ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 30 August 2011

Andriod OS ဖုန်းများတွင် မြန်မာလက်ကွက်နှင့် မြန်မာဖောင့်သွင်းနည်း



From: honey thu <honeythu08@gmail.com>
Date: 2011/6/30
Subject: [mrsorcerer:6071] Andriod OS ဖုန်းများတွင် မြန်မာလက်ကွက်နှင့် မြန်မာဖောင့်သွင်းနည်း



အခုနောက်ပိုင်း Android OS သုံးဖုန်းတွေကအရမ်းခေတ်စားလာတယ်။
တရုတ်နိုင်ငံထုတ် Huawei နဲ့ ZTE တို့လို CDMA ဖုန်းတွေမှာတောင်မှ
Android OS ကိုအသုံးပြုထားတာတွေ့ရပါတယ်။ အခုကျွန်တော်ပေးမှာက MyanDroid
Soft Keyboard လေးပါ၊ Zawgyi Font သုံးထားပါတယ်။  ဖုန်းဆိုင်တွေမှာ
သွားသွင်းရင် အနည်းဆုံး ခုနှစ်ထောင်လောက်ပေးရပါတယ်။ ဒီတော့
ကိုယ့်ဘာသာကိုသွင်းတာက အကောင်းဆုံးပါပဲ။သွင်းပုံသွင်းနည်းကို
အောက်မှာဖတ်ပါ။ အရင်ဆုံးအောက်မှာပေးထားတဲ့ ဖိုင်နှစ်ခုကို အရင်
ဒေါင်းလိုက်ပါ။

Mydroid Soft Keybord အားရယူရန်

Soft Keybord အားရယူရန်

ဒေါင်းပြီးပြီဆို၇င် အဲဒီ နှစ်ဖိုင်စလုံးကို ဖုန်းထဲမှာ install လုပ်ပါ။
install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့  setting ထဲကိုသွားပြီး language and
keyboard ကိုရွေးပါ။
Mydroid soft keyboard ကို အမှန်ခြစ်ပေးပါ။




All program menu ထဲကိုသွားပြီး zawgyi ipad program ကိုဖွင့်ပါ။ပြီးရင်
Text box ထဲမှာ ငါးစက္ကန့် ခန့်ဖိထားပါ။
Input Method ကိုရွေးပါ။ Select input method ထဲမှာ Mydroid soft
keyboard ကိုရွေးလိုက်ပါ
မြန်မာစာကီးဘုတ် ပေါ်လာပါလိမ့်မယ်။ အဲဒီမှာတင်မပြီးသေးပါဘူး ။
အခုသွင်းပြီးသလောက်က မြန်မာ keyboard သွင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။
မြန်မာဖောင့်ကို ဖုန်းရဲ့ function တွေ (ဥပမာ- message , contacts) မှာ
ရေးနိုင် ဖတ်နိုင်အောင် မြန်မာ ဖောင့်ထည့်ရဦးမှာပါ။ အောက်မှာဆက်ဖတ်ပါ။









ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ။

Click here to download



zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင်
့DroidSansFallback.ttf နှစ်ခုရလာမှာပါ

DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။

Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို
စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ်
allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ
download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့
DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။

ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ အောက်ကပုံအတိုင်း
(Mount R/W ) အနီပြထားတာကိုနိုပ်ပါ။

အားလုံးပြီးရင်အောက်ကပုံအတိုင်းဖြစ်နေရပါမယ်




ဒီအထိပြိးရင် DroidSansFallback.ttf ကို permission ပြောင်းပေးရပါမယ်
အဲအတွက် DroidSansFallback.ttf ကို ကြာကြာဖိထားပါ
အောက်ကပုံအတိုင်းပေါ်လာပါမယ်။



အောက်ပုံအတိုင်း permission ကိုပေးလိုက်ပါ


ပြီးရင်တော့ OK နှိပ်ပါ။ ပြီးရင် paste ကိုနှိပ်လို့ ရပါပြီ ။

နှိပ်လိုက်ရင် Warning  ရှိပြီးသားလို့ လာပြပါလိမ့်မယ် ။ overwirte
လိုက်ပါ Yes ကိုရွေးပါ ။

အခုဆိုရင် မြန်မာ ဖောင့် မြင်ရပြီဖြစ်ပါတယ်။ မြန်မာလို ရိုက်ချင်ရင်တော့
Message ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
 Message ကိုဖွင့်ပါ ။ New Message ထဲကိုဝင်ပါ။  စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad
ကို ရွေးလိုက်ပါ။ ပြီးရင် ရိုက်လို့ရပါပြီ။
အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်လုပ်တာတော့
အဆင်ပြေပါတယ်။ အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး။
http://grou.ps/ucsmcyber/blogs/person/binncpayokwqcxowa မှ....

--
မှော်ဆရာ အဖွဲ့ 

No comments:

Post a Comment

daweiit@gmail.com