ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Thursday 15 January 2015

စက်ရုပ်အတွက် အကောင်းဆုံး Video Player ရွေးခြယ်ခြင်း

Image result for Video Player image




 




ဒီတခါ Android ပေါ်မှာသုံးဖို့ Media Player လေးတွေမိတ်ဆက်ပေးပါမယ်။ Android အရင်တုန်းက Mobile Phone အတွက် Video ဆိုရင် 3gp နဲ့ MP4 ကိုပဲအားကိုးရပါတယ်။ ရှိတဲ့ video လေးတွေ ဖုန်းပေါ်တင်မယ်ဆိုရင် Video Converter တွေနဲ့ အလုပ်ရှုပ်ရတတ်ပါတယ်။
   Android တွေအတွက်ကြတော့ကော video နဲ့ပတ်သတ်ရင် ပြဿနာမရှိတော့ဘူးလားဆိုတော့ နဲနဲတော့ရှိပါသေးတယ်။ Android OS ရဲ့ Media Format ကအားလုံးတော့ကို Native ရတာမဟုတ်ပါဘူး။ ဒါပေမဲ့ Format အားလုံးကြည့်နိုင်တဲ့ Software လေးတွေပေါ်လာတော့ Format က ပြဿနာမဟုတ်တော့ပါဘူး။ မိမိစက်ရဲ့ Performance ပေါ်မှာမူတည်ပြီးတော့ ဘယ်လောက် Resolution ကောင်းကောင်းအထိကြည့်နိုင်မလဲဆိုတာပဲကွာပါတော့တယ်။ ကဲကျွန်တော့်စိတ်ကြိုက် Player လေးတွေပါ။

 
1. Mobo Player


   ပထမဆုံးစိတ်ကြိုက်တွေ့မိတဲ့ Player လေးပါ။ ဟိုအရင်ကတည်း အခုထိ ဒါပဲသုံးပါတယ်။ လှပတဲ့ Interface ရှိတယ်။ Media File တွေကို Library သဘောမျိုးသိမ်းထားပေးတယ်။ Playlist လုပ်လို့ရတယ်။ Format အားလုံးရတယ်။ Video Play ကောင်းတယ်။ အခုနောက်ပိုင်း Version တွေမှာ Video ကို Floating Window လေးနဲ့တောင်ပြပေးနိုင်တယ်။


2. MX Player

    သူလဲ Feature စုံပါတယ်။ Format စုံတယ်။ Hard/Soft Decoding ရတယ်။ User Interface ကောင်းတယ်။ သူမှာ Previous, Next တို့ ပါတယ်။ Video Quality ကောင်းတယ်။ လူကြိုက်များတဲ့ Player လေးပါ။


3. BS Player

   အခုနောက်ပိုင်းမှ ဒါလေးကိုစမ်းသုံးကြည့်မိတာပါ။ BS Player ကို Window XP တုံးက Fav Player အနေနဲ့သုံးခဲ့တာမို့ စမ်းကြည့်လိုက်တော့ သူလည်းတော်တော်လေးကောင်းတာတွေ့ရတယ်။ Mobo Player လိုပဲ Feature စုံပါတယ်။ Format စုံရတယ်။ သူ့မှာက Setting ပိုင်းမှာ ပိုပြီး Customize လုပ်နိုင်တာ ပိုပြီးငြိမ်တာတွေ့ရတယ်။ သူ့ရဲ့ Library Feature ကလည်းပိုစုံတယ်။


4.  Window Media Player & Media Player Classic

    ဒီနှစ်ခုက နာမည်သာကွာသွားတာ အထဲကအကုန်အတူတူပဲ။ Format အားလုံးရတယ်။ Subtitle ရှိရင်ပြပေးတယ်။ ဒါပဲပြောစရာရှိတယ်။ မကောင်းတာက ကျန်တဲ့ Player တွေထက် Size ကြီးတယ် (ဒါပေမယ် 9MB လောက်ကတော့သိပ်ကိစ္စမရှိပါဘူး) Library မပါဘူး Streaming မရဘူး။


5. QQ Player

    သူက တော့ Format တော်တော်များများရတယ်။ ရိုးရှင်းတယ်။ Setting တွေသိပ်မများဘူး၊ သာမာန် user တွေနဲ့ကိုက်တယ်။ မကောင်းတာတချက်က ကျန်တဲ့ Player တွေထက် Hardware Useage ပိုများတယ်ထင်တယ်။ ဖုန်းမကောင်းရင် Video Quality  သိသိသာသာ ကျသွားတယ်။

ကဲ သင်လက်ရှိသုံးနေတဲ့ Video Player လေးနဲ့ အတွေ့အကြုံလေးတွေ comment ပေးသွားပါဦး။


Credit to Giant Droid



Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ ကျေးဇူးတင်ရင် ဖုန်းဘေကဒ်လှမ်းပို့ပေးနိုင်ပါတယ်ခင်ဗျာ  :P
Welcome From My Blog

Welcome From My Facebook Group


Welcome From My Facebook Page

No comments:

Post a Comment

daweiit@gmail.com