော့ရင် ထို ခွေကို အသုံးပြုပီး window ယာယီတပ်ခိုင်းပီးတော့ ပြုပြင်ဆရာရှိတာ ပြုပြင် ကူးစရာရှိတာကူး recover လုပ်စရာရှိတာလုပ် Backup လုပ်စရာရှိတာလုပ်ပေါ့ လေ ကြိုက်တာလုပ်လို့ရပါတယ် ။ ကွန်ပျူတာအကြောင်း တစေ့တစောင်းလေ့လာမယ် Software တွေကို လေ့လာမယ့် ရှောက်စမ်းမယ်လို့ ရည်ရွည်ရင်တော့ Ultimate Recover CD လေးတစ်ချပ်ကိုတော့ ဆောင်ထားသင့်ပါတယ် ။ အရေးကြီးဆုံးအချက်ကိုမေ့တော့မလို့တော်သေးတယ် ။ ဆက်ပြောပြမယ်နော် %System Root%(Window) => Repair Folder => registry Backup ဒီနေရာလေးမှာ registry ကို Backup လုပ်ထားတာ မှတ်မိပါတယ်နော် စောစောက slave အနေနဲ့တပ်ထားတဲ့အတိုင်းပဲ ဖြတ်ပြီးတော့ စောစောက Backup လုပ်ထားတဲ့ registry ဖိုင်လေးမှာ ပြန် paste ပေးလိုက်ပါ အဲ့ကြား ထဲမှာ ဘာမှမလုပ်ထားရင်အကောင်းဆုံးပါ ဥပမာ သီချင်းဖွင့်ထားတာတို့ ဘာတို့ပေါ့လေ ဘာလို့လည်းဆိုရင်တော့ registry ဖိုင်ကို ဖြတ်ပစ်တာဖြစ်လို့ပါ အဆင်ပြေပါစေလို့ပြောပီးတော့ နိဂုံး ချုပ်တော့မယ်ဆိုပေမယ့် ပညာတစ်ခုကို ပြောပြခြင်နေသေးတော့ ဆက်ပြောမယ်နော် ။

System Restore Point ပြုလုပ်နည်း
စောစောကပြောလိုက်ပါတယ် System Restore ပြန်သွားမယ်ဆိုတဲ့အကြောင်း အဲ့ဒါတောင်သွားခြင်တိုင်း သွားလို့မရပါဘူး တစ်ချို့ကတော့ သွားလို့ရပါတယ် ဆိုပီးတော့ ပြောပါလိမ့်မယ် အဲ့ဒါက Software တစ်ခုသွင်းလိုက်တဲ့အခါမှာ အ်ေတို restore point လုပ်ပေးသွားတာဖြစ်ပါတယ် အဲဒါကြောင့်ပါ System Restore Point လုပ်ထားမယ်ဆိုရင် Start => all Progrem => Acessories => System Tools => System Restore ကိုဖွင့်လိုက်ပါ သို့မဟုတ် Run(win+R)တွင် Restore ကိုရိုက်ထည့်လိုက်ပါ Folder လေးတစ်ခုပွင့်လာပါလိမ့်မယ် အဲ့နားက rstrui ကိုဖွင့်လိုက်ပါ ပြီးလျှင် create a restore point ကိုရွှေး၍ next ကိုနှိပ်လိုက်ပါ Restore Point description: တွင် ကြိုက်ရာနာမည်ကို ရိုက်ထည့်၍ create ကိုနှိပ်လိုက်ပါ ပီး Restore Point Create ဆိုတာလေးပေါ်လာပါလိမ့်မယ် close ကိုပဲနှိပ်ပေးလိုက်ပါ ဒါဆိုရင် ကြိုက်သလိုကမျဉ်းလို့ရပါပြီကွန်ပျူတာကို တစ်ခုခုဖြစ်သွားခဲ့ရင်တော့ Ultimate Recover CD နဲ့ Boot တပ်လုက်ပီးနောက် system restore ကိုပြန်သွားလို့ရပါတယ် အမြဲတမ်းလည်း Ultimate Recover CD ကိုသုံးစရာမလိုပါဘူး Window မတပ်တော့မှာသာ အသုံးပြုပါ တကယ်တမ်းတော့ ကွန်ပျူတာကို ကြိုတင် စီမံထားပီးရင် ကြိုက်သလိုကလိလို့ရပါတယ် တစ်ခုခုဖြစ်ပီဆိုရင်တော့ Recover ပြန်သွားလိုက်ပေါ့ ပြောရင်းနဲ့ registry အကြောင်းကနေဘယ်ရောက်သွားမှန်းမသိတော့ပါဘူး ကဲ ပြင်းစရာ အချိန်လေးတွေကုန်ခန်းသွားပါပီ registry ကို ကိုယ်တိုင်ပြင်ဆင်ကြည့်ကြရအောင်

Registry ပြုပြင်ခြင်း
My Computer အားနာမည်ပြောင်းခြင်း
win+R(သို့)run တွင် regedit ဟုရိုက်ထည့်လိုက်ပါ ။ ပြီးတော့ ထပ်မံ သတိပေးပါရစေ registry ကို Backup လုပ်ထားပါ ။ HKEY_CURRENT_USER ကိုဖွင့်လိုက်ပါ ပီးလျှင် Software ကိုရှာလိုက်ပါတွေ့ပါက ဘေးနားလေးက အပေါင်းလက္ခနာလေးကို နှိပ်လိုက်ပါ ထပ်မံကျလာပါလိမ့်မယ် အဲ့ဒီထဲက Microsoft အောက်က Window အဲ့အောက်က CurrentVersion အဲအောက်ကို ဆက်ဆင်းလိုက်ပါ Explorer အောက်ကို ဆက်နှိပ်လိုက်ပါ ပီးတော့ CLSID ကိုနောက်ဆုံးဖွင့်လိုက်ပါ {20D04FE0-3AEA-1069-A2D8-08002B30309D} အကယ်၍ နောက်ဆုံးဖိုင်လေးကိုမတွေ့ဘူးဆိုရင်တော့ Key အသစ်တစ်ခုကို ဒီနာမည် {20D04FE0-3AEA-1069-A2D8-08002B30309D} နဲ့လုပ်ပေးလိုက်ပါ ဘယ်လိုလုပ်ရမယ်ဆိုတာကို အပိုင်း(၁) မှာရေးသားထားပါတယ် ပီးတော့ အဲ့ Key လေးကို နှိပ်လိုက်ရင် ညာဘက်နားက အကွက်လေးထဲ Default ဆိုတာလေးကို တွေ့ရပါလိမ့်မယ် အဲ့ဒါလေးကို Double Click နှိပ်လိုက်ပါ Value name ကိုဒီတိုင်းထားလိုက်ပါ Value data တွင် My Computer ကိုမိမိပြောင်းလိုသောနာမည်ကို ရိုက်ထည့်လိုက်ပါ ပြီးလျှင် registry တစ်ခုခုကိုပြင်ပြီးတိုင်း အကျိုးသက်ရောက်မှုမရှိပါက Desktop ပေါ်တွင် refresh လုပ်ကြည့်ပါ မထူးသေးပါက ctrl+Alt+Delete (သို့) Task Manager ကိုဖွင့်လိုက်ပါ ပြီးလျှင် Processes အောက် က explorer ကို End Porcesses ပေးလိုက်ပါ Desktop ပေါ်တွင် အကုန်ပျောက်သွားပါလိမ့်မယ် ပီးလျှင် ctrl+Alt+Delete (သို့) Task Manager ကိုပြန်ဖွင့်လိုက်ပါ File အောက်က New Task (Run ...) ကိုဖွင့်လိုက်ပါ Create New Task ဟူသောစာရိုက်သော အကွက်လေးကျလာပါလိမ့်မည် ထိုနေရာတွင် explorer (explorer.exe) ကိုပြန်ရိုက်ထည့်ကာ OK ကိုနှိပ်ပေးလိုက်ပါ မထူးသေးပါက ကွန်ပျူတာကို restart ချလိုက်ပါ အကြိုးသက်ရောက်မှု ရှိကို ရှိလာပါလိမ့်မယ် မရှိသေးပါက ပြင်ဆင်မှုတစ်နေရာရာတွင် လွဲချော်ခြင်းဖြစ်သည် သေခြာပြန်စစ်ဆေးကြည့်လိုက်ပါ ။ Space မခြားရတဲ့နေရာမှာ ခြားမိနေလား မျဉ်းစောင်းလေးက ဗြောင်းပြန်များ ဖြစ်နေလား အနုတ်လေးက များ မှားနေလား ဆိုတာလေးတွေကို သေခြာပြန်စစ်ဆေးကြည့်ပါ အဲ့ဒါမှအဆင်မပြေမှုများ ဖြစ်နေသေးပါက ပြန်လည်မေးမြန်းဆွေးနွေးနိုင်ပါသည် ။ နောက်ပိုင်းပြင်ဆင်မှုများကို အောက်ကလိုမျိုးသာ ရေးသာရေးသားတင်ပြသွားမှာဖြစ်သည် ။


My Computer အားနာမည်ပြောင်းချင်ရင်
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}
Name=>Default Type=>REG_SZ Data=>စိတ်ကြိုက်ပြင်ဆင်ရေးသားပါ

--
မှော်ဆရာ အဖွဲ့ 

No comments:

Post a Comment

daweiit@gmail.com