ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 30 August 2011

Facebook Virus ကိုကာကွယ်ဖို့ နည်းလမ်းငါးသွယ်



From: လွမ်းနေ သူ <lwan.nay.ya.thu.par@gmail.com>
Date: 2011/6/27
Subject: [mrsorcerer:5977] Fwd: Facebook






Facebook Virus ကိုကာကွယ်ဖို့ နည်းလမ်းငါးသွယ်

Posted by Myanmar Blogger Collection on 9:01 PM

Facebook Virus ကိုကာကွယ်ဖို့ နည်းလမ်းငါးသွယ်


Facebook ဆိုတာ User ပေါင်းသန်းငါးရာလောက်နဲ့ ပါတဲ့ ကမ္ဘာ့ အကြီးဆုံး Socail Network ကြီးဆိုတော့ Malware တွေ Spam Mail တွေ Virus တွေအတွက် တော့ ပစ်ကွင်းကောင်းကြီးပေါ့ဗျာ.။အဲ့လို Virus တွေဟာ Video တွေ Notes တွေ ပြီးတော့ application တွေ အို ကုန်ကုန် ပြောမယ်ဗျာ Link တွေကနေတောင် ၀င်နိုင်ပါတယ် ဗိုင်းရပ်စ်ဆိုပေမယ့် ဒီနေရာမှာ အထူးပြောချင်တာကတော့ Malware တွေနဲ့ Trojen တွေပါ… အဲ့ဒါတွေကို ကာကွယ်ဖို့ ဆိုရင်…….။

၁. Think Before you Act
Facebook ကဗိုင်းရပ်စ်တွေက မထင်မှတ်တဲ့နေရာကတောင် ရောက်လာ နိုင်ပါတယ်..။ အထူးသဖြင့် Application တွေပေါ့ဗျာ သူငယ်ချင်း တစ်ယောက်ယောက်က Application Invite လုပ်တယ်ဆိုရင်တောင် သေချာစဉ်းစားပြီးမှ လုပ်တဲ့..တိုက်ဆိုင်လို့ ပြောပါဦးမယ် ဒီကိစ္စက Facebook မှာတင် မကဘူး နေရာတိုင်းမှာ Think Before Act က ဆောင် သင့်ပါတယ် ဘာကြောင့်လဲဆိုတော့ အ Hack မခံရအောင် ကာကွယ်ဖို့ က ဒီနည်းက နည်းလမ်းကောင်းလေ…။ ဥပမာ လင့်ခ်တစ်ခုကို ၀င်လိုက်လို့ Gmail Login Page ပေါ်တာနဲ့ ပက်စ်ဝက်ရိုက်လိုက်ရင် Phishing စာမိသွားမှာပေါ့.. ထိုင်နေရမယ့်ပုံ )

. Try to avoid Links and videos with Catchy words like "funniest ever," "most hilarious video on Facebook," or "you've got to see this ရှင်းရှင်းလေးပါ သိပ်ပြီး ပြောနေစရာမလိုတော့ပါဘူး။

၃. Check the poster of the Suspicious content
ဒါကျတော့ Noteတွေကိုပြောတာဗျ ။.ဘယ် Note ဖြစ်ဖြစ်ပေါ့ဗျာ ရေးတဲ့လူ သေချာမသိရင် မနှိပ်စေချင်ဘူးတဲ့ဗျာ..။

၎.Avoid messages that have been posted by multiple users
Facebook Virus ဟာ ကျွန်တော်တို့ Friend တွေဆီမှာတောင် ကူးစက်ခံနေရနိုင်ပါတယ်..။ ( ဗိုင်းရပ်စ် ဆို ပေမယ့် Malware တွေပိုများပါတယ် )အဲ့ဒီ့ Malware တွေဟာ တကယ့်သူငယ်ချင်းက မ Tag ပဲ ကျွန်တော် တို့ Wall မှာ Tag အဖြစ်နဲ့ ရောက်ရှိနေပြီး ကျွန်တော်တို့ကလည်း ဖွင့်လိုက်တဲ့အချိန်မှာ ကူးစက်ခံရပါသတဲ့..။

၅. Do not fall for the "typical" money-transfer schemes
Facebook Chat ကနေပဲ ဖြစ်ဖြစ် Bank Acc ပက်စ်ဝက်တွေ ပေးတာ ငွေလွှဲတာကို မလုပ်သင့်ဘူးတဲ့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မသိတဲ့ Malware တွေအသင့်နေရာယူပြီးဖြစ်နေမှာဆိုးလို့ပါတဲ့ ခင်ဗျာ..။

၆. Update your anti-virus software frequently
ဒါကတော့ မထူးဆန်းလှပါဘူး ပုံမှန် Update လုပ်ပေါ့ဗျာ

Ethical Hacking Website တစ်ခုမှာ ဖတ်လိုက်ရလို့ လိုမယ်ထင်လို့ တင်ပေးလိုက်တာပါ ဘာသာပြန် ပို့စ်ဖြစ်တဲ့အတွက် စာဖတ်ရတာ တစ်မျိုး ကြီးဖြစ်နေမယ်ဆိုရင် တောင်းပန်ပါတယ်..။


Facebook မှာ ပုံတင်ရတာခက်နေလား [Facebook's Upload Email Address]
(ကွန်မကောင်းလို့ ဘာလို့) Facebook မှာ ပုံတင်ရ ခက်နေတဲ့ ညီ၊ ညီမများအတွက် ရည်ရွယ်ပါတယ်။

Facebook မှာ ပုံ၊ ဗွိဒီယို ဖိုင်တွေ တင်တဲ့ နည်း (၂) နည်း ရှိပါတယ်။

၁) ရိုးရိုးတန်းတန်း သူ့ ဝက်ပေ့ကနေ ကိုယ် FB အကောင့်ကို ဝင်ပြီး တင်တဲ့ နည်းရယ်

၂) ကိုယ့်ရဲ့ FB က ပုံတင်ဘို့ ပေးတဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာကို မေးလွှတ်ခြင်းအားဖြင့် တင်တဲ့ နည်းရယ်

ဆိုပြီး (၂) နည်း ၇ှိပါတယ်။



ခု ပြောပြမှာက ဒုတိယ နည်းပါ။ (ဆရာ လုပ်တယ် မထင်ပါနဲ့ ကြိုတောင်းပန်ထားပါ့မယ်။
ညီလေး တစ်ယောက် မေးလာတာနဲ့ တိုက်ဆိုင်တုန်း ပြောပြချင်လို့ပါ။)

Gmail ကနေ မေးအသစ်ဆောက်ပြီး တင်ချင်တဲ့ ပုံ၊ ဗွီဒီယိုကို အတက်တွဲပါ။
ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ကို To မှာ ရေးဖြည့်ပါ။
ကိုယ် ဖြစ်စေချင်တဲ့ Album ခေါင်းစဉ် ကို Subject မှာ ရေးဖြည့်ပါ။
ပြီးရင် Send လုပ်ပါ။ ခဏနေရင် FB က ကိုယ့်အကောင့်ထဲ ပို့လိုက်တာတွေ ရောက်သွားပါလိမ့်မယ်။ :)

ဒါလေးပါပဲ...။ :)

အောက်မှာ တွဲထားတဲ့ ပုံလေးတွေက ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ မရှာရသေးတဲ့ ၊ မသိသေးတဲ့ ညီ၊ ညီမများ အတွက်ပါ။ ကူရှာပေးလိုက်ပါတယ်။ ပုံကိုသာ လေ့လာကြည့်ပါ။

၁) FB က ကိုယ့် စာမျက်နှာမှာ ပုံတင်မယ်။ Photo ကို နှိပ်လိုက်ပါတယ်။ ပုံတင်ဘို့ အကွက်လည်း ပေါ်လာကော.. upload via email ကို ရွေးလိုက်ပါတယ်။
a.gif

၂) ဒါဆို အောက်က အဝါရောင် စာသားနေရာမှာ ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ပေါ်လာပါမယ်။  သုံးလို့ ရပြီပေါ့။
အကယ်၍ ခဏစောင့်လို့မှ ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ပေါ်မလာသေးရင် "Send the upload email for my page to me now." ကို နှိပ်လိုက်ပါ။ ကိုယ့် Gmail အကောင့်ကို မှန်၊ မမှန် မေးပြီးတာနဲ့ မေးလွှတ်လိုက်ပါလိမ့်မယ်။ ခဏနေ ကိုယ့် ဂျီမေးကို ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ လာပေးပါလိမ့်မယ်။
b.gif

ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ဟာ ကိုယ့်ရဲ့ တကယ့် လျှို့ဝှက် အီးမေးလ် အနေနဲ့ သာ သုံးသင့်ပါတယ်။ သူများ ပေးအသိခံရင် သူများက ကိုယ့် FB ကို မဟုတ်တာပို့ရင် ခံရပါလိမ့်မယ်။ ဂရုတစိုက် သုံးပါ။ ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ သူများ သိသွားပြီ သံသယရှိပါက "Okay" ခလုတ်နားက ""refresh your upload email" ကို နှိပ်ပြီး လိပ်စာအသစ်ပြန်လဲ ပစ်သင့်ပါကြောင်း.....။


အဆင်ပြေကြပါစေခင်ဗျား....


--
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
We are warmly welcome to you. * If you need help you may ask to aurorageneration.management@gmail.com , phonezinoo@gmail.com,9.space.study@gmail.com,jothar001@gmail.com,lwan.nay.ya.thu.par@gmail.com

--
မှော်ဆရာ အဖွဲ့ 

No comments:

Post a Comment

daweiit@gmail.com