ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Thursday 6 August 2015

ရေဘးသင့်ပြည်သူများအတွက် SMS မှပေးပို့ လှူဒါန်းမှုတွင် Ooredoo Myanmar က ဆတူလိုက်ပါလှူဒါန်းမည်





Ooredoo Myanmar က ၎င်းတို့၏ မိုဘိုင်းဖုန်း ဝန်ဆောင်မှုမှတစ်ဆင့် ငွေသားလှူဒါန်းနိုင်မည့် အစီအစဉ်တွင် လှူဒါန်းသူတစ်ဦးချင်းစီနှင့် လိုက်ပါ၍ ဆတူ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

ကာတာဆက်သွယ်ရေးကုမ္ပဏီ၏ Code နံပါတ် ၄၅၄၈ သို့ မိမိလှူဒါန်းလိုသည့် ငွေပမာဏကို ရိုက်ထည့်ပြီး လှူဒါန်းနိုင်မည့် အစီအစဉ်တွင် မိုဘိုင်းဖုန်းသုံးစွဲသူတစ်ဦးက တစ်ဆယ်ကျပ်လှူပါက Ooredoo Myanmar က တစ်ဆယ်ကျပ် လိုက်ပါလှူဒါန်းမည်ဖြစ်ပြီး တစ်ထောင်ကျပ် လှူဒါန်းပါက ထပ်မံ၍ တစ်ထောင်ကျပ် လိုက်လံ လှူဒါန်းမည် ဖြစ်သည်။

ထို့ကြောင့် အဆိုပါ SMS ဖြင့် လှူဒါန်းမှုအစီအစဉ်တွင် နောက်ဆုံးလက်ခံရရှိသော ငွေပမာဏတန်ဖိုးအတိုင်း Ooredoo Myanmar က ဆတူလိုက်လံ လှူဒါန်း သွားမည် ဖြစ်သည်။

Ooredoo Myanmar ၏ အထက်ဖော်ပြပါ Code နံပါတ်သို့ HELPMM ဟု ဦးစွာရိုက်ထည့်ပြီး Space တစ်ချက်ခြားကာ မိမိလှူဒါန်းမည့် ငွေပမာဏကို ရိုက်၍ ပေးပို့ လှူဒါန်းနိုင်မည် ဖြစ်သည်။

Ooredoo Myanmar ၏ ရေဘေးကယ်ဆယ်ရေး အစီအစဉ်ကို ဦးတည်၍ရရှိလာသည့် စုစုပေါင်းအလှူငွေ အားလုံးပေါင်း(သုံးစွဲသူထံမှရရှိသည့် လှူဒါန်းငွေ + အူရီဒူးမြန်မာ၏ ဆတူထည့်ဝင် လှူဒါန်းငွေများ) ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ရေဘေးဒဏ်ခံ ဒေသများအတွက် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

Ref&Credit==> internetjournal
Thiha Htike
thihahtike.it@gmail.com

No comments:

Post a Comment

daweiit@gmail.com