ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 29 August 2011

...mail အကောင့်ဟောင်းထဲက သူငယ်ချင်းတွေ အကုန်လုံး အကောင့်သစ်ကို ပြန်ပေါင်း

Aug 20


ကျွန်တော်တို့ မြန်မာနိုင်ငံမှာကလူတွေတော်တော်များများ နည်းပညာသာစိတ်မ၀င်စားကြတာ

ချက်တင်တော့တော်တော်လေးကို ထိုင်တာ တွေ့ ရပါတယ် ။အင်တာနက် ဆိုင်တော်တော်များများကို ကြည့်လိုက်ရင်လည်းနေ့ နေ့ ညညချက်တင်ထိုင် နေတဲ့ လူကြီး ၊ လူငယ် အရွယ်စုံကိုတွေ့ ရမှာ ဖြစ်ပါတယ် ။အဲ့မှာ ချက်တင် ထိုင်တော့ လည်း gmail အကောင့်က တစ်ခုနဲ့ လည်း အားမရ .. ၊နှစ်ခုနဲ့ လည်း အားမရ ပဲ ... အကောင့်အသစ်တွေ တစ်ခု ပြီး တစ်ခု ဖွင့် ..အနည်းဆုံး လူတစ်ယောက်မှာ အကောင့် နှစ်ခု ထက်မက တော့ ရှိပါတယ် ။(အဲ့ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကနေ mail အကောင့် အသစ် ဖွင့်တဲ့နေရာမှာ phone နံပါတ်ကြီး တောင်းနေတာပေါ့) ။ အခုနောက်ပိုင်းတော့ gmailဖွင့်ဖို့ သိပ်တော့မလွယ်တော့ပါဘူး ။ ကဲပါ...အဲ့ဒါတွေ ထားပါတော့ ... ။

အခု ပြောမှာက mail အကောင့် အဟောင်းထဲက လူတွေ အကုန်လုံးကို အကောင့်အသစ်ထဲကို အကုန်လုံး ပေါင်းထည့်ချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်း စီ ပြန်ပြီး လိုက်အပ်နေစရာ မလိုပါဘူး ။ အကောင့်တစ်ခု က သူငယ်ချင်း အကုန်လုံးကို နောက်အကောင့် တစ်ခုကို ပြောင်းထည့်တာပေါ့ ။

အရင်ဆုံး gmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။  အခု နောက်ပိုင်း mailက style တစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် composemail , inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။ အဲ့ထဲကို ၀င် .. ။

အဲ့ဒါဆိုရင် အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံး ပေါ်လာပါလိမ့်မယ် ။အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ... ။အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခု ပေးပါလိမ့်မယ် ။ သူ့ အလိုလို .csv file ကို ရွေးပြီးသားမို့ ဒေါင်းလုပ်လုပ်လိုက်ပါ  ။ တစ်နေရာရာမှာ save လိုက်ပေါ့ ။

ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် .. ။ ခုန က အဆင့်တွေအတိုင်းပြန်သွား ။ ပြီးရင် More Action ထဲမှာ Import ကို နှိပ် .. ။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကို ရွေးပေးလိုက်ရင်
မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံး အကောင့်အသစ်ထဲကိုတစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။ အဆင်ပြေကြပါစေ ခင်ဗျာ ။




                            နည်းပညာတက္ကသိုလ်မိတ္ထီလာမြို

No comments:

Post a Comment

daweiit@gmail.com