Pages
Serial key နဲ key Generater မျေားရယူနိုင်သောေ
Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ
http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်
Dawei IT Search(ရှာဖွေရန်)
Translate ဘာသာပြန်ကြမယ်
Sunday, 27 January 2013
Saturday, 5 January 2013
Nokia ဖုန်းများတွင်internetပေါ်တွင်Myanmar font မြင်ရအောင်လုပ်နည်း
nokia phone မှာ myanmar font ကို internet ပေါ်မှာဖောင်မထပ်ဘဲ
ကောင်ကောင် ဖတ်ခြင်တဲ့ ဘောဘောတို့ အတွက် အရင်ကတင်ပေးဖူပါတယ် facebook
,google တွေမှာကောင်ကောင် အလုပ်လုပ်ပါတယ် zip ဖိုင်ကိုအောက်မှာဒေါင်လိုက်ပါ
ပြီရင်ဒေါင်လို့ ရလာတဲ့ Zip ဖိုင်ကိုဖြညိ့လိုက်ပါပြီရင်
အထဲကဖိုင်တွေအားလုံးဖုန်းမန်မိုရီထဲ
သွင်းလိုက်ပါအာလုံးဖိုင်လေခုရှိပါတယ်အရင်ဆုံးX-ploreဖိုင်းကိုအင်စတောလုပ်ပါ
ပြီရင်Opera-mobile ဖိုင်းကိုအင်စတောလုပ်ပါပြီရင်app
နေရာမှာသွားပြီစောစောကအင်စတောလုပ်ထားတဲ့ x-plore ကိုဖွင်ပါ စောစောက
မန်မိုရီမှာသွင်းထားတဲ့ nokia zawgyi ဖိုင်ကို copy သွားလုပ်ပါပြီရင် E:/system/Apps/OperaMobile/font ဖိုဒါထဲမှာ paste လာလုပ်ပါပြီရင်စောစောက zawgyi ဖိုင်း copy လုပ်တဲ့နေရာမှာဘဲ user ဆိုတဲ့ဖိုင်ကို copy လုပ်ပါပြီရင် E:/system/Apps/OperaMobile/stylesနေရာမှာpaste
လာလုပ်ပါပြီရင်ဖုန်းကိုပိတ်ပြီပြန်ဖွင်ပါ ဖုန်းရဲ့ app နေရာမှာအင်စတော
လုပ်ထားတဲ့ Opera mobile ကိုဖွင့်ပြီ ကိုကြိုက်တာကိုဖတ်လို့ ရပါပြီ
အနောအခုဘဲ nokia N95 မှာစမ်းထားတာပါဖောင်အာလုံးအဆင်ပြေတယ်
nokia symbian touch phone တွေမှာ Myanmar Font အလွယ်တကူသွင်းနည်း
download
nokia touch phone တွေမှာ အလွယ်ကူဆုံးနဲ မြန်မာ font မြင်အောင်သွင်နည်းပါ ဖုန်းလဲhackစရာမလိုတဲ့အတွက် ဘာမှပြသနာမရှိပါဘူ
ဒီကောင်ကဖောင်မြင်ရုံးမြင်ရမှာ ကျန်တဲ့ဖောင်တွေတောမပြောက်ပါဘူ
ဒီကောင်ကိုသွင်ဖို့ အရင်ဆုံးဒီဖိုင်ကိုဒေါင်လိုက်ပါ ပြီရင်Zipဖိုင်ဖြည်လိုက်ပါ ပြီရင်အထဲကresourceဖိုဒါကို ဒီအတိုင်ကို ဖုန်းရဲ့ SD card ထဲကိုသွင်လိုက်ပါ
ှSD cardမှာအရင်ဆုံ resource ရှိမရှိအရင်ကြည့်ပါ ရှိတဲ့ဆိုရင် ဖျက်ပြိမှ အခုဒေါင်ထားတဲ့
ဖိုဒါကိုထည့်ပါ သွင်ပြီဆိုရင် SD cardကို phoneထဲသွင်ပြီ ဖုန်းကိုပိတ်ပြီ ပြန်ဖွင့်ပါ ဒါဆို မြန်မာ
လိုရေထားတာတွေ မြင်ရပါပြီ
Thursday, 3 January 2013
Yamicsoft Windows 8 Manager 1.0.4 Final
ကျွန်တော် အရှေ့မှာလည်း Window 7 Manager
လေးတွေကို Update ဖြစ်တိုင်းတင်ပေးခဲ့ပါတယ်။ အခုနောက်ပိုင်းမှာလည်း Window
8 အတွက် Manager လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ စက်တွေကို
Windows 8 အတွက် optimize, tweak, repair နဲ့ clean up ကို ဒီ Manager
လေးကနေ ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ မတူညီတဲ့ utilities ပေါင်း ၃၀ ကျော်ကို
တစ်ခုထဲနဲ့ အကောင်းဆုံးဖြစ်အောင် Optimize လုပ်ပေးနိုင်ပါလိမ့်မယ်။
အောက်မှာယူသွားလိုက်ပါဗျာ .။
ကျွန်တော်အောက်မှာ အဆင်ပြေအောင် နှစ်နေရာခွဲတင်ပေးထားပါတယ်။။ အဆင်ပြေမယ့် လင့်ခ်လေးကနေ သာယူသွားလိုက်ပါခင်ဗျာ.။
Yamicsoft Windows 8 Manager 1.0.4 Final
Hide IP Easy 5.2.2.6
ကျွန်တော် အရှေ့ပိုင်းမှာတုန်းကလည်း
တော်တော်များများကို တင်ပေး ခဲ့ပြီးပါပြီ။ နောက်ပိုင်းလည်း Update
ဖြစ်သွားတိုင်း ဆက်တင်ပေးသွားပါ့မယ်။ ရန်ကိုရှောင်ရှားနိုင် တာကလည်း
အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဖိုင်ဆိုဒ်ကတော့ 5 MB ပဲရှိပါတယ်။ အထဲမှာ
Patch ဖိုင်လေးပါထည့်ပေးထားပါတယ်။ အဆင်ပြေမှာပါ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူသွားလိုက်ပါဗျာ။
Hide IP Easy 5.2.2.6
Downloading from filecloud.iohttp://filecloud.io/download.html
Downloading from zidduhttp://www.ziddu.com/download/21249998/Hide_IP_Easy_5.2.2.6_By_Nay_Min_Maung.rar.html
(ပြန်လည်မျှဝေခြင်း)
Internet Speed နဲ့ Web Browsers တွေကို ဖွင့်ရတဲ့ Speed လေးတွေမြန်ဆန်အောင်
ကျွန် တော်တို့ Internet Speed နဲ့ Web Browsers တွေကို ဖွင့်ရတဲ့ Speed လေးတွေမြန်ဆန်လာအောင် ဒီကောင် လေးက အထောက်အကူပြုပါလိမ့်မယ်။ ကျွန်တော်တို့ Beta Version လေးဖြစ်တဲ့ အတွက် ကီးထည့် ပေးစရာမလိုပါဘူး။ နောက်ကိုလည်း ကျွန်တော် Connection မြန်အောင် အထောက် အကူပြုပေး နိုင်တဲ့ Software လေးတွေရလာတာနဲ့ တင်တင်ပေးသွားပါ့မယ်။အသေးစိတ်သိလိုရင် တော့ သူ့ရဲ့ Home Page လေးမှာ လေ့လာကြည့်လိုက်ပါဗျာ။အောက်ကလင့်ခ် လေးကသူ့ရဲ့ Home Page လေးဖြစ်ပါတယ်။ အထဲမှာ သူ့အတွက် Crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် ကနေယူသွားလိုက်ပါဗျာ။ အထဲမှာလည်း Install လုပ်ရမယ့်
ပုံစံလေးကိုထပ်ထည့် ပေးထားပါတယ်။ Registry ထဲမှာ Delete လုပ်ရမယ့် key
လေးတွေကိုလည်း အောက်မှာ ပုံနဲ့ပြပေးထားပါတယ်။ Delete လုပ်ပြီးတာနဲ့
Uninstall မလုပ်ပဲ ထပ်ပြီး နောက်တစ်ကြိမ် Run ပေးပါ။
cFosSpeed - The Internet Accelerator
Downloading from filecloud.iohttp://filecloud.io/download.html
Downloading from zidduhttp://www.ziddu.com/download/21250339/cFosSpeed8.03ByNayMinMaung.rar.html
အားလုံးပဲအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မူးရင်းရေးသူကို ကျေးဇူးတင်ပါတယ်
ပြန်လည်မျှဝေခြင်း
Sunday, 9 December 2012
Saturday, 1 September 2012
အလုပ်ခေါ်လိပ်စာ နှင့်ရောင်းရန်
http://www.myanmarinternetjournal.com/component/content/category/31?layout=blog
Wi-Fi လွှင့်နည်း အသေး စိတ်
Wi-Fi လွှင့်နည်း
အိမ်တွင်း၊ရုံးတွင်းအတွက်
Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point
ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး
လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ
Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi
လွှင့်နည်း အသေး စိတ် ရေးသားဖော်ပြသွားပါ့မယ်။
Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။
လောလောဆယ် လူသုံးများနေတဲ့ TP-Link Outdoor Antenna ANT-2421D ကို ကြည့်ကြည့်ရအောင်ပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ ANT-2421D ဖြစ်ပါတယ်။

ပုံကြည့်ရင်တော့
လက်တစ်တောင်လောက်ပဲ ရှိမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ လူတစ်ရပ်စာနီးပါး
ရှည်ပါတယ်။ ဒီ Antenna ကို Wireless Router နဲ့ ဆက်သွယ်လိုက်တာနဲ့
ကိုယ့်ရဲ့ Wi-Fi ဧရိယာက ခပ်ဝေးဝေးထိကို ရောက်ပါလိမ့်မယ်။
သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။
သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။
Specification
မှာ အဓိကထားပြီး ကြည့်ရမှာက Gain ပါ။ ဒီ Antennaဆိုရင် Gain က 15 dBi
ထိ ရပါတယ်။ dBi ဆိုတာက decibel isotropic ရဲ့ အတိုကောက်ဖြစ်ပါတယ်။
decibel ဆိုတာက အသံရဲ့အတိုးအကျယ်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုဆိုလည်း
ဟုတ်ပါတယ်။ dBi ယူနစ်ဟာ Ominidirectional Antenna တွေအတွက် တိုင်းတာတဲ့
ယူနစ် ဖြစ်ပါတယ်။ dBi တန်ဖိုးများလေလေ လှိုင်းများကို
ဖမ်းနိုင်၊ပို့နိုင်တဲ့ ခွင်ကျဉ်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့
အရပ်ရှစ်မျက်နှာအနှံ့ ၀ိုင်ဖိုင်ကွန်ယက် ဖြန့်ချင်ရင် dBi တန်ဖိုး
နည်းတဲ့ Antenna တွေကို သုံးစွဲသင့်ပြီး လားရာတစ်ဖက်တည်းကို အဓိက
ဦးတည်ချင်ရင်တော့ dBi တန်ဖိုးများတဲ့ Antenna ကို သုံးစွဲသင့်ပါတယ်။
dBi တန်ဖိုးအနည်းအများဟာ အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ (dBi တန်ဖိုးများရင် အဝေးကြီးရောက်အောင် လွှင့်နိုင်တယ်လို့ မယူဆမိပါစေနဲ့) ဖမ်းယူနိုင်တဲ့ဧရိယာကိုတော့ Beamwidth ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီ Antenna မှာ Beamwidth က horizontal ဆိုရင် ၃၆၀ဒီဂရီ ရရှိပြီး vertical က ၉ ဒီဂရီပဲ ရပါတယ်။ ဆိုလိုတာက Antenna နဲ့ horizonal အနေအထားအတိုင်း ဖမ်းမယ်ဆိုရင် ၃၆၀ ဒီဂရီရတာမို့ အရှေ့က ဖမ်းဖမ်း၊ အနောက်က ဖမ်းဖမ်း မိမှာပါ။ ဒါပေမဲ့ vertical အနေအထားနဲ့ ဖမ်းမယ်ဆိုရင်တော့ 9 ဒီဂရီအတွင်းမှာပဲ ရရှိနိုင်ပါလိမ့်မယ်။
ဒါကြောင့်လည်း ဒီ Antenna ကို Omini Antenna ရယ်လို့ အလွယ်ခေါ်ကြတာပါ။ ၃၆၀ ဒီဂရီ ဖမ်းနိုင်၊လွှတ်နိုင် တယ်ပေါ့လေ။
အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့် ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။
Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

အထက်ပါပုံစံအတိုင်း
ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting
ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့
ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ
External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။
အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။
External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်း ဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။
ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။
http://www.tp-link.com/support/wireless_calculator/index.asp
ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။

လွှင့်တဲ့ဘက်နဲ့
ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ်
Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို
ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို
ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G
Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။
Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။
Result
တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3
mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ
ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ
ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို
သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G
ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။
CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။

Antenna
တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi
Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း
လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို
Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့
အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း
ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။
CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။
Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။
CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။
Subscribe to:
Posts (Atom)