ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Friday 11 December 2015

GoPro Karma ဒရုန်းကို ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိမည်


Karma ဟုခေါ်သော ကင်မရာတပ်ဆင်ထားသည့် ဒရုန်းကို ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်တွင် ဖြန့်ချိရန် စီစဉ်ထားကြောင်း GoPro မှ ထုတ်ဖော်ပြောကြားသည်။

GoPro သည် အောက်တိုဘာလက အနည်းဆုံး 2.5K resolution ဖြင့် ရိုက်ကူးထားပြီး 1440p YouTube viewing option ဖြင့် ကြည့်ရှုနိုင်သော ကြော်ငြာဗီဒီယိုကို ဖြန့်ချိခဲ့သည်။ ယခုထုတ်ပြန်ကြေညာချက်တွင်လည်း ကုမ္ပဏီက အဆိုပါ ဗီဒီယိုကို ပြန်လည်အသုံးပြုခဲ့သည်။

GoPro တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ နစ်ခ်ဝုဒ်မန်းက ကုမ္ပဏီအနေဖြင့် quadcopter တစ်ခုကို လုပ်ဆောင်နေကြောင်း မေလက Re/code ကွန်ဖရင့်စ်တွင် အတည်ပြုပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ရှုထောင့်အသစ်ကနေ ကြည့်ရှုရတာက မယုံနိုင်လောက်အောင်ကို ကောင်းမွန်လှပါတယ်။ ဒါဟာ အံ့အားသင့်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒီလို ရှုထောင့်အသစ်နဲ့ ကြည့်ရှုတာကို ကျွန်တော်တို့ရဲ့ GoPro ကင်မရာတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့က quadcopter ဈေးကွက်မှာ အလားတူ အခွင့်အရေးတစ်ခုကို တွေ့ရှိထားပါတယ်” ၎င်းက ဆိုခဲ့သည်။

GoPro ၏ Karma ဒရုန်းကို ဒေါ်လာ ၅၀၀ မှ ၁၀၀၀ အကြား ကျသင့်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသော်လည်း ရောင်းချသည့်တန်ဖိုးနှင့် ပတ်သက်၍ ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒရုန်းနှင့် ပတ်သက်သော သတင်းများအတွက် မှတ်ပုံတင်ထားပါက Karma ဒရုန်းတစ်စင်းကို အခမဲ့ ရရှိနိုင်မည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: Engadget
Credit internetjournal
သီဟထိုက်

No comments:

Post a Comment

daweiit@gmail.com