Forum Index > နည်းပညာ > Gmail မပါပဲ Invisible လုပ်ကြရအောင်
![]() | မောင်ကျောင်းသား 13 months ago ActivityRank: 1126 Gtalk ထဲမှာ Gmail မသုံးပဲ ပုန်းရအောင် ... Gtalk မှာ Invisible ဖြစ်အောင် Gmail က လုပ်တာတော့ လူတိုင်းသိပြီးသားပါနော် ။ ပုန်းနေတဲ့လူ ရှာတာလည်း သိပြီးသား နေမှာပါ။ (အခု ပြောမယ့် နည်းနဲ့ လုပ်ရင် ပုန်းနေမှန်း ရှာလို့ မသိနိုင်ပါ )။ Gmail မပါပဲ Invisible လုပ်ကြရအောင် ..။ အားသာချက်ကတော့ သုံးကြည့်ရင် သိမှာပေါ့ဗျာ .. ။ Gmail ထဲက talk ရတာ ဘယ်လောက်ဒုက္ခ ရောက်လဲ ပုန်းနေကျ လူတွေ သိမှာပေါ့။ ဒီ Software လေးက ကြာပါပြီ ။ ။ အောက် က PSI ဆိုတာလေး Download ချလိုက်ပါဦး ။ PSI ![]() အဲဒါလေး Run လိုက်ရင်ပါ။ PSI က Connection လုပ်ဖို့ တစ်ခုခု ပေါ်လာရင် Cancel ပဲ ပေးလိုက်ပါ။ အောက်ပါအတိုင်း PSI အောက်ခြေက icon လေးကို နှိပ်ပြီး Account Setup ကိုဆက်နှိပ်လိုက်ပါ။ ![]() အောက်ပါအတိုင်း ပေါ်လာတဲ့ box မှာ Add ကိုနှိပ်ပါတယ်။ ![]() Name နေရာမှာ Google talk လို့ ဖြည့်လိုက်ပါတယ်။ Add ကိုနှိပ်ပါတယ်။ ![]() ID နဲ့ Password နေရာမှာ Gmail account တစ်ခု ကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Connection ဆိုတာကို ဆက်နှိပ်ပါ။ ![]() Manually ဆိုတာကို check ပေးပြီး အောက်ပါအတိုင်း Host မှာ talk.google.com လို့ ရေးလိုက်ပါ။ ပြီးရင် Save ။ ![]() အောက်ပါအတိုင်း ဖြည့်လိုက်တဲ့ nick ကို မြင်ရပါပြီ။ Google talk ဆိုတာကို click တစ်ချက်ပေးပြီး အောက်ခြေက Offline ပြနေတာလေးကို နှိပ်ပြီး Online လို့ပေးလိုက်ပါ။ Connection လုပ်နေတာ မြင်ရပါလိမ့်မယ်။ ![]() အောက်ပါအတိုင်း ပဲ နစ် sign in ဖြစ်သွားပါပြီ။ (Gtalk ထက်ကို ပိုမြန်ပါတယ်) ပြီးရင်တော့ Google talk ဆိတဲ့ နေရာကို R-Click လုပ်ပြီး XML console ကို နှိပ်ပါ။ ![]() အောက်ပါအတိုင်း ပေါ်လာတဲ့ box မှာ Enable ကို check ပေးပြီး XML Input ကို နှိပ်ပါတယ်။ ![]() ပေါ်လာတဲ့ box မှာ ဒါလေးကူးပြီး ထည့်ပေးလိုက်ပါ။ {{{ <presence> <priority>5</priority> </presence> <presence type="unavailable"> <priority>5</priority> </presence> }}} ![]() ဖြည့်ပြီးရင် Transmit ကိုနှိပ်ပေးပါ။ ![]() အောက်ပါအတိုင်း စာလုံး အနီတွေနဲ့ ပေါ်ပါတယ်။ ခဏ စောင့်ပေးလိုက်ပါ။ ![]() အောက်က ပြထားသလို စာလုံး အ၀ါနဲ့ ပြလာပြီ ဆိုရင် Close ကို နှိပ်ပြီး ပိတ်လိုက်ပါ။ ![]() ပြီးရင်တော့ တစ်ခြား nick တစ်ခုကို Gtalk ဖွင့်ပြီး စမ်းကြည့်ပေါ့ဗျာ ..(ပြောခဲ့ ပြီးပြီနော် invisible စမ်းတဲ့ နည်းနဲ့ လည်း ပုန်းနေမှန်း မသိဘူး လို့ ။ စမ်းဖြစ်အောင် စမ်းလိုက်ဦးနော် .. ) ။ ဆက်ပြီးတော့ မြန်မာ Font ပေါ်အောင် Zawgyi ပြောင်းတာပါ ရေးပေးလိုက်ပါ့မယ်။ PSI ရဲ့ General ဆိုတာကို နှိပ်ပြီး Options ကို click ပါတယ်။ ![]() အောက်ပါအတိုင်းပေါ်လာတဲ့ box မှာ Appearance ကို နှိပ်ပါ။ Font တွေကို Choose နှိပ်ပြီး Zawgyi one ပြောင်းပေးလိုက်ပါ။ ![]() မြန်မာ စာလုံးတွေ ပေါ်လာပါလိမ့်မယ်။ အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိတာပေါ့ဗျာ ။ Gmail တစ်ခုတည်းတင်မက တစ်ခြားနေရာကလည်း Invisible လုပ်ပြီး chat လို့ရတယ် ဆိုတာ သိသွားရုံလေး ပြောပြတာပါ။ စမ်းသပ် အဆင်ပြေကြပါစေ။ ကိုသံလုံ |
No comments:
Post a Comment
daweiit@gmail.com