ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 12 January 2016

iTunes media ဆာဗာထက် ပိုမိုမြန်ဆန်သော Intel ၏ဒုတိယမျိုးဆက် Compute Stick

Intel သည်မူရင်း Compute Stick ကိုမိတ်ဆက်ပြီး တစ်နှစ်အကြာတွင် ကန်ဒေါ်လာ ၁၅ ဝန် iTunes media ဆာဗာ တည်ဆောက်နိုင်မည့် လမ်းညွှန်ပါဝင်သော ဒုတိယမျိုးဆက် Compute Stick ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ Compute Stick သည်ကန်ဒေါ်လာ ၁၅၉မှ ၄၉၉ အထိကျသင့်မည် ဖြစ်ပြီး အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာသည်။

၎င်း၏အရွယ်အစားမှာ ပီကေထုပ်အရွယ်သာရှိပြီး ကွန်ပျူတာ တစ်လုံးကဲ့သို့ သုံးနိုင်မည့် လုပ်ဆောင်ချက်များ ပါဝင်သလို USB port ၂ ခုထည့်သွင်းထားပြီး ကြိုးမဲ့ hardware သစ်တစ်ခုလည်း ပါဝင်သည်။ ယခုနှစ်တွင် Intel သည် Atom Core M3 နှင့် Core M5
ဗားရှင်းများကို ထုတ်လုပ်ထားသည်။ ကန်ဒေါ်လာ ၁၅၉တန် quad-core Atom ဗားရှင်း Compute Stick သည် iTunes media ဆာဗာအဖြစ် ကောင်းစွာ အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ Compute Stick ၏အရွယ်မှာ အကျယ်၁.၅ လက်မ၊ အရှည် ၄.၄၅ လက်မ၊ အထူ ၀.၄၇ လက်မရှိသည်။ ၎င်းသည် iTunes အပါအဝင် သာမန် Windows app ၁၀ ခုကို အသုံးပြုရန် စွမ်းအင်လုံလောက်သည်။ HDMI 1.4b ထည့်သွင်းထားသော connector ကြောင့် မည်သည့် HDTV ကိုမဆို တိုက်ရိုက် ချိတ်ဆက်နိုင်သည်။ ထို့အပြင် HDTV တွင် external storage ထုတ်ကုန်နှင့် တွဲဖက်ပစ္စည်းများ ဖြစ်သော mouse နှင့် keyboard တို့ကို ချိတ်ဆက်နိုင်မည့် USB နှင့် ကြိုးမဲ့ feature များလည်း ပါဝင်သောကြောင်း သုံးစွဲရ အဆင်ပြေမည် ဖြစ်သည်။

Compute Stick ဗားရှင်းသစ်တွင် USB 3.0 နှင့် USB 2.0 တစ်ခုစီ ပါဝင်သလို dual-band 802.11ac Wi-Fi ထောက်ပံ့မှုတို့ ပါဝင်သည်။ ထို့အပြင် RAM 2GB နှင့် 32GB on-board memory, storage 128GB အထိ တိုးချဲ့အသုံးပြုနိုင်သော SDXC ကတ်များကို အသုံးပြုနိုင်သည်။ Compute Stick တွင်ပါဝင်သော Atom ပရိုဆက်ဆာကို Cherry Trail အထိ အဆင့်မြှင့်တင်ထားသည်။ ဒုတိယမျိုးဆက် Compute Stick သည် ပထမဆုံး မော်ဒယ်ထက် ကန်ဒေါ်လာ ၁၀ မြင့်မားမည် ဖြစ်ပြီး မကြာမီတွင် တင်ပို့ရောင်းချ သွားမည် ဖြစ်သည်။

စွမ်းဆောင်ရည်မြင့်သော Intel Core M3 (ကန်ဒေါ်လာ ၃၉၉) သို့မဟုတ် Core M5 ($499) ပရိုဆက်ဆာ ပါဝင်သော ဗားရှင်များကို ဖေဖော်ဝါရီလတွင် ရောင်းချသွားမည် ဖြစ်သည်။ ၎င်းဗားရှင်းတွင် Bluetooth 4.0 အစား Bluetooth 4.2 ပါဝင်လာမည် ဖြစ်သည်။

Ref: 9to5Mac
Credit  internetjournal
သီဟထိုက်
www.thihahtike.com

No comments:

Post a Comment

daweiit@gmail.com