ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Monday 28 March 2016

iPhone 6 ကို ပွက်ပွက်ဆူနေသော ကိုကာကိုလာထဲသို့ ထည့်လိုက်သည့်အခါ ဘာဖြစ်သွားသလဲ



YouTube တွင် နာမည်ကျော်ကြားသူ ယူကရိန်းနိုင်ငံသား TechRax သည် ကိုကာကိုလာကို ပွက်ပွက်ဆူအောင် တည်ထားသော ဒယ်အိုးထဲသို့ iPhone 6 အသစ်စက်စက်ကို ပစ်ချ၍ စမ်းသပ်ခဲ့သည်။
ထိုသို့ထည့်သွင်းပြီးနောက် ဖုန်း၏အရာဝတ္ထုများသည် ဖြည်းညင်းစွာ အရည်ပျော်သွားခဲ့သည်။






“အခုစမ်းသပ်မှု ရလဒ်ကြောင့် ကျွန်တော့်အိမ်မှာ ၂ နာရီလောက် မီးခိုးအနံ့တွေ စွဲသွားပါတယ်။ ဒီနည်းလမ်းကို အိမ်မှာ မစမ်းသပ်ဖို့ အကြံပေးချင်ပါတယ်” ဟု TechRax နည်းပညာသလော့ဂါက YouTube တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းဗီဒီယိုကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က တင်ခဲ့ပြီးနောက် YouTube တွင် ကြည့်ရှုသူ ၁.၈ သန်းကျော်အထိ ရှိလာသည်။ ထို့အပြင် TechRax သည် iPhone 6 ကို ကြက်ဆင်တစ်ကောင်အတွင်း ထည့်သွင်းကာ ကင်ပြခဲ့သလို power tool တစ်ခုဖြင့်လည်း iPhone 6 တွင် အပေါက်တစ်ခု ဖောက်ပြခဲ့ဖူးသည်။

Credit internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

Snapdragon 820 ချစ်ပ်ပါဝင်သည့် OnePlus 3 ကို ဧပြီ ၇ ရက်တွင် မိတ်ဆက်မည်

 
အထင်ကရ စမတ်ဖုန်းဖြစ်သည့် Mi 5 ကို မိတ်ဆက်ပေးခဲ့ပြီးနောက် ပြိုင်ဘက် OnePlus ကလည်း ၎င်း၏ အထင်ကရ စမတ်ဖုန်းသစ်ကို မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် OnePlus 3 စမတ်ဖုန်းကို ဧပြီလ ၇ ရက်တွင် ဘေကျင်းမြို့ရှိ ပွဲတစ်ခု၌ မိတ်ဆက်ပေးဖွယ်ရှိသည်။

OnePlus မှ အသစ်ဖြန့်ချိမည့် စမတ်ဖုန်း၏ အသေးစိတ်အချက်အလက်ကို bench marking app AnTuTu ပေါ်တွင် OnePlus A300 အနေဖြင့် တွေ့ရှိခဲ့ရကြောင်း၊ တရားဝင် အတည်ပြုချက်များ မရှိသေးသော်လည်း ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရာ ၎င်းကို OnePlus 3 အဖြစ် အလွယ်တကူသတ်မှတ်နိုင်ကြောင်း နည်းပညာသတင်းဝက်ဘ်ဆိုက်ဖြစ်သော GizmoChina ၏ ဖော်ပြခဲ့သည်။

OnePlus 3 တွင် Qualcomm ၏ Snapdragon 820 ပရိုဆက်ဆာနှင့် Adreno 530 GPU တို့ပါဝင်ပြီး 4GB RAM နှင့် 32GB internal storage ထောက်ပံ့ပေးထားကြောင်း၊ ၎င်းတွင်ပါဝင်သည့် ၅.၅ လက်မ Full HD display ၏ pixel သိပ်သည်းဆက 400ppi ဖြစ်ကြောင်း အထက်ပါ နည်းပညာသတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ စမတ်ဖုန်းသစ်တွင် Android Marshmallow ကိုအခြေခံထားသော Oxygen OS ကို အသုံးပြုထားပြီး ကင်မရာအနေဖြင့် ကျောဘက်တွင် 16MP ကင်မရာနှင့် အရှေ့ဘက်တွင် 8MP ကင်မရာတို့ကို အသုံးပြုထားကြောင်း ဆိုသည်။

Ref: TimesOfIndia
သီဟထိုက်(ဆွေသဟာMobile)
www,thihahtike.com

ဝန်ထမ်း ငါးဦးလျှင် တစ်ဦးမှာ လုပ်ငန်းခွင်သုံး password များကို ရောင်းချလိုဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ




တက္ကဆက်စ် ပြည်နယ်အခြေစိုက် အော်စတင်မြို့ရှိ လုံခြုံရေးကုမ္ပဏီ SailPoint မှပြုလုပ်သော သုတေသနအရ ဝန်ထမ်း ၅ ဦးလျှင် ၁ ဦးမှာ ငွေကြေးအတွက်ဖြင့် လုပ်ငန်းခွင်သုံး password များကို ရောင်းချနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် မေးခွန်းများကို ဖြေကြားခဲ့သူ ၄၄ ရာခိုင်နှုန်းသည် ကန်ဒေါ်လာ ၁၀၀၀ ထက် မနည်းသော တန်ဖိုးဖြင့် ၎င်းတို့၏ password များကို ရောင်းချမည်ဖြစ်ကြောင်း သဘောတူညီစွာ ဖြေဆိုခဲ့ကြသည်။ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် အသုံးပြုသော password များသည် လုံခြုံမှုမရှိသလို ၎င်း password များကို ရောင်းချလိုသည့် အကျင့်တရားများ ရှိကြကြောင်း ညွှန်ပြနေသည်။ ဝန်ထမ်းသုံးပုံနှစ်ပုံက လုပ်ဖော်ကိုင်ဖက် များနှင့်အတူ password များနှင့် ထောက်ခံချက်များ (credentials) ကိုဝေမျှ လျက်ရှိကြောင်း ဝန်ခံထားပြီး ၁၆ ရာခိုင်နှုန်းက ထောက်ခံချက်များ အားလုံးကို password တစ်ခုတည်းဖြင့် အသုံးပြုကြောင်း ပြောကြားထားကြသည်။

ထို့အပြင် ကုမ္ပဏီများသည် ဝန်ထမ်းများ ရုံးဆင်းခွင့်ပေးပြီး နောက်တံခါးများကို လုံခြုံစွာထိန်းသိမ်း နိုင်ခြင်းမရှိပေ။ ၄၂ ရာခိုင်နှုန်းသော မေးခွန်းများကို ဖြေကြားသူများက ရုံးဆင်းပြီးနောက် cor-porate account များနှင့် အချက်အလက်များကို အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref: TheNextWeb

သီဟထိုက်(ဆွေသဟာ Mobile)
www.thihahtike.com

Thursday 17 March 2016

ဆွေသဟာ ရဲ့ အပတ်စဉ်ပရိုးမိုးရှင်းအစီအစဉ် (From 17.3.2016 to 24.3.2016)

ဆွေသဟာ ရဲ့ အပတ်စဉ်ပရိုးမိုးရှင်းအစီအစဉ်
==========================


မင်္ဂလာပါ ကျွန်တော်တို့ဆွေသဟာမှ အပတ်စဉ်ပရိုမိုးရှင်းအစီအစဉ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ

ဟုတ်ကဲ့ မင်္ဂလာပါကျွန်တော်တို့ဆွေသဟာမှ...

၁၀၀၀၀ဖိုးနဲ့အထက် အားပေးပါက
တစ်သောင်း၊
ငါးထောင်၊
၂နှစ်ထောင်၊
Facebook Account၊
App&Game၁၀ခု၊
Music Album
Wallpaper များ
... ကံစမ်းမဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ...

ဈေးနူန်းချိုသာပြီးတစ်နှစ်အာမခံချက်ရှိတဲ့ ဟန်းဆက်များကိုဝယ်ယူရင်  လက်ဆောင်တွေနဲ့ ကံစမ်းမဲနှစ်ဆောင်နိုက်ခွင့်ရမှာနော်...

နောက်ထပ်လည်းဆွေသဟာရဲ့ အပတ်စဉ်ပရိုးမိုးရှင်းအစီအစဉ်က ကျန်သေးတယ်နော်... အောက်မှာဖတ်ကြည့်ပြီး ရင်ခုန်လိုက်ကြရအောင်နော့်...

ဝယ်ယူသူများအတွက် ဆိုင်မှမည်သည် ပစွည်းဝယ်ယူသည်ဖြစ်စေ 3000 ဖိုးနှင့်အထက်ဝယ်ယူအားပေးပါက မိမိတို့ ဖုန်းထဲကို (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ပစွည်းပြင်ဆင်သူများအတွက် ဆိုင်မှ မည်သည့် Software or Hardware ပြင်ဆင်မူဖြစ်စေ ပြင်ဆင်မူ ၅၀၀၀ ကျသင့်ပါက (၅၀၀၀ ဆို ၁၀၀၀ / ၁၀၀၀၀ ဆို ၂၀၀၀/၂၀၀၀၀ ဆို ၃၀၀၀ / ၄၀၀၀၀ ဆို ၄၀၀၀
နှင့် ၅၀၀၀၀ ဆို ၁၀၀၀၀ ပြန်လည်အမ်းပေးသွားမှာဖြစ်ပါတယ်။
ထို့နောက်

အသက်ကြီးရွယ်အိုများ
မသန်မစွမ်းသူများ
ပင်စင်စား လူကြီးများအတွက်
Software ပြင်ဆင်မူအပိုင်းတွင် ၂၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။

ချစ်သူစုံတွဲများ
သူငယ်ချင်းမိတ်ဆွေများ(အနည်းဆုံးနှစ်ယောက်လာရပါမည်)
ညီအကို မောင်နှမများ (အနည်းဆုံးနှစ်ယောက်လာရပါမည်)
(အဖြူရောင်)အလုပ်ယူနီဖောင်းဝတ်ထားသူမည်သူမဆို
ကျောင်းသား ယူနီးဖောင်းဝတ်ထားသူမည်သူမဆို
များကို
Software ပြင်ဆင်မူအပိုင်းတွင် ၃၀၀၀ ဖိုးနှင့်အထက် ပြင်ဆင်ပါက ပြင်မူစရိတ်တိုင်းတွင် ၁၀၀၀ စီလျော့ပေးပြီး (Music+Wallpaper+Game+Application)များကိုလက်ဆောင်ထည့်သွင်း
ပေးမှာဖြစ်ပါတယ်။


ယခုတစ်ခေါက် promotion ၏ထူးခြားမူအနေနဲ့ promotion ကာလအတွင်း (မြို့တွင်းTaxi မောင်းသူ)မိတ်ဆွေများကို ၁၀၀၀၀ နှင့်အထက်အားပေးပါက ၅၀၀၀ ဖိုး Software Service က
 အခမဲ့ပြင်ဆင်ပေးနေမှဖြစ်ပါတယ်။ ။
(မှတ်ချက်။ ။မိမိ မောင်းသည့် Taxi ကိုယူဆောင်လာရမည်ဖြစ်ပြီးနေ့စဉ် နေ့လယ် 12 နာရီမှ ညနေ 5:00 ထိသာ)

ကဲ.................................................  ဆွေသဟာ ဖုန်းဆိုင်(မြောက်ဒဂုံ၃၅မှတ်တိုင်)အနီးမှာ ကံစမ်းကြရအောင်နော့်(3.3.2016)မှ(10.3.2016) ထိ။

ဆွေသဟာ ဖုန်းဆိုင်၏ Facebook Page ကို like လုပ်ထားလိုပါက https://www.facebook.com/Swe-Tha-Har-Mobile-Sales-Services-425576914293663/
ဖြစ်ပြီး Blog ကတော့ www.swethahar35.blogspot.com ဖြစ်ပါတယ်ခင်ဗျာ။ ။

ဖုန်း=၀၉-၇၃၁၅၁၂၉၇ ကိုသိလိုတာများအသေးစိတ်ဆက်သွယ်စုံစမ်းနိုင်တယ်နော်...

By သီဟထိုက်