ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 30 August 2011

How to change Window language Interface




From: thureinsoe <waida87@gmail.com>
Date: 2011/6/4
Subject: [mrsorcerer:5240] How to change Window language Interface



How to change Window language Interface

ကျွန်တော်တို့ Laptop တွေဘာတွေ ၀ယ်ပြီးတဲ့ အခါမှာ အသုံးဝင်ပါလိမ့်မယ် .. မြန်မာနိုင်ငံ က လူတွေ ပြောတာတော့မဟုတ်ပါဘူး .. ဥပမာ တခြားနိုင်ငံ ကိုရောက်နေတဲ့သူတွေ အနေနဲ့ .. ဘယ်လိုပြောရမလဲ … ရုရှား ၊ ဂျပန် ၊ ပြီးတော့ တခြား အင်္ဂလိပ်ဘာသာ အသုံးမပြုတဲ့ နိုင်ငံတွေ မှာ ရောက်နေတဲ့ သူတွေ အတွက်ပါ .. ပြီးတော့ Window OS ကို ဒေါင်းတဲ့အခါမှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့သူတွေ အတွက်ပါ .. ဘာလဲဆိုတော့ ကျွန်တော် တို့ Laptop ကို ၀ယ်တဲ့ အခါ ၊ တခြား ဘာသာ OS ကို တင်ပြီးတဲ့အခါကျရင် အဲ့ဒီ့ ဘာသာစကား နဲ့ OS ကို သုံးရတာ ကျွန်တော်တို့ အတွက် အင်္ဂလိပ်ဘာသာ စကားလောက် အဆင်မပြေပါဘူး ..ပြီးတော့ အဲဒီ့ Laptop ရဲ့ မူရင်းဝင်းဒိုးကို ပြန်မဖျက်ချင်ဘူးဆိုတဲ့ သူတွေ အတွက်ပါ အဆင်ပြေပါတယ် … အဲဒါမျိုးမှာ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ့ Interface ကို အင်္ဂလိပ် Interface အဖြစ် ပြောင်းပြီးသုံးဖို့အတွက်ပါ … အင်တာနက် Connection ရှိရင်တော့ ပိုပြီး အဆင်ပြေပါတယ် … ဘာလို့လဲ ဆိုတော့ သူက Window update နဲ့ ဆိုင်လို့ပါ … အဲဒီ့ကနေပြီးတော့ ပြောင်းဖို့အတွက် Source ကိုသွားယူရပါတယ် .. အဲဒါကြောင့်ပါ … Offline မှာ ပဲပြောင်းချင်တဲ့သူတွေ ကတော့ အဲဒီ့ Language Pack ကို ဒေါင်းပြီးတော့ မိမိရဲ့စက်မှာ ပြင်လို့ရပါမယ် … စပြီးတော့ စမ်းကြည့်ရအောင်ပါ … ကျွန်တော်ကတော့ အင်္ဂလိပ် OS နဲ့ပဲ နမူနာပြထားလိုက်တယ်နော် .. နည်းနည်း လေး Icon လေးတွေ ကြည့်ပြီးတော့ ပြောင်းကြည့်လိုက်ပေါ့ …

Control panel => Region and Language => keyboards and Languages

ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …

 

Choose a display language ဆိုတာလေးမှာ ကျွန်တော် ပြသလိုလေး နှစ်ခုပါတယ် ဆိုရင်တော့ English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေပါတယ် …

 

အဲဒီ့ Dropdown list ကလေးထဲမှာ ဘာမှ မရှိဘူး ဆိုရင်တော့
Install/uninstall languages ဆိုတာကလေးကို နှိပ်လိုက်ပါ … နှိပ်လိုက်ရင် အောက်က ပုံလေးပေါ်လာပါ့မယ် …

 

အဲဒီ့မှာ Install display languages ဆိုတာကလေးကို နှိပ်လိုက်ပါ … အဲဒီ့မှာ နောက်တစ်ခုမှ မေးလာပါတယ် .. ဘယ်ကနေပြီးတော့ Install လုပ်မှာလဲ ဆိုတာပါ .. ကျွန်တော်တို့က Internet connection ရှိရင်တော့
Launch Window Update ကို ရွေးလိုက်ပါမယ် …

 

အဲ့ဒီ့မယ် နောက်တစ်မျက်နှာ Window update လုပ်ဖို့ စာမျက်နှာကိုရောက်သွားပါပြီ …
ရောက်သွားပြီဆိုရင် အဲဒီ့မှာ xx optional updates are available ဆိုတာကလေးကိုနှိပ်လိုက်ပါ …
နှိပ်လိုက်တယ်ဆိုရင် အဲ့ဒီ့မယ် နောက်တစ်မျက်နှာကိုရောက်သွားပါပြီ ..

 

 

အဲ့ဒီ့ စာမျက်နှာမှာ Window language packs ဆိုတာကို တွေ့ရပါမယ် .. ကျွန်တော့်ဆီမှာတော့ English language pack ကိုသွင်းထားတဲ့ အတွက် ကြောင့် မပေါ်ပါဘူး … သတိထားရမှာက တခြားဘာသာ နဲ့ရေးထားမှာနော် .. အဲဒီ့မယ် ကိုယ်က ဖတ်ပြီးတော့ English ကို အမှန်ခြစ်ကလေးကို ရွေးပေးရမှာ …
ရွေးပြီးသွားရင် Ok ကိုပေးလိုက် … စောစောက စာမျက်နှာလေးကို ရောက်သွားလိမ့်မယ် … အဲဒီ့မှာ Install Update ဆိုတာကလေးကို နှိပ်လိုက် .. Internet connection ရှိရင် သူ့ဘာသာသူ Download ချ ပြီးတော့ Install လုပ်သွားလိမ့်မယ် … ပြီးရင် စောစော က အဆင့်ကလေးအတိုင်းပြန်သွားရပါ့မယ် …

 

Control panel => Region and Language => keyboards and Languages
ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …

 

Choose a display language ဆိုတာလေးမှာ စောစောက အပေါ်မှာပြောသလို လုပ်ခဲ့ပြီးပြီဆိုရင် ကျွန်တော် ပြသလို နှစ်ခုပါလာပါ့မယ် … English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေသွားပါမယ် …

Offline မှာသွင်းနည်း ..

အခု နောက်တစ်ခုကတော့ Download ချပြီးသား Pack ကလေး ကို ပြန်သွင်းတဲ့ နည်းလေးပါ … အပေါ်က ပြောခဲ့သလို လေး Install/Uninstall languages ထိသွား ပြီးရင် Install Languages ဆိုတာကို နှိပ်လိုက်ပါ ..

 

ပြီးရင် Browse computer ဆိုတာကလေးကို နှိပ်လိုက်ပါ … ပြီးရင် ကိုယ်ပြောင်းချင်တဲ့ ၊ Download ချထားတဲ့ Language pack ကလေးကို ရွေးပေးရပါမယ် … ရွေးပေးပြီးပြီဆိုတာနဲ့ ကျွန်တော်တို့ .. Next ဆိုတာကလေးက နေပြီးတော့ နောက် အဆင့်ကလေးတွေ မှာ ဆက်ပြီးတော့ လုပ်လိုက်ရင် သွားပြီးသားဖြစ်သွားပါမယ် …

 

 

ပြီးရင်
Control panel => Region and Language => keyboards and Languages
ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် …
Choose a display language ဆိုတာလေးမှာ စောစောက အပေါ်မှာပြောသလို လုပ်ခဲ့ပြီးပြီဆိုရင် ကျွန်တော် ပြသလို နှစ်ခုပါလာပါ့မယ် … English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေသွားပါမယ် …

 

အဲဒီ့ အဆင့်ကလေးအတိုင်းလေး လုပ်လိုက်ရင် အကုန်လုံးအဆင်ပြေသွားပါပြီခင်ဗျာ …
ကိုယ်သုံးချင်တဲ့ မူရင်း Window ကို လည်း အင်္ဂလိပ်ဘာသာ စကားနဲ့ သုံးစွဲလို့ ရသွားပါမယ်

--
မှော်ဆရာ အဖွဲ့ 

No comments:

Post a Comment

daweiit@gmail.com