for everyone |
ပထမဦးဆုံး ပြောချင်တာကတော့ ဒီပို့စ်ဟာ Mozilla Firefox သုံးသူများ အတွက်သာ ဖြစ်ပါတယ်။ ကျန်သော ဘရောက်ဇာများ အတွက် မဟုတ်ပါဘူး။ ဒါကြောင့် တခြားသော ဘရောက်ဇာ သုံးသူများကိုတော့ ကြိုပြီးတော့ တောင်းပန် ထားရမှာပါပဲ။
ဒါဆိုရင် မော်ဇီလာ သုံးသူများ အတွက်ကို ပြောပြပေးပါ့မယ်။ ဒါလေးကို ဘာကြောင့် သုံးသင့်လဲ ဆိုတော့ အထူးသဖြင့် နှေးကွေး လေးလံလှသော မြန်မာနိုင်ငံရဲ့ အင်တာနက် အနှေးနှုန်းနဲ့ ဆိုရင် google မှာ ကိုယ်ရှာနေသော ပုံတစ်ပုံကို မြင်ရအောင် ၊ Facebook မှာ ကိုယ်ကြည့်ချင်သော ပုံတစ်ပုံကို ကြည့်လို့ရအောင် ဆိုတာ ထိုပုံဆီကို ရောက်အောင် သွားနေတာနဲ့ အချိန် အလွန်ကုန်ပါတယ်။
ဒါကြောင့် ဒီပုံပြီး နောက်တစ်ပုံကို သွားကြည့်တဲ့ အချိန်ဟာ အလွန်ကြာလို့ Facebook အပါအဝင် တခြားသော နေရာများမှ ပုံများကို အသေးစိတ် မြင်ဖို့ အတွက် တစ်ပုံပြီး တစ်ပုံ ကလစ်နှိပ်ကာ သွားရောက် ကြည့်ရှု့ရန် မလိုတော့ခြင်းပါပဲ။ မောက်စ်ရဲ့ ကာဆာလေးကို ကိုယ်ကြည့်ချင်သော ပုံလေးပေါ်မှာ တင်ထားလိုက်တာနဲ့ သူက သူ့ဖာသာ Zoom ဆွဲပြီး ပုံကြီး ချဲ့ပေးမှာ ဖြစ်ပါတယ်။
ဒီမှာ ကိုယ်ကြိုက်တာကို ရွေးခြယ်ခွင့် ရှိပါတယ်။ အခု သုံးစွဲမဲ့သူဟာ Facebook မှ ပုံတွေကိုပဲ Zoom ဆွဲကြည့်မှာလား ၊ ဒါမှမဟုတ် google image မှ ပုံတွေ အပါအဝင် တခြားသော ( ၁၇ ) မျိုးသော နေရာများမှ ပုံတွေကို Zoom ဆွဲကြည့်မှာလား ဆိုတာကိုတော့ ကိုယ့်ဖာသာ ရွေးရပါလိမ့်မယ်။ ဒီအတွက် ပထမဦးဆုံး အောက်က ပုံလေးကို နှိပ်ပြီး အဲဒီနေရာကို သွားလိုက်ပါ။
အဲဒီနေရာကို ရောက်ပြီ ဆိုရင် များလှစွာသော add on တွေထဲမှ ရွေးစရာ နှစ်ခု ရှိပါတယ်။ အပေါ်ဆုံးသော နှစ်ခုကိုပဲ ကျွန်တော်တို့ အသုံးပြုပါ့မယ်။ အောက်က ပုံလေးကို ထပ်ကြည့်ပါ။
ဒီနေရာကို ရောက်ပြီ ဆိုရင် ကိုယ်က Facebook အတွက်ပဲ သုံးမယ် ဆိုရင်တော့ အပေါ်က ကျွန်တော် နံပါတ် ( ၁ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။ ဒီလို မဟုတ်ဘဲ ကိုယ်ကတော့ Facebook , google , Twitter , Wikipedia အစရှိသော ( ၁၇ ) မျိုးသော ဆိုက်တွေမှာ ရှိတဲ့ ပုံတွေကို Zoom ချဲ့ကြည့်ဖို့ သုံးမယ် ဆိုရင်တော့ ကျွန်တော် နံပါတ် ( ၂ ) လို့ ပြထားတဲ့ Add to Firefox ဆိုတဲ့ အစိမ်းလေးကို နှိပ်ပါ။
ကျွန်တော်ကတော့ Facebook တစ်ခုတည်း အတွက် မဟုတ်ဘဲ ၊ ( ၁၇ ) မျိုးလုံး ကြည့်ဖို့အတွက် ဆိုတော့ နံပါတ် ( ၂ ) ကိုပဲ နှိပ်လိုက်ပါမယ်။ အားလုံးကိုလည်း နံပါတ် ( ၂ ) ကိုပဲ နှိပ်ဖို့ အကြံပြုလိုပါတယ်။ ဒါဆိုရင် အောက်က ပုံပါ အတိုင်း Install လုပ်ရန် အကွက်လေး ထပ်ပေါ်လာပါ့မယ်။ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပုံလေးနဲ့ အောက်မှာ ထပ်ရှင်းပြထားပါတယ်။
ဒါဆို အခု ထပ်ပြီးတော့ Google Image က ပုံတွေကို စမ်းကြည့်ရအောင်။ ထုံးစံ အတိုင်း Google ကို ဝင်ပါ။ ပြီးရင် Images ကို ထပ်သွားပါ။ ရောက်ပြီ ဆိုရင် ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးပြီး ရှာလိုက်ပါ။ ကျွန်တော်ကတော့ ပုရွက်ဆိတ် ဆိုပြီး ( ant ) လို့ပဲ ရှာလိုက်ပါတယ်။ ဒီတော့ ပုရွတ်ဆိတ်နဲ့ ပတ်သတ်တဲ့ ပုံတွေ အကုန် ကျလာပါလိမ့်မယ်။
အဲဒီလို ပုံတွေထဲက ကိုယ်ကြည့်ချင်တဲ့ ပုံပေါ်ကို မောက်စ်ရဲ့ ကာဆာလေး ချလိုက်ရင် သူ့အလိုလို Google Image က Zoom ဆွဲကာ ပုံကို ချဲ့ပြပါလိမ့်မယ်။ ဒါပေမဲ့ သူချဲ့ပြတဲ့ ပုံက အနည်းငယ်သာ ဖြစ်လို့ သေးငယ်ပါတယ်။ ဒါကို ဒီ Add on လေး ထည့်ထားရင်တော့ သူက Google Image က ချဲ့ပေးတဲ့ Zoom ထက် တင်ထားသော ပုံရဲ့ နဂိုမူလ အရွယ်အစားအတိုင်း ချဲ့ပြပါလိမ့်မယ်။ အောက်က ပုံကတော့ Google Image မှ ချဲ့ပြထားသော ပုံနှင့် ထပ်၍ ချဲ့ရန် အတွက် Loading လုပ်နေသော ပုံလေးပဲ ဖြစ်ပါတယ်။
ကျွန်တော့် အတွက်ကတော့ အရမ်းကို အဆင်ပြေပါတယ်။ အားလုံးကိုလည်း အဆင်ပြေပြေ နဲ့ အချိန်ကုန် သက်သာစွာ အင်တာနက် သုံးစေချင်လို့ ဒီ Add on လေးကို သုံးစေချင်ပါတယ်။ စမ်းသုံးကြည့်ပါ။
သုံးလို့ အဆင်မပြေဘူး ဆိုရင် အရှေ့က မော်နီတာကို တူနဲ့ ထုပါ။ အဆင်ပြေတယ် ဆိုရင်တော့ “ ကျေးဇူးတင်ပါတယ် ကိုဇော် ” လို့ ပြုံးပြီး ပြန်ပြောခဲ့ယုံပါပဲ။ ဘယ်ကို ရောက်နေနေ ကျွန်တော့် ဘလော့ကို ဝင်မရရင်လည်း အဆင်ပြေအောင်လို့ ကျွန်တော် pdf လေးပါ လုပ်ပြီး တင်ပေးထားပါတယ်။ လိုချင်သူများ ဒေါင်းပြီး သိမ်းထားလိုက်ပါ။ pdf မှာ ရှိနေတဲ့ လင့်တွေကို နှိပ်ပြီးတော့လည်း လိုရာကို ရောက်နိုင်ပါတယ်။
pdf ဖြင့် ဖတ်ချင်ရင်
အားလုံးပဲ အဆင်ပြေကြပါစေ။
(ကိုဇော်ဆိုက်မှ ကူးယူဖော်ပြသည်)
No comments:
Post a Comment
daweiit@gmail.com