ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 14 August 2015

Redmi Note 2 နှင့် Redmi Note 2 Prime ကို Xiaomi မိတ်ဆက်




တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi သည် ကုမ္ပဏီ၏ ဈေးသက်သာသော phablet Redmi Note အား အဆင့်မြှင့်ထားသည့် Redmi Note 2 နှင့် Redmi Note 2 Prime တို့ကို ပွဲထုတ် မိတ်ဆက်ပေးခဲ့သည်။

Redmi Note 2 ကို ၇၉၉ ယွမ် (၁၂၅ ဒေါ်လာ) ဖြင့်လည်းကောင်း Prime ကို ၉၉၉ ယွမ် (၁၅၅ ဒေါ်လာ) ဖြင့်လည်းကောင်း အသီးသီး ရောင်းချမည် ဖြစ်သည်။

Redmi Note 2 တွင် ၅.၅ လက်မ full-HD (1080x1920p) display ကို အသုံးပြုထားပြီး အရွယ်အစားမှာ ၁၅၂ x ၇၆ x ၈.၂၅ မီလီမီတာ ဖြစ်သည်။ အလေးချိန်က ၁၆၀ ဂရမ်ဖြစ်သည်။

2GHz MediaTek Helio X10 octa-core ပရိုဆက်ဆာနှင့် 2GB LPDDR3 RAM တို့ကို အသုံးပြုထားပြီး 16GB သိုလှောင်မှုပမာဏဖြင့် ရရှိနိုင်သည်။ Prime တွင် 2.2GHz MediaTek Helio X10 octa-core ပရိုဆက်ဆာ အသုံးပြုထားပြီး သိုလှောင်မှုပမာဏမှာ 32GB ဖြစ်သည်။
http://www.internetjournal.media/sites/all/modules/contrib/ckeditor/ckfinder/core/connector/php//images/11896032_10153126890172825_822859549205982795_n.jpg
ကျောဘက်ကင်မရာမှာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာမှာ 5MP ဖြစ်သည်။ Android 5.0 Lollipop ကို Xiaomi ၏ MIUI 7 skin သစ်ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Redmi Note 2 သည် dual-sim ဖုန်းဖြစ်ပြီး 3060mAh ဘက်ထရီကို အသုံးပြုထားသည်။ 3G, 4G LTE, Bluetooth နှင့် GPS ချိတ်ဆက်မှုတို့ကို ထောက်ပံ့ပေးထားသည်။

ထို့အပြင် Xiaomi သည် customised Android ROM ဗားရှင်းသစ်ဖြစ်သော MIUI 7 ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ၎င်း software သစ်တွင် Gallery app ၌ face recognition စနစ် ပါဝင်မှု အပါအဝင် feature သစ်အချို့ ပါဝင်လာသည်။ အဆိုပါ ROM ကို ကမ္ဘာတစ်ဝန်းသို့ သြဂုတ်လ ၁၉ ရက်တွင် ဖြန့်ချိမည် ဖြစ်သည်။

Ref: Times of India
Thiha Htike(THT)
  My Facebook Account Click

No comments:

Post a Comment

daweiit@gmail.com