Xiaomi
သည် Qualcomm Snapdragon 616 chipset နှင့် ၅ လက်မအရွယ် 720p HD display
ပါဝင်သော Redmi 3 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့သည်။ အဆိုပါ
စမတ်ဖုန်းသစ်တွင် 2GB RAM နှင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သော 16GB
internal memory ပါဝင်သည်။ ဘက်ထရီက အရွယ်ကြီးမားသော 4,100mAh ဘက်ထရီ
ဖြစ်သည်။
ကင်မရာအနေဖြင့် ကျောဘက်တွင် 13MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အရွယ်အစားက ၁၃၉.၃ x ၆၉.၆ x ၈.၅ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၄၄ ဂရမ်ဖြစ်သည်။ ၎င်းတွင် ကုမ္ပဏီ၏ MIUI 7 OS ကို အသုံးပြုထားသည်။ Dual-SIM လုပ်ဆောင်ချက်ပါဝင်ပြီး လျင်မြန်သော 5V/2A အားသွင်းစနစ်ကို ထောက်ပံ့ပေးထားသည်။
သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသော Redmi 3 ကို ၆၉၉ ယွမ် (၁၀၅ ဒေါ်လာ) ဖြင့် တရုတ်နိုင်ငံတွင် ရောင်းချသွားမည်ဖြစ်သည်။
Ref: GSMArena
Credit internetjournal
သီဟထိုက်
www.thihahtike.com

No comments:
Post a Comment
daweiit@gmail.com