G-Mail တွင် မှားယွင်းဖျက်မိသည့် Contacts များကို ပြန်လည် ရယူခြင်း
Google ရဲ့ အီးမေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail မှာ မှားယွင်းဖျက်မိတဲ့ ဆက်သွယ်မှု (contact) များကို ပြန်လည်ရယူပေးနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ contact တွေကို ဖျက်လေ့ ဖျက်ထရှိသူများအနေနဲ့ contact များကို မှားယွင်းဖျက်မိတဲ့ အခါမှာ ပြန်လည်ရယူ အတွက် အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ Gmail မှ မှားယွင်းဖျက်မိတဲ့ contact များကို အောက်ဖော်ပြပါအတိုင်း အဆင့်အနည်းငယ်ဖြင့် ပြန်လည်ရယူနိုင် ပါတယ်။ (၁) Gmail တွင် log in လုပ်ပြီး ဘယ်ဘက် ထိပ်နားရှိ Contacts ကို နှိပ်ပါ။
(၂) Contacts တွင် အပေါ်ညာဘက်နားရှိ More actions menu ကို နှိပ်ပါ။
(၃) ပေါ်လာတဲ့ menu မှာ Restore contacts ကိုနှိပ်ပြီး နှစ်သက်ရာ အချိန်ကို သတ်မှတ်ကာ Restore ကို နှိပ်ပါ။ အချိန်ကာလအနေနဲ့ ရက် ၃၀ အထိ သတ်မှတ်နိုင်ပါတယ်။ အထက်ပါအဆင့်အတိုင်း ပြုလုပ်ပြီးသွားရင်တော့ သတ်မှတ်ထားတဲ့ ကာလအတွင်းက မှားယွင်းဖျက်မိတဲ့ contact တွေကို ပြန်လည်ရယူနိုင်ပြီ ဖြစ်ပါတယ်။ Ref : Internet



No comments:
Post a Comment
daweiit@gmail.com