သမီး။ ။ "မေမေရေ၊ ထမင်းလည်း ကျက်၊ ဟင်းလည်း ကျက်ပြီ၊ ပွဲပြင်ပြီး ဦးဦးဖျားဖျား တင်လိုက်တော့မယ်နော်။"
အမေ။ ။ "အေးကွယ်၊ သောက်တော်ရေလဲပြီး ဆီမီးလည်း ထွန်းလိုက်ဦး၊ သာဓုကွယ် သာဓု သာဓု။"
သမီး။ ။ "ဟင်…မေမေကလည်း ဘာတွေ လာပြောနေတာလဲ၊
ဟင်းပွဲတွေကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်မလို့ ပြောနေတာ၊
မြန်မြန်လုပ်မှ၊ တော်ကြာ ဟိုကောင်မတွေ ဦးသွားလိမ့်မယ်။"
စက္ကန့် ၃၀ ကြာသောအခါ… ဖေ့စ်ဘွတ်ခ်ပေါ်တွင်….
မယ်ကမ္ဘာကြွားစိန်။ ။ "ဒီတစ်ခါတော့ တစ်နေ့တစ်လေ ချွေတာပြီး ဒီဟင်းလေးပဲ ချက်လိုက်တယ်၊ စားကြပါဦး သယ်ရင်းတို့…" (အညဲတမ်း ဂျေဝင်နေတဲ့ ကောင်မတေ မှတ်ကရော ဒန်တန့်ဒန်...)
ဂျေသခင်မ။ ။ "အို သွတ်ပြားတို့လည်း တစ်ခါတစ်ရံ ဒီလို ဟင်းမကောင်းပေမယ့် ကြိတ်မှတ် မျိုချရတာပဲေိေိေိ" (တေနာမ… ပုစွန်တုပ်ဟင်းချက်ပြီး လာကြွားနေတယ်)
ဖွတ်မင်းသားမွဲပြာ။။ "ဟာ… ကြည့်ပါဦး ဂွတ်ဒ်ရှယ်ပဲဟေ့ Like Like Like " (တူညား ဗိုက်ချာနေရတဲ့အထဲ တေဂျင်းဇိုးမက ဟင်းကောင်းတွေ လာပြနေတယ်၊ ဒဂယ် စားရတာလဲ ဝုတ်ဖူး… )
ကိုကိုဖွန်ကြောင်။ ။ "ညလေးရယ်… ရုပ်ကလေးက မင်းသမီးရှုံးအောင် ချောသလို ဟင်းချက်လည်း တော်လိုက်တာနော်" (ကိုရီးယားမင်းသမီးပုံကို
ပရိုဖိုင်းတင်ထားတဲ့ ဟာမ၊ ဒီပုံလည်း ဘယ်က မ လာတယ် တိဝူး… လေတယ်ကွာ၊ အို
ဘာဖြစ်ဖြစ် ကျူရမှာ ကိုယ့်တာဝန်ပဲ ငဲငဲငဲ)
အန်တီလက်မနှေး။ ။ "ဟယ် အတော်ပဲ၊ အခု သမီးတို့ ရပ်ကွက်နားမှာ ရောက်နေတယ်၊ ကြုံတုန်း ဝင်ပြီး သမီးလက်ရာကို အားပေးရမှာပေါ့ " (သွားရမယ့် ခရီးစရိတ်နဲ့ တွက်လိုက်ရင် သူ့ပုစွန်ဟင်းက တန်ပါတယ်လေ၊ မြန်မြန်အဝတ်လဲမှ)
မယ်ကမ္ဘာကြွားစိန်။ ။ "ဟော.. အခုပဲ သမီးတို့
ထမင်းဝိုင်း လက်စသတ်တယ်၊ ဆေးစရာ အိုးပဲ ကျန်တယ် အန်တီရေ… ဒီလိုမှန်း သိရင်
အန်တီ့အတွက် ချန်ထားပါတယ်…အဟင့်" (ဘာရမလဲ… ဒီဘွားတော် လာရင် အပီဆွဲမှာ သိနေတယ်လေ… ငင်းငင်းငင်း…)
Credit==>mobilechannelteam
Thiha Htike(THT)
thihahtike.it@gmail.com
My Facebook Account Click
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++
thihahtike.it@gmail.com
My Facebook Account Click
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++
No comments:
Post a Comment
daweiit@gmail.com