ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 29 August 2011

Online Notebook လေး .....Myanmar IT Development



New Post ပိုစ့်အသစ် တစ်ခု မတင်ချင်တော့တဲ့ အတွက် အကြောင်းအရာကလည်း တူနေတာကြောင့် Online Bookmarking ရဲ့ Post မှာပဲ တစ်ဆက်တည်း Online Notebook လေးကို ဖော်ပြပေးလိုက်ရပါတယ် ။

ဒါလေးကတော့ Online NoteBook လေးပါ

လူတစ်ဦး တစ်ယောက်ချင်းစီမှာ ၀ါသနာ တစ်မျိုး စီတော့ ရှိတတ်ကြပါတယ် ။ အဲ့ထဲမှာ တစ်ချို့ လူတွေက မိမိရဲ့ တစ်နေ့ တာ အကြောင်းအရာကို ည ရောက်ရင် ပြန်ပြီးမှတ်တမ်း တင်တတ်ကြပါတယ် ။ ဒိုင်ယာရီ ရေးတဲ့ သဘောမျိုးပေါ့ ။ ပျော်ရွှင်စရာဆိုလည်း ပျော်ရွှင် စရာ အကြောင်း အရာလေးတွေ ၊ စိတ်ညစ် စရာ ဆိုလည်းဘာကြောင့် စိတ်ညစ်ရတာလဲ ၊ ချစ်သူနဲ့ အမှတ်တရ ဆိုလည်း အမှတ်တရ ဖြစ်စေမဲ့ အကြောင်း အရာလေးတွေကို စာအုပ် နဲ့ ချ ချ မှတ်တတ်ကြပါတယ် ။


တကယ်လို့ ... အဲ့စာအုပ်တွေ ပျောက်သွားရင် မခက်ဘူးလားဗျာ ။ ဒီနေ့ ခေတ်ကြီးမှာ အကုန်လုံး က Paperless စနစ်ကို အသုံးပြုလာကြပြီ ဆိုတော့ကားးးးး (Paperless = Paper + လက်) ဟိဟိ ။ ကျွန်တော်တို့ တစ်တွေလည်း ဒီလိုမျိုး စာအုပ်ကြီးနဲ့ ဘော့ပင်နဲ့ တစ်နေ့ စာ တစ်နေ့ ချချမှတ်နေစရာ မလိုတော့ပါဘူး ။


တစ်နေ့ တာကြုံရဆုံရခဲ့တဲ့ ဖြစ်ပျက်သမျှ ကိစ္စ အလုံးစုံကို အွန်လိုင်းမှာပဲ notebook တစ်ခုအနေနဲ့ မှတ်သားထားရအောင် အရင်ဆုံး gmail ကို sign in ၀င်ပြီး new tab နောက်တစ်ခုမှာ http://www.google.com/notebook လို့ ရိုက်လိုက်တာနဲ့  google က notebook page တစ်ခု ကျလာမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဲ့ဒါကြောင့် မိမိရဲ့ တစ်နေ့ တာ ဖြစ်ပျက်ခဲ့သမျှ တွေကို စာအုပ် ဘောပင် နဲ့ ချမှတ်နေစရာမလိုတော့ပဲ သက်သက်သာသာ အွန်လိုင်းမှာပဲ အေးအေးဆေးဆေးလေးနဲ့ရေးမှတ်နိုင်ပြီ ဖြစ်ပါတယ် ခင်ဗျာ ။ အဲ့ဒါကြောင့် ပျောက်ပျက်သွားမှာလည်း မပူရတော့ပဲ တစ်သက်လုံး gmail အကောင့် ရှိနေသမျှ ကာလပတ်လုံး notebook လေးကို သုံးလို့ ရနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ ။ private ဖြစ်တဲ့ အတွက်လည်း ကိုယ့် Note ကို ဘယ်သူမှ မြင်ရမှာ မဟုတ်ပါဘူး ခင်ဗျာ ။ 


ဒါလေးကတော့ Online Bookmarking လေးပေါ့


အင်တာနက် သုံးသူ တော်တော်များများမှာ တွေ့ နေရတာလေးတွေပါ ။ Website ကောင်းကောင်းလေးတွေ တွေ့ ရင် စာအုပ်ထဲမှာ မှတ်တယ် ၊ စာရွက်ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့စာအုပ်တွေ စာရွက်တွေ ပျောက်တော့ တိုင်တွေ ပတ်ကုန်ကြရောပေါ့ ။ တစ်ချို့ ကျတော့ ကွန်ပြူတာ သမားပီပီ Notepad ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့ notepad လည်း ပြန်ရှာလို့ မရတော့ တိုင်ပတ်တာပေါ့ ။ စာအုပ်ထဲမှာ မှတ်တယ်ဆိုလည်း သွားလေရာကို စာအုပ်ကြီး သယ်သွားမှ အဆင်ပြေမှာပါ ။ Notepad ထဲမှာ မှတ်တော့လည်း အဲ့ Notepad ရှိမှ အဆင်ပြေပြန်ရော ။ အဲ့ဒါကြောင့် အဲ့ဒါတွေက ပျောက်လွယ်ပါတယ် ။ အဲ့ဒါဆို အဆင်မပြေနိုင်ပါဘူး ။


အဲ့တော့ ကျွန်တော်တို့ အဲ့ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ ။ လွယ်တာတော့လွယ်ပါတယ် ။ အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Websites တွေ အများကြီး ရှိပါတယ် ။ အဲ့လို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ ခေါ်ပါတယ် ။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။


Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Websiteကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ Ctrl+Dနှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Addကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefoxမှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menubar က Favorites ထဲမှာရှိပါတယ်။

ဒါပေမဲ့ အဲဒီနည်းတွေကအင်တာနက်ကိုအိမ်မှာသုံးတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ ။ Cyber တွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲမှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့
Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေခေတ်စားလာတာပေါ့။

အဲ့လို Online Bookmarking လုပ်ပေးနိုင်တဲ့ ဆိုဒ်တွေကတော့ အများကြီးပေါ့ဗျာ ။ တစ်ချို့ တစ်လေက Register လုပ်ရတယ် ။ သုံးရတာ ကိုယ်နဲ့ Fair မဖြစ်ဘူး ။ အဆင်မပြေဘူးပေါ့ဗျာ ။ အဲ့ဒါကြောင့် ကိုယ်နဲ့ လည်း ရင်းနှီးတယ် ၊ အရမ်းလည်း သုံးရတာ လွယ်တဲ့ ကျွန်တော်တို့ ရဲ့  Google ကြီးကိုပဲ အားကိုးကြရအောင်ဗျာ ။

ကျွန်တော်တို့ နေ့ စဉ် မရှိမဖြစ် လို အရမ်းကို အသုံးဝင်တဲ့ Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ် ။ အရင်ဆုံး မိမိသုံးနေကြ gmail ကို sign in ၀င်လိုက်ပါ ။ ပြီးရင် Ctrl+T (New Tab) အသစ်တစ်ခု ခေါ်ပြီး Address bar မှာ http://ww.google.com/bookmarks လို့ သာ ရိုက်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ Google ရဲ့ Bookmarks Page တစ်ခု ရောက်လာမှာ ဖြစ်ပြီး My Lists , Add Bookmarks အစရှိတဲ့ နေရာတွေမှာ မိမိ မှတ်သားချင်တဲ့ Website Addresses တွေကို Subject , Title , Link နှင့်တကွ မှတ်သားနိုင်တာကြောင့် ဘယ် စာအုပ် ၊ ဘယ်စာရွက် ၊ ဘယ် Notepad တစ်ခု တစ်လေမှမလိုတော့ပဲ ရောက်လေ ရာရာ အရပ်တိုင်းမှာ Google Bookmarks ဆိုတဲ့ Bookmarks Page လေးကို ခေါ်လိုက်တာနဲ့ မိမိမှတ်သားထားတဲ့ Website တွေကို မိမိ မှတ်သားထားတဲ့ ပုံစံ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဆင်ပြေသလို အသုံးပြုနိုင်ကြပါစေ ခင်ဗျာ ။


အောက်မှာ အကို တစ်ယောက် ကွန်မန့် ပေးထားတာလေးပါ ခင်ဗျာ ။ သူလည်း Online Bookmarking Site တစ်ခုပါပဲ ။ Free Account တစ်ခု အလွယ် တကူ ဆောက်နိုင်ပြီး အသုံးပြုရတာလည်းအရမ်းကို လွယ်ကူ ပါတယ် ။ အခု လို ၀င်ရောက် ဆွေးနွေး ပေးသွားတဲ့ ကို sainaunkham ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ။

sainaunkham     sainaunkham မှ စာပြန်ခဲ့သည်။

           Online Bookmarks Site လေးပဲဗျ .. မဆိုးဘူးကောင်းတယ်ဗျ.. အကောင့်တစ်ခုလုပ်ထားလိုက် free ပဲ..
လေ့လာချင်ရင်တော့ .. http://www.favoritus.com/



Htet Zaw
htetzaw551990@gmail.com
htetzaw@mmitd.com



No comments:

Post a Comment

daweiit@gmail.com