ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Showing posts with label အခြားသတင်းများ. Show all posts
Showing posts with label အခြားသတင်းများ. Show all posts

Thursday, 13 August 2015

ရေ​ဘေးဒုက္ခသည်​များအတွက်ငါတို့တတ်နိုင်သလောက်ကူညီကြစို့...(Let"s Save Our People #Myanmar...)

မြန်မာပြည်သူပြည်သားအားလုံးပဲမင်္ဂလာပါခင်ဗျာ တစ်ဖက်သားဒုက္ခရောက်နေရင် တတ်နိုင်သလောက်ကူညီဖေးမရမယ်ဆိုတာမြတ်ဗုဒွ၏တရားတော်ထဲမှာပါသလိုလူသားတိုင်းလိုက်နာကျင့်သုံးရမယ့်လမ်းစဉ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပြောချင်တာကအခုကျွန်တော်တို့မြန်မာနိုင်ငံမှာရာသီဥတုအလျောက် ​ရေ​ ဘေးဒုက္ခများကြုံတွေ့နေရာတာလူတိုင်းအသိပါပဲခင်ဗျာသက်ဆိုင်ရာကကူညီပေးနေသလိုပြည်သူလူထုကလည်းတတ်နိုင်သလောက်ကူညီပေးနေကြပါတယ်ခင်ဗျာအဲ့တွင်ကျွန်တော်တို့အဖွဲ့လေးကလည်းတစ်ဖက်တစ်လမ်းကကူညီပေးချင်တဲ့ပြင်းထန်တဲ့စိတ်စေတနာကြောင့်အခုလိုသက်ဆိုင်သောအများပြည်သူများကိုလက်ဆင့်ကမ်းအလှူလေးတတ်နိုင်သလောက်အကူညီခံရခြင်းဖြစ်ပါတယ်ခင်ဗျား...။ ။
 White Leaf Organization မှ ​ရေ​ဘေးဒုက္ခသည်​များအတွက်​ အလှူ ခံခြင်း -ကျွန်​​တော်တို့ White Leaf Org မှလူငယ်​များအ​နေနဲ့​အခုဖြစ်​​ပေါ်​နေတဲ့​ရေ​ဘေးဒုက္ခသည်​များအတွက်​ မိမိတို့တက်​စွမ်းသမျှအင်​အားဖြင့်​ကူညီသွားဖို့ရှိရာပါတယ်​ခင်​ဗျ ထို့ရာတွင်​​ငွေ​ကြေးအခက်​အခဲနဲ့ လှူ ဖွယ်​ပစ္စည်​များမှာ နဲပါး​နေ​သေးပါသဖြင့်​ ​​စေနာရှင်​များ၏ အကူအညီများနှင့်​အခြားအဆက်​အသွယ်​များကို အ​ရေးကြီးစွာလိုအပ်​​နေပါတယ်​ ။
 ကျွန်​​တော်​တို့ Organiation မှ အလှူ ခံ၍ရလာ​သော ​ငွေ​ကြေးများအား စား​သောက်​ကုန်​နှင့်​ အခြားပစ္စည်းများဝယ်​ယူ၍ ​လေ​ကြောင်းအကူအညီတစ်​ခုဖြင့်​ ဒုက္ခသည်​စခန်းများသို့ပို့​ဆောင်​​ပေးမည်​ဖြစ်​ပါသည်​အကယ်​၍ ကုန်းလမ်းများသွားလာ၍ရလာလျှင်​မိမိတ်ို့ကိုယ်​တိုင်​ လူအားဖြင့်​ပါဒုက္ခသည်​များရှိရာသို့သွာ​ရောက်​လှူဒါန်းမည်​ဖြစ်​ပါသည်​ ။
  သို့ဖြစ်​ပါ၍ မိမိတို့လှူ ဒါန်းချင်​သည့် ပစ္စည်​နှင့်​​ငွေ​ကြေးများအားနဲသည်​များသည်​မဆိုထားပါ ပါဝင်​လှူ ဒါန်းကြပါလို့တိုက်​တွန်းလိုပါတယ်​ခင်​ဗျာအကယ်​၍ လာ​ရောက်​ယူပါဆိုလျှင်​လဲ ကျွန်​​တော်​တို့ လူငယ်​များမှကိုယ်​တိုင်​လာယူဖို့အသင့်​အ​နေအထားမှာရှိ​နေပါတယ်​ခင်​ဗျာ ဆက်​သွယ်​စုံစမ်းနိုင်​မည့်​ဖုန်းနံပါတ်​များက​တော့
 -Zay Ye Htut(09795370779) Khant Zawoo (09799866722) Thiha Htetnaing-(09421063148) အ​ဝေး​ရောက်​​စေတနာရှင်​များအတွက်​က​တော့- White Leaf Organizationရဲ့ATM Cardဖြစ်​တဲ့ 9503090000552228 AGD card 016100100046210 UAE card ကိုငွေလွှဲပေးနိုင်ပါတယ်ခင်ဗျာ
 Facebook Page - White Leaf Organiztion https://m.facebook.com/whiteleaforgamisation လာ​ရောက်​လှူဒါန်းနိုင်​မည့်​​နေရာ- မဟာမြိုင်​ကားမှတ်​တိုင်​ အနီး Gusto International College အလှူ ဒါန နည်းများမဆိုပါဝင်​လှူ ဒါန်းနိုင်​ကြပါ​စေ တဆင့်​ share​ပေးချင်းဖြင့်​ကူညီပါ








 
 
Thiha Htike(THT)
thihahtike.it@gmail.com

Friday, 7 August 2015

မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်ကို အွန်လိုင်းတွင် မြန်မာဘာသာဖြင့် ကြည့်ရှုနိုင်





မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ၏ ခက်ခဲသော ရုန်းကန်မှုများကို ရိုက်ကူးပုံဖော်ထားသည့် ခိုလှုံရာဖွေရှာခြင်း (In Search of Shelter) Documentary ဇာတ်ကားကို အွန်လိုင်းပေါ်တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပြီ် ဖြစ်သည်။

အဆိုပါ ခိုလှုံရာဖွေရှာခြင်း ဇာတ်ကားကို https://www.engagemedia.org/…/vid…/In-Search-of-Shelter/view တွင် ကြည့်ရှုနိုင်ပြီး အဆိုပါ ဇာတ်ကားနှင့်အတူ အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ ရွှေ့ပြောင်းလုပ်သားများ၏ ဒုက္ခသည်ဇာတ်လမ်းတို မှတ်တမ်းရုပ်ရှင်များကိုလည်း မြန်မာ စာတန်းထိုးဖြင့်ပင် ရွေးချယ် ကြည့်ရှုနိုင်မည် ဖြစ်သည်။
ခိုလှုံရာဖွေရှာခြင်း မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို Mon Refugee Organization မှ မြန်မာဒါရိုက်တာ Nai Thy Wonna က အလုပ်သမားအခွင့်အရေး ပညာပေးဗီဒီယိုစီးရီး Crossroad အတွက်၂၀၁၄ ခုနှစ်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဇာတ်လမ်းတွင် UNHCR မှ တရားဝင်အသိအမှတ်ပြု ကတ်မရှိသဖြင့် နေ့စဉ် ဖမ်းဆီးခံနေရသော မြန်မာနိုင်ငံသား ခိုလှုံသူများ၏ အတွေ့အကြုံများ၊ ယင်းကတ်မရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ဝစွာ မရရှိနိုင်သော အခက်အခဲများကို ပြန်လည်မျှဝေ ပြောပြထားသည်။
မှတ်တမ်းရုပ်ရှင်များကို CJMY မှ သင်တန်းပေး ရိုက်ကူးစေခဲ့ခြင်းဖြစ်ပြီး Engagemedia မှ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Credit==>internet Journal
Thiha Htike(THT)
thihahtike.it@gmail.com

Wednesday, 22 July 2015

ဆိုရှယ်မီဒီယာက ရွေးကောက်ပွဲကို ဘယ်လို အကျိုးပြုမှာလဲ








လာမည့် နိုဝင်ဘာလ ၈ ရက်နေ့သည် အထွေထွေရွေးကောက် ပွဲ ကျင်းပမည့်နေ့ ဖြစ်သည်။ 

အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းအချက် အလက်များကိုလည်း ဆိုရှယ်မီဒီယာ၌ အစုံအလင်မြင်တွေ့နိုင်သည်။

မြန်မာနိုင်ငံ၌ အအောင်မြင်ဆုံးနှင့် အသုံးပြုသူအများဆုံး ဆိုရှယ် မီဒီယာဖြစ်သည့် Facebook လူမှုကွန်ရက်ပေါ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်သော သီးသန့် စာမျက်နှာများ တစ်နေ့ တစ်ခြား ပေါ်ပေါက်လာသည်။ အဆိုပါ လူမှုကွန်ရက်ကို မြန်မာလူထု သန်း ၅၀ ကျော် အနက် လူဦးရေ ၃ သန်းကျော်က လက်ခံ အသုံးပြုနေကြခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲ မစခင်မှာပဲ ဆိုရှယ်မီဒီယာက စပြီးတော့ အသုံးဝင်နေပြီ။ အသိပညာပေးရေးတွေ၊ မဲစာရင်း စစ်ဆေးဖို့တွေ ပြောပေးနေပြီ။ ရွေးကောက်ပွဲ ကာလ မှာလဲ ကိုယ်စားလှယ်တွေက ဆိုရှယ်မီဒီယာကို စနစ်တကျ သုံးစွဲနိုင်မယ် ဆိုရင် မဲဆွယ်စည်းရုံးရေး အနေနဲ့လည်း သုံးလာနိုင်မယ်”ဟု ဘလော့ဂါတစ်ဦး အဖြစ် နာမည်ကျော်ကြားခဲ့သူ ကိုနေဘုန်းလတ်က ပြောသည်။ ရွေးကောက်ပွဲ အတွက် ဆိုရှယ်မီဒီယာကို အသုံးချခြင်းသည် ကောင်းမွန်သော ကိစ္စရပ်ဖြစ်သော်လည်း အချိန်ကြာမြင့်လာသည့်အခါ ဆိုရှယ်မီဒီယာ သည် ကိုးကား ဖြေရှင်းစရာများနှင့်ပတ်သက်၍ အခက်အခဲ ရှိလာနိုင်သည့်အတွက် သီးသန့်ဝက်ဘ်များ အသုံးပြုခြင်းက ပိုမိုသင့်တော်ကြောင်း  Open Myanmar  Initiative မှ ကိုစိုးသီဟနောင်က ပြော သည်။

လက်ရှိအချိန်၌ ကိုယ်စားလှယ်လောင်းများ၊ ပါတီများ အနေဖြင့် တရားဝင်ဆိုရှယ်မီဒီယာ စာမျက်နှာများထူထောင်၍ မဲဆွယ်စည်းရုံးမှုများ လိုအပ်နေသည်ဟု PACE ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ကိုဇော်သူရိန်ထွန်းက ပြောသည်။

“ဆိုရှယ်မီဒီယာကနေ စည်းရုံးမှုတွေ လုပ်ချင်တယ်ဆိုရင် ကြို တင် တည်ဆောက်ထားမှရမယ်။ အခုမှ ထပြီးလုပ်လို့ကတော့ အ ဆင်မပြေဘူး။ ပြီးတော့ အတုတွေ ကလည်း ပေါ်လာနိုင်တယ်လေ”ဟု ကိုစိုးသီဟနောင်က ဆိုသည်။

လက်ရှိအချိန်၌ ဆိုရှယ်မီဒီယာပေါ်တွင် အကောင့်အတုများဖန်တီး၍ နာမည်ပျက်များရရှိအောင် ဖန်တီး နေသူများရှိသည့်အပြင် အကောင့် များကို ပျက်စီးအောင် Hacking ပြုလုပ်နေသူများလည်း ရှိသည့် အတွက် သတိထားသင့်ကြောင်း ကိုနေဘုန်းလတ်က ဆိုသည်။

ဆိုရှယ်မီဒီယာ အသုံးပြုသူ သည် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်းအနည်းငယ်သာ တည်ရှိသည်ဟုပြောဆိုနိုင်သော်လည်း ဆိုရှယ်မီဒီယာမှ သတင်းစကားနှင့် ဆိုရှယ် မီဒီယာ၏ လွှမ်းမိုးမှုမှာ အထွေထွေရွေးကောက် ပွဲတစ်ခုတည်း အတွက်သာ မဟုတ်ဘဲ အကြောင်းအရာမျိုးစုံတို့အတွက် သက်ရောက်မှုရှိနေခဲ့ပြီဖြစ်သည်။

“ရွေးကောက်ပွဲအတွက်ရယ် မဟုတ်ပါဘူး။ ဆိုရှယ်မ်ီဒီယာကိုသုံးရင် ကဏ္ဍပေါင်းစုံအတွက် အကောင်းအဆိုးဆိုတာ ရှိလာမှာ ပါပဲ။ မတိကျမသေချာတဲ့ သတင်း အချက်အလက်တွေနဲ့ အကောင့်အတုတွေရဲ့ ဝေဖန်မှုတွေဟာ ရွေးကောက်ပွဲအတွက် အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးအေးကျော်က ပြောသည်။

မဲဆွယ်စည်းရုံးရေးနှင့် ပြန်ကြားရေးလုပ်ငန်းများ အတွက် ဆိုရှယ်မီဒီယာသည် များစွာ အသုံးဝင်မည် ဖြစ်သော်လည်း လူမျိုးရေးနှင့် ဘာသာရေးအရသော် လည်း ကောင်း၊ နိုင်ငံရေး အယူဝါဒအရသော်လည်းကောင်း တစ်ခုခုကို အခြေခံ၍ အမုန်းပွားမှုများနှင့် ပဋိပက္ခ ဖြစ်စေနိုင်သော သွေးထိုးမှုများလည်း ရှိလာနိုင်သည်ဟု Generation Wave မှ ကိုမိုးသွေးက ဆိုသည်။

 ဆိုရှယ်မီဒီယာ၏ လက်ရှိ အောင်မြင်မှုသည် ရွေးကောက်ပွဲ အတွက် အကျိုးရှိစွာအသုံးချနိုင်ပါ က ကောင်းမွန်သည့် ရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု တစ်ချို့ သော သုံးသပ်သူများက ပြောဆို ကြသော်လည်း တစ်ချို့သော သုံး သပ်သူများသည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် သတင်းအမှားများနှင့် ၀ါ ဒဖြန့်ချိမှုများ ဖြစ်ပေါ်လာနိုင် သည် ဟု ပြောဆိုကြသည်။

လက်ရှိအချိန်၌ သတင်း မီဒီယာ ဂျာနယ်များနှင့် ဝေးကွာ နေသော ဒေသများတွင် မိုဘိုင်း ဖုန်းလိုင်းများ ပေါများစွာ ကိုင် ဆောင်လာနိုင်သည့် နောက်ပိုင်း သတင်းအချက်အလက်နှင့် ပတ်သက်၍ ထွက်ပေါက်တစ်ခု ဖြစ် လာသည့် ဆိုရှယ်မီဒီယာကို ပိုမိုအလေးထား အသုံးပြုလာကြပြီး အဆိုပါအသုံးပြုသူများမှတစ်ဆင့် အမှန်တရားများ ပေါ်ပေါက်လာ နိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အ သင်း နာယက ဖြစ်သူ ဦးရဲမြတ်သူ က ပြောသည်။

“ရွေးကောက်ပွဲမှာ နိုင်ရင်ပြီး ရောဆိုပြီး လုပ်သွားကြတာမျိုးမရှိ နိုင်တော့ဘူး။ တယ်လီဖုန်း လိုင်းတွေ ကအရမ်းကို ပေါနေကြပြီ။ ငါလုပ်လိုက်တာ ဟာ ဖေ့စ်ဘုတ် ပေါ်များ ရောက်သွားမလားဆိုပြီး တော့ တွေးတတ်လာတာဟာ အဟန့်အတား တစ်ခုဖြစ်လာပြီ။ ဒီလိုမှမဟုတ်ရင်တော့ လုပ်သွားကြ မှာပဲ” ဟု ဦးရဲမြတ်သူက ဆိုသည်။

ဆိုရှယ်မီဒီယာအနေဖြင့် မသ မာမှုများကို အဟန့်အတားတစ်ခု ဖြစ်စေနိုင်သော်လည်း ဝါဒဖြန့်ချိသူများအကြား ဖေ့စ်ဘုတ်အသုံးပြု သူများသည်  သတင်း အမှားအမှန် ကို ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ် ရည်နည်းပါးနေသေးကြောင်း ကိုဇော်သူရိန်ထွန်းက ဆိုသည်။

“ဆိုရှယ်မီဒီယာကိုသုံးပြီး ပြည်သူတွေဟာ နီးစပ်ရာ မဲရုံတွေရဲ့ အခြေအနေကို မျှဝေနိုင်ရင် ရွေးကောက်ပွဲ တရားမျှတရေး အတွက် အထောက်အကူ ဖြစ်လာမှာပါ။ မီဒီယာကနေ တစ်ဆင့် ရွေးကောက်ပွဲ ပညာပေးရေး လုပ်ငန်းတွေလည်း လုပ်လာနိုင်ပါတယ်” ဟု ကိုမိုးသွေးက ပြောသည်။

မည်သို့ပင်ဆိုစေကာမှု ဆိုရှယ် မီဒီယာသည် ပါတီများ၊ ကိုယ်စားလှယ်များအတွက် မဲဆန္ဒရှင်များထံ အလွယ်ကူဆုံး သတင်း စကားများ ပေးအပ်နိုင်သည် မှာ သေချာလှသည်။

“ပါတီတွေ၊ ကိုယ်စားလှယ်တွေက ဆိုရှယ်မီဒီယာကို သုံးရင် တော်တော်အကျိုးရှိမှာပါ။ မဲဆန္ဒရှင် တွေကို သတင်းစကား ပေးချင်ရင်လည်း အလွယ်ကူဆုံးပဲ။ ဆိုရှယ် မီဒီယာမှာက စောင့်ကြည်သူတွေကော မဲဆန္ဒရှင်တွေကော ရှိနေကြမှာပဲ”ဟု ဦးအေးကျော် က ပြောသည်။

မဲဆွယ်စည်းရုံးရန်နှင့် ပါတီ သို့မဟုတ် ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများကို ဆိုရှယ်မီဒီယာ၌ တင်ဆက်ခြင်းအားဖြင့် အခြားသော ပြင်ပမီဒီယာနှင့် ချိတ်ဆက် ကာ ပိုမိုအောင်မြင်မှု ရရှိလာ နိုင်ကြောင်း၊ ကိုယ်စားလှယ်များသည် ယုံကြည်မှု တစ်ခုရရှိသည့် အထိ ဆိုရှယ်မီဒီယာကို အကျိုးရှိစွာအသုံးချသင့်အပြင် ပြည်သူ လူထုအနေဖြင့်လည်း မိမိ ရွေးချယ်ထားသော ကိုယ်စားလှယ်များ၏ လှုပ်ရှားမှုများကို သိရှိခွင့်ရှိကြောင်း ကိုနေဘုန်းလတ်က ဆိုသည်။

“ဆိုရှယ်မီဒီယာကို သုံးတဲ့လူနဲ့ မသုံးတဲ့လူမှာ သုံးတဲ့လူက အားသာချက် ရပါလိမ့်မယ်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတောင်ဖေ့စ်ဘုတ်သုံးပြီး လူထုကို ချိတ် ဆက် လာတာ တွေ့နေရပါတယ်” ဟု ကိုမိုးသွေးက ပြောသည်။

တစ်နည်းအားဖြင့် ဆိုရှယ်မီဒီယာကို လိမ္မာပါးနပ်စွာ အကျိုးရှိရှိ အသုံးချပါက ဖေ့စ်ဘုတ်အသုံးပြု သူ ၃ သန်းကျော်သည် မိမိ၏ ထောက်ခံမဲများအဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း ကိုဇော်သူရိန်ထွန်းက ပြောသည်။

“လောလောဆယ်မှာ မဲစာရင်းသွားကြည့်ဖို့ဆိုပြီးတော့ ရွေး ကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးရေး Post တွေ တင်နေကြတာတွေ့ရတယ်။ ဒါက တကယ် ကောင်းတဲ့ လက္ခဏာပဲ။  မဲစာရင်းကြည့်ဖို့မေ့နေတဲ့ လူတွေအတွက် မြင်တွေ့သွားနိုင် သွားတယ်”ဟု ၎င်း ကဆိုသည်။ ရွေးကောက်ပွဲဆိုင်ရာနှင့် ပတ် သက်၍ အသိပညာရေး လုပ် ငန်းများ လုပ်ကိုင်ရာတွင်လည်း အခြားသော နည်းလမ်းများသည် ကုန်ကျစရိတ် များပြားနိုင်ပြီး ဆိုရှယ်မီဒီယာမှာ ကုန်ကျစရိတ် သက် သာစေနိုင်ကြောင်း မဲစာရင်း လိမ်လည်မှုများ မဖြစ်ပွားစေရန် စစ်ဆေးခွင့်၊ ကြည့်ရှုခွင့်များသည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် ပညာပေးရေးများ လုပ်ကိုင်လာနိုင်ကြောင်း ဦးရဲမြတ်သူက ပြောသည်။

လက်ရှိအချိန်၌ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဆိုရှယ်မီဒီယာ စာမျက်နှာများသည် တစ်နေ့တစ် ခြားများပြားလာသည့်အပြင် တစ်ဦးတစ်ယောက်ခြင်း အနေဖြင့်လည်း ရွေးကောက်ပွဲဆိုရာ အချက်အလက်များကို ဆိုရှယ်မီဒီယာ၌ တင်ပြ ဆွေးနွေးလာကြသည်ကို တွေ့မြင်ရသည်။

သို့သော် ပါတီအလိုက်သော် လည်းကောင်း၊ ကိုယ်စားလှယ်တစ်ဦးတည်း အနေဖြင့်သော် လည်းကောင်း ဆိုရှယ်မီဒီယာကို ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိ ရောက်စွာအသုံးပြုနေခြင်း မရှိခဲ့ပေ။  အားနည်းချက် အားသာချက်များစွာ ကြုံတွေ့နိုင်သည့် ဆိုရှယ်မီဒီယာကို ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ချို့ကသာ အသုံးပြုနေကြသော်လည်း အများစုသည်

ဆိုရှယ်မီဒီယာကို ထိရောက်စွာအသုံးပြုခဲ့ခြင်း မရှိပေ။

လေ့လာသုံးသပ်သူများ၏ အဆို အရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဆိုရှယ်မီဒီယာသည် ပါတီများ ၊ ကိုယ်စားလှယ်များ၏ လက်ရုံးတစ်ဆူဖြစ်လာနိုင် ပြီး လူဦးရေ ၃ သန်းကျော်၏ မျက်လုံး တစ်စုံလည်း ဖြစ်လာမည် ဖြစ်သည်။


Credit==>internetjournal

Thiha Htike(THT)

ရွေ့လျားနေသော ဂျစ်ကားကို ကြားဖြတ် ထိန်းချုပ်နိုင်သည့် နည်းလမ်း ဟက်ကာနှစ်ဦး သရုပ်ပြသခဲ့









ကွန်ပျူတာလုံခြုံရေး သုတေသီနှစ်ဦးသည် ရွေ့လျားနေသော ချာရိုကီဂျစ်ကားကို ကား၏ ကြိုးမဲ့ဆက်သွယ်မှုစနစ်အား အသုံးပြုကာ ထိန်းချုပ်ပြသခဲ့ပြီးနောက် အင်တာနက်ချိတ်ဆက်ထားသော ကားများ၏ လုံခြုံမှုအပေါ် မေးခွန်းထုတ်မှုများ မြင့်တက်လာခဲ့သည်။

သုတေသီများသည် ကား၏ ဆော့ဖ်ဝဲအတွင်းသို့ ချိုးဖောက်ဝင်ရောက်ကာ ကားအဲကွန်း၊ အသံစနစ်နှင့် အမြန်နှုန်းတို့ကို မိုင်ပေါင်းများစွာ အကွာအဝေးမှ laptop တစ်လုံးဖြင့် ထိန်းချုပ်ခဲ့ကြောင်း အဆိုပါ ဂျစ်ကားကို ပိုင်ဆိုင်သော Fiat Chrysler Automobiles ကားကုမ္ပဏီက ဆိုခဲ့သည်။

အဆိုပါ ဟက်ကာနှစ်ဦးအနက် တစ်ဦးသည် လက်ရှိတွင်Twitter အတွက် အလုပ်လုပ်နေသည့် NSA ဟက်ကာဟောင်း ချာလီမေလာ ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ IOActive သုတေသီ ခရစ္စဗယ်လာဆက် ဖြစ်ကြောင်း သိရသည်။ ၎င်းဟက်ကာနှစ်ဦးကမူ ကားကုမ္ပဏီများ၏ လစ်လျူရှုမှုများကို ထောက်ပြနိုင်ရန်အတွက် ယခုကဲ့သို့ သရုပ်ပြသရခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ယနေ့ခေတ်တွင် Fiat Chrysler သာမက ကားကုမ္ပဏီအားလုံးနီးပါးသည် ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်သော ကွန်ပျူတာထိန်းချုပ်မှုစနစ်များကို အသုံးပြုလာကြသည်။
“လက်ရှိမှာ အားနည်းချက်ရှိတဲ့ ကား ထောင်ပေါင်းများစွာက လမ်းပေါ်ကို ရောက်ရှိနေပါတယ်” ဟု မေလာက Reuters ထံ ပြောကြားခဲ့သည်။

Fiat Chrysler ကမူ အားနည်းချက်ကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ အခမဲ့ software patch ကို ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်နှင့် တရားဝင်အရောင်းဌာနများမှ ရယူနိုင်ကြောင်း ဆိုခဲ့သည်။
“စမတ်ဖုန်းနဲ့ tablet တွေလိုပဲ ကားစနစ်ကို တရားမဝင် ထိန်းချုပ်အသုံးပြုနိုင်မယ့် အန္တရာယ် လျှော့ချနိုင်စေမယ့် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး ကာကွယ်မှုအတွက် ကားဆော့ဖ်ဝဲကို update လုပ်နိုင်ပါတယ်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

အမေရိကန် အဝေးပြေးလမ်း လုံခြုံဘေးကင်းရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ မာ့ခ်ရို့စ်ခိုင်းက အေဂျင်စီအနေဖြင့် ကားထိန်းချုပ်စနစ်များ၏ လုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဆိုခဲ့သည်။

၎င်းက “ဒီစနစ်တွေဟာ ဟက်ကာတွေရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ” ဟု မီချီဂန်ပြည်နယ် အစ်ပ်ဆီလန်တီမြို့၌ ပြုလုပ်ခဲ့သော ကားနည်းပညာ ကွန်ဖရင့်စ်တွင် ပြောကြားသွားခဲ့သည်။



Ref: Reuters

Credit ==>internetjournal


Thiha Htike(THT)





ဝင်ငွေနည်းပါးသော အိမ်များတွင် အွန်လိုင်း အသုံးပြုနိုင်မည့် အစီအစဉ်ကို အမေရိကန်အစိုးရ မိတ်ဆက်






ပီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိုဘားမား အစိုးရအဖွဲ့သည် ဝင်ငွေနည်းပါးသည့် နေအိမ်များတွင် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးရန် ရည်မှန်းထားသော အစီအစဉ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။


Connect Home ဟု အမည်ရသော  အဆိုပါ အစီအစဉ်သစ်သည် အမေရိကန်နိုင်ငံ တစ်လွှားရှိ ဝင်ငွေနည်းပါးသော နေအိမ် ၂၇၅,၀၀၀ ကို မြန်နှုန်းမြင့် broadband အင်တာနက် ချိတ်ဆက်မှု အစီအစဉ် တစ်ရပ် ဖြစ်သည်။ ၎င်းစမ်းသပ် အစီအစဉ်ကို အိုကလာဟိုးမား ပြည်နယ်ရှိ ချော့တဲမျိုးနွယ်စု ဒေသအပြင် ဆီယက်တဲလ်၊ ဘော့စတွန်နှင့် နယူးယောက် အပါဝင် မြို့ပေါင်း ၂၇ မြို့တွင် စတင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် ကလေးငယ်ပေါင်း ၂၀၀,၀၀၀ ခန့်ကို ကနဦးအင်တာနက် အသုံးပြုလာစေမည် ဖြစ်သည်။

ယခုစမ်းသပ် အစီအစဉ်သည် လူတိုင်းမြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ပြီး ပြီးပြည့်စုံသော ဒီဂျစ်တယ်ကဏ္ဍ ဖြစ်ပေါ်လာစေရန် အိုဘားမား အစိုးရ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အမေရိကန်သမ္မတသည် မတ်လတွင် ပြည်သူများ Broadband အသုံးပြုခွင့် ရရှိစေရန် ကောင်စီတစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းကောင်စီတွင် လူများစွာကို broadband အင်တာနက် အသုံးပြုခွင့် ပေးနိုင်ရန် ဖက်ဒရယ်အေဂျင်စီနှင့် ဌာနပေါင်း ၂၅ ခုပါဝင်ခဲ့သည်။ အိုဘားမားအနေဖြင့် အမေရိကန် စီးပွားရေး တိုးတက်မှုနှင့် အပြိုင်အဆိုင်ရှိမှုတွင် broadband အင်တာနက်သည် အရေးကြီးဆုံး အရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ဝင်ငွေကန်ဒေါ်လာ ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ရှိသည့်နေအိမ် ၉၂ ရာခိုင်နှုန်းသည် broadband အင်တာနက် အသုံးပြုကြသော်လည်း ဝင်ငွေ ကန်ဒေါ်လာ ၂၅,၀၀၀  ရှိသည့် နေအိမ်ထက်ဝက်ခန့်သည် မြန်နှုန်းမြင့် အင်တာနက် အသုံးပြု ကြကြောင်း Pew သုတေသနစစ်တမ်းက ဖော်ပြခဲ့သည်။ သမ္မတအိုဘားမား၏ အစီအစဉ်ကို အမေရိကန်စာကြည့်တိုက် အဖွဲ့က ကြိုဆိုခဲ့ပြီး ကျောင်းနေအရွယ် ကလေးငယ်ရှိသော နေအိမ် ၅ သန်းခန့်တွင် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု မရှိသေးကြောင်း ပြောကြားခဲ့သည်။


Ref : CNET

Credit==>internetjournal

Thiha Htike(THT)