ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 8 November 2011

IDM က Firefox မှာ အလုပ်မလုပ်ရင်

December Mgmg

IDM က Firefox မှာ အလုပ်မလုပ်ရင်

ကျွန်တော်ကို မေးထားတာတွေရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်မသိသေးတာနဲ့ မတင်ဖြစ်လိုက်ပါဘူး ။ ပြောရရင် ကျွန်တော် ကိုယ်တိုင်းလည်း အဲဒီပြသနာနဲ့ ရင်ဆိုင်နေရတာပါ ။ ကျွန်တော် IDM လည်း Firefox မှာ အလုပ်မလုပ်ပါဘူးဗျ ။ သူတို့မေးတော့မှ ကျွန်တော်လည်း အဖြေရှာရတာပေါ့ဗျာ ။ ခုတော့ ရပါပြီ ။ လွယ်လွယ်လေးပါဗျာ ။ မေးထားတဲ့ သူငယ်ချင်းတွေလည်း ကျေးဇူးတင်ပါတယ် ။ သူတို့ မေးလို့လည်း ကျွန်တော် အတွက် အလုပ်တစ်ခုရတာပေါ့ ။ ဒါကြောင့် သူငယ်ချင်းတို့ရေ ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်ခဲပဲ ကြုံကြုံ ပြောပါ ။ မေလ်းပို့ပါ ။ ကျွန်တော် တော်လို့ အဲလိုပြောတာ မဟုတ်ဘူး ။ ဒါပေမယ့် ရှာလို့တော့ တတ်တယ် ။ ဒါကြောင့် ။
စကားများသွားပြန်ပြီ.... စာဖတ်သူရဲ့ IDM လည်း Firefox မှာ အလုပ်မလုပ်ဘူးဆိုရင် ဒီတိုင်းလေးပဲလုပ်ပေးလိုက်ပါ ။ အဆင်ပြေပါလိမ့်မယ် ။ ကျွန်တော် တင်ထားတဲ့ ပိုစ့်တွေ အတွက် ကျွန်တော် အာမခံတယ် ။ ဘာလို့ဆိုတော့ ကျွန်တော် ကိုယ်တိုင် စမ်းပြီး အောင်မြင်ပြီးမှပဲ ကျွန်တော်တင်တာ ။ ပြောရဦးမယ်...ကျွန်တော်ရဲ စာတစ်ပုဒ်အကြောင်းကို ပါ ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေ ဖုန်းခေါ်ရင်းနောက်မယ် ဆိုတဲ့ ပိုစ့်ပါ ။ စာဖတ်သူလည်း ဖတ်ဖူးကောင်း ဖတ်ဖူးလိမ့်မယ်ထင်ပါတယ် ။ အဲဒါ နည်းနည်းလေး ဖြေရှင်းချက်ပြောချင်ပါတယ် ။ ကျွန်တော်ရဲ့ ပိုစ့်နာမည်ကို သေချာဖတ်နော် ။ သူငယ်ချင်းတွေကို အွန်လိုင်းကနေဖုန်းခေါ်ရင်း နောက်မယ် ။ စကားပြောမယ် မဟုတ်ဘူးနော် ။ နောက်တာလေးတင် အပုံအတိုင်းသွားလိုက်ပြီး Call now ကို နိပ်လိုက်ပါ က ။ အင်တာနက်ကနေ ခေါ်ပါလိမ့်မယ် ။ စကားပြောလို့မရဘူး ။နောက်တာလေးတင် ။ ပြီးတော့လည်း ။ ကျွန်တော်ကိုယ်တိုင် လုပ်တာကတော့ ဖုန်းနံပါတ်တွေကို Add ပြီးတော့ ခေါ်ရတာ ။ ကိုယ့်ဖုန်းနံပါတ်ကို ထည့်ခါစက လိုမျိုးပေါ့ ။ ရပါတယ် ကျွန်တော်ကိုယ်တိုင် ကျွန်တော့် သူငယ်ချင်းတွေကို နောက်ပြီးပါပြီ ။ တစ်ယောက်က အရက်မူးနေတုန်းမို့ မသိလိုက်ပါဘူး ။ ကိုယ့်ဖုန်းနံပါတ်က ကိုယ့်ကို ပြန်ခေါ်နေတာနော် ။ တစ်ယောက်ကတော့ အိပ်နေတုန်း ဖုန်းဝင်လာတာ ကြည့်တော့ သူဖုန်းနံပါတ်ပဲဖြစ်ပြီး Hi! December လိုခေါ်တော့ မှ ကျွန်တော် မွှေထားမှန်း သူသိသွားတယ် ။ December လို့ နာမည် ထည့်ထားတာကိုး ။ စကားတော်တော်များလွန်သွားပြီ ။

ကဲ စမယ်နော်....
ပထမဆုံး ဒီနေရာလေးကို သွားပြီးတော့ Firefox Add-On ကို လုပ်ပါ ။ Add-On လုပ်နည်းတွေကို သိပါတယ် မလား ။ သာမန် Add-On လုပ်သမျိုးပါပဲဗျာ ။ မသိသေးတဲ့ လူတွေ တွက်ကို ရည်ညွန်းပြီး အရှည်ရေးပေးပါမယ် ။ သိပြီးသားဆိုရင်တော့ Add-On လင့်ကို သွားပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်လိုက်ရုံပဲ နော်.....။
အဲဒါလေးကို နိပ်လိုက်ရုံနဲ့ Add-On လုပ်ပြီးသားပါပဲဗျာ ။  အပုံကြည့်လိုက်ပါဦး
အပေါ်က ဒီနေရာလေး ဆိုတာကို နိပ်လိုက်တာနဲ့ အဲလိုမျိုး ပေါ်လာလိမ့်မယ် ။ ဒါမှမဟုတ်ရင် တော်ကြာလင့်က အလုပ်မလုပ်ရင် အပြောခံရမှာ စိုးလို့ အောက်က စာသားကို လည်း နိပ်နိုင်ပါတ်။  
အဲဒီလိုတက်လာပြီဆိုရင် Allow ကို နိပ်လိုက်ရုံတင် ။  ပြီးရင်တော့ Install Now ဆိုတာ တက်လာလိမ့်မယ်။
နားမလည်ရင် အပုံကို ကြည့်ပါ ။ ဘာမှလုပ်စရာမလိုပါဘူး ။ Allow ကို နိပ်လိုက်တာနဲ့ တင် တက်လာပါပြီ ။
ပြီးရင်တော့ Restart ချဖို့ပဲ ကျန်တယ် ။ Restart ချတယ်ဆိုတော့ မလန့်ပါနဲ့ ။ ချက်နေရင်းမို့ ဟိုဘက်က စိတ်ဆိုးမှာကြောက်တာနဲ့ Restart ချဖို့ ကြောက်သွားတဲ့လူလည်းရှိတယ် ။ တကယ်ပြောတာ ။ Firefox ပဲ ချတာပါ ဗျ ။ ပြီးရင်တော့ ခဏလေးစောင့်ပြီးရင် ပြန်ပေါ်လာပါလိမ့်မယ် ။ အဲဒီချိန်ကရင် သင့်ရဲ့ IDM က Firefox မှာ အလုပ်လုပ်နေပြီဖြစ်ကြောင်းကို Right လိုက်ရင် သိမှာပါ ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။ ခွန်မောင်ပန် http://www.decembermgmg.co.cc/
Views: 397

No comments:

Post a Comment

daweiit@gmail.com