ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Tuesday 14 February 2017

🛒 ဈေးနူန်းချိုသာ အရည်အသွေးကောင်းသည့် Newings Handset 🛒

No automatic alt text available.


🙏 မင်္ဂလာပါ မိတ်ဆွေ 🙏
😦လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်တည်းက အင်တာနက်စာမျက်နှာမှာ ရေးသားခဲ့တဲ့ Newings Handset ဟာယခုအချိန်တွင်ဈေးနူန်းချိုသာ အရေးအသွေးစိတ်ချရပြီး သုံးစွဲသူမိဘညီအကိုမောင်နှမများအနေ
ဖြင့် 2G,3G Network ကိုသုံးနိုင်မှာပါခင်ဗျာ။အောက်မှာလေ့လာကြည့်ပါအုံးခင်ဗျာ။😦


😙 Newings W600 Handset😙
=====================



📱ဒီဇိုင်းပိုင်းမှာပါးလွှာပြီး ကင်မရာမှာ iphoneပုံစံဘေးထောင့်နားတွင်ရှိပါတယ်။လေးထောင့်ကျပြီးပါးလွှာလို့ သုံးစွဲသူများအဖို့စိတ်ကျေနပ်မူကိုရစေမှာပါ။📱

📲Android Version 4.4.2(kitkat)သုံးထားပြီး RAM 1GB အသုံးပြုထားပါတယ်။ CPU Quad-Core 1.3GHZ သုံးထားပြီး Internal Memory 8GB ပါဝင်ပါတယ်။Capacitance Touch Screen
အသုံးပြုထားပါတယ်။Camera Back 8MP နှင့် Font 5.0MP အသုံးပြုထားပါတယ်။ Smartmotionများပါဝင်ပြီး မြန်မာစာစနစ်ကို System တစ်ခုလုံးအသုံးပြုနိုင်ပါတယ်။
Magic Thumb လည်းပါဝင်လို့ Romance ဆန်ဆန်သုံးချင်ရင်သုံးနိုင်ပါတယ်။Font မှာလည်း Designပြောင်းသုံးဖို့ Function ပါဝင်ပါတယ်။Screen 5.0inchesဖြစ်ပါတယ်ခင်ဗျ။Gold,Silver ၂မျိုးရရှိ
နိုင်ပါတယ်။📲

🔋Battery 3200mAhပါဝင်ပါတယ်။ အာမခံတစ်နှစ်ပါဝင်ပါတယ်။
လက်ဆောင်များကတော့ 8000mAh Power Bank ၊ Sim Card ၊ Facebook, Viber,Beetalk Accountများတစ်ခါတည်းဖွင့်ပေးပြီးလိုအပ်သော Software ,Game,Music,Wallpaperများလည်း
ဖွင့်ပေးပါတယ်ခင်ဗျာ။✉️

💵ဈေးနူန်းက 90,000 ဖြစ်ပြီး ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချင်းစနစ်ဖြင့် ပို့ဆောင်ခအခမဲ့ဖြင့်ပို့ပေးပါတယ်။နယ်များကတော့ ကားဂိတ်ရောက်သည်အထိပို့ပေးပါတယ်ခင်ဗျာ။
နယ်က ၀ယ်ယူသူများအနေဖြင့် ငွေကို ဘဏ်ကနေတစ်ဆင့်(မည်သည့်ဘဏ်မဆို) လွှဲပေးနိုင်ပါတယ်။ နယ်ဝေးက ၀ယ်ယူသူများကိုကျေးဇူးတုန့်ပြန်သောအားဖြင့် လက်ဆောင်ကို နှစ်ဆပေးပါမည်ဖြစ်ပါတယ်။🚖




😙 Newings W520 Handset😙
=====================




📱ဖုန်းကိုယ်ထည် ကျစ်လစ်တယ်လို့ပြောရမလဲလို့တောင် ဖြစ်သွားပါတယ်။ ကိုယ်ထည်ကျစ်လစ်မူရှိသလို ကိုင်ကြည့်ရင်ခံစားရပါတယ်။ 📱


📲Android Version 5.1(lollipop)သုံးထားပါတယ်။Internal Memory8GB နဲ့ RAM 1GBသုံးထားပါတယ်။Extranal 32GBup ထိSupportပေးပါတယ်။ CPU Quad-Core1.2အသုံးပြုထားပါတယ်။
Screen 5.0inchesအသုံးပြုထားပြီး လူကြိုက်များတဲ့ Handsetဖြစ်ပါတယ်။ Main Camera 8MP နှင့် Font 5MP သုံးထားပါတယ်။Smart motion ပါဝင်ပြီး မြန်မာစာစနစ် အသေပါဝင်ပါတယ်။
Gold , Silver နှစ်မျိုးပါဝင်ပါတယ်။📲

🔋Battery 2200mAh ပါဝင်ပါတယ် ။
လက်ဆောင်များကတော့ 8000mAh Power Bank ၊ Sim Card ၊ Facebook, Viber,Beetalk Accountများတစ်ခါတည်းဖွင့်ပေးပြီးလိုအပ်သော Software ,Game,Music,Wallpaperများလည်း
ဖွင့်ပေးပါတယ်ခင်ဗျာ။✉️

💵ဈေးနူန်းက 88,000 ဖြစ်ပြီး ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချင်းစနစ်ဖြင့် ပို့ဆောင်ခအခမဲ့ဖြင့်ပို့ပေးပါတယ်။နယ်များကတော့ ကားဂိတ်ရောက်သည်အထိပို့ပေးပါတယ်ခင်ဗျာ။
နယ်က ၀ယ်ယူသူများအနေဖြင့် ငွေကို ဘဏ်ကနေတစ်ဆင့်(မည်သည့်ဘဏ်မဆို) လွှဲပေးနိုင်ပါတယ်။ နယ်ဝေးက ၀ယ်ယူသူများကိုကျေးဇူးတုန့်ပြန်သောအားဖြင့် လက်ဆောင်ကို နှစ်ဆပေးပါမည်ဖြစ်ပါတယ်။🚖




☎️ဖုန်းဆက်မှာယူလို 📞ဆက်သွယ်လိုပါက👇🏿

😙 ဆွေသဟာMobile(မြောက်ဒဂုံ)😙
☎️ph-09790281529,09428040776
⤴️ ⤵️  မြောက်ဒဂုံ ၃၅မှတ်တိုင်နှင့်နာရီစင်မှတ်တိုင်ကြား⤴️ ⤵️


☢️မှတ်ချက်။ ။ ပထမဦးဆုံးမှာယူသူ ၇ရက်ကို ပရိုမိုးရှင်းအနေဖြင့် 5000 ဆီလျော့ပေးပါမည်။ ☢️

Wednesday 8 February 2017

Android ဖုန်းရဲ့Notifications အားလုံးကို တစ်နေရာတည်းကနေ ဘယ်လိုကြည့်မလဲ

 
Android ဖုန်းမှာ တစ်ခါတစ်ရံ System Notifications တွေကို မတော်တဆ ရှင်းလင်းမိတာတွေကြောင့် ဖုန်းကနေ ဘာတွေအသိပေးတယ်ဆိုတာကို မသိလိုက်မိတာတွေ ရှိတတ်ပါတယ်။ အဲ့ဒီလို မတော်တဆ မှားယွင်း ဖျက်မိတာမျိုး ဖြစ်ရင်တောင် ဖုန်းကနေ အသိပေးတဲ့ Notifications တွေကို တစ်နေရာတည်းကနေ ပြန်လည် ကြည့်ရှုနိုင်ဖို့အတွက် Android ဖုန်းမှာ System Notifications Shortcut တစ်ခု ဖန်တီးထားနိုင်ပါတယ်။ မိမိအနေနဲ့  ဖုန်းကနေ အသိပေးတဲ့ System Notification ဆိုင်ရာတွေကို ကိုယ်ဖန်တီးထားတဲ့ Short-cut ကို နှိပ်ပြီး အလွယ်တကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

System Notification Shortcut တစ်ခု ဖန်တီးဖို့အတွက် ဖုန်း ရဲ့ မြင်ကွင်း Home screen ကို စက္ကန့်အနည်းငယ် ဖိထားပါ။



အောက်က ပုံအတိုင်းပေါ်လာ မှာဖြစ်ပြီး အဲဒီထဲကမှ WIDGETS ဆိုတဲ့ စာသားနဲ့ icon ကို တစ်ချက်နှိပ်ပါ။



WIDGETS စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး ဖုန်းထဲက WID-GETS စနစ်တွေကို ခုလိုမြင်ရမှာ ဖြစ်ပါတယ်။



အထက်ပါ လုပ်ဆောင်ချက်တွေ ပြီးရင်တော့ Settings shortcut စနစ်ကို ရှာပါ။



Settings shortcut ကိုတွေ့ရင်တော့ စက္ကန့်အနည်းငယ်ဖိပြီး မိမိထားချင်တဲ့ Home screen ပေါ်ကို ဖိဆွဲလိုက်ပါ။



Settings shortcut ကို ဖိဆွဲ ပြီး Home screen ပေါ်ရောက်လို့ ဖိဆွဲတာကို လွှတ်လိုက်ရင်တော့ Settings shortcut ဆိုတဲ့ မြင်ကွင်းတစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Notifications ဆိုတဲ့ စာသားကိုရှာပြီး တစ်ချက်နှိပ်လိုက်ပါ။



Notifications စာသားကို နှိပ်လိုက်ပြီးရင်တော့ မိမိအနေနဲ့ System Notifications shortcut icon တစ်ခုကို ဖုန်းရဲ့ Home screen ပေါ်မှာ ဖန်တီးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။



ကိုယ်တိုင်ဖန်တီးထားတဲ့ System Notifications icon ကို နှိပ်လိုက်ရင်တော့ ခုလိုပဲဖုန်းရဲ့ system ကနေ အသိပေးတဲ့ အသိပေးချက် notifications တွေကို ခုလိုပဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



သီဟထိုက်
www.thihahtike.net

တက္ကသိုလ်ဝင်စာမေးပွဲ သိကောင်းစရာများကို ဘာသာရပ်အလိုက် Facebook တွင်လေ့လာနိုင်





တက္ကသိုလ်စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေ ရေးသားပို့ချထားတဲ့ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိကောင်းစရာများကို ဘာသာရပ်အလိုက် Facebook မှာလေ့လာနိုင်မှာဖြစ်ပါတယ်။

ပို့ချချက်တွေကို Ministry of Education Myanmar စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုနိုင်ပြီး Mobile Device တွေနဲ့ ဖတ်ရှုနိုင်အောင် စာမျက်နှာတွေကို ချိန်ညှိပေးထားပါတယ်။ ဘာသာရပ်အလိုက် သက်ဆိုင်ရာ Link အသီးသီးမှ တစ်ဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ အောက်ပါ Website Link မှာလည်း ဘာသာရပ်အားလုံးကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

http://www.moe.gov.mm/
မြန်မာစာ
https://www.facebook.com/moe.gov.mm/posts/1215937028513358
.
အင်္ဂလိပ်
https://www.facebook.com/moe.gov.mm/posts/1217833054990422
.
သင်္ချာ
https://www.facebook.com/moe.gov.mm/posts/1217865348320526
စိတ်ကြိုက်မြန်မာစာ
https://www.facebook.com/moe.gov.mm/posts/1219641308142930
.
ဓာတုဗေဒ
https://www.facebook.com/moe.gov.mm/posts/1219667524806975
.
ရူပဗေဒ
https://www.facebook.com/moe.gov.mm/posts/1220489058058155
.
ဇီဝဗေဒ
https://www.facebook.com/moe.gov.mm/posts/1221487597958301
.
သမိုင်း
(၉-၂-၂၀၁၇) ရက်တွင် ထည့်သွင်းပေးသွားပါမည်။
.
ပထဝီဝင်
(၁၀-၂-၂၀၁၇) ရက်တွင် ထည့်သွင်းပေးသွားပါမည်။
.
ဘောဂဗေဒ
(၁၁-၂-၂၀၁၇) ရက်တွင် ထည့်သွင်းပေးသွားပါမည်။



သီဟထိုက်
www.thihahtike.net

5,000mAh ဘက်ထရီ ပါဝင်တဲ့ Asus Zenfone 3s Max ကို အိန္ဒိယတွင် စတင်ရောင်းချ



ကိုတင်သတင်း ထွက်ပေါ်ခဲ့တဲ့အတိုင်း Asus က Zenfone 3s Max ကို မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီဟန်းဆက်ကို ရူပီး ၁၄,၉၉၉ (၂၂၀ ဒေါ်လာ) နဲ့ အိန္ဒိယမှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
Asus Zenfone 3s Max ရဲ့ အကောင်းဆုံး feature က အရွယ်ကြီးမားတဲ့ 5,000mAh ဘက်ထရီပါ။ အခြား အရေးပါတဲ့ အချက်အလက်များကတော့ ၅.၂ လက်မ HD display, MediaTek MT6750 SoC, 3GB/32GB memory configuration နဲ့ 13MP/8MP camera combo တို့ ဖြစ်ပါတယ်။


Zenfone 3s max မှာ Android 7.0 Nougat ကို အသုံးပြုထားပါတယ်။ လက်ဗွေဖတ်စနစ်ပါဝင်ပြီး အနက်ရောင်၊ ရွှေရောင်တို့နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

Ref: GSMArena

သီဟထိုက်
www.thihahtike.net

Moto G5 Plus ရဲ့ ဓာတ်ပုံနဲ့ အချက်အလက်အချို့ ပေါက်ကြားထွက်ပေါ်လာ




အသစ်ထွက်မယ့် Moto G5 Plus ရဲ့ အချက်အလက်အချို့ဟာ Reddit post တစ်ခုကနေ ပေါက်ကြားထွက်ပေါ် လာခဲ့ပါတယ်။

အဲ့ဒီ Reddit post မှာ ဟန်းဆက်ရဲ့ display ကို ပလတ်စတစ်နဲ့ အုပ်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ ပလတ်စတစ်ပေါ်မှာ ၅.၂ လက်မ screen, 12MP “Rapid Focus Camera”, Fingerprint reader + NFC နဲ့ TurboPower + 3,000mAh ဘက်ထရီဆိုပြီး feature အချို့ကို ရေးသားဖော်ပြ ထားပါတယ်။

ဒါ့အပြင် Moto Z စီးရီးတွေမှာ ပါဝင်တဲ့ စတုရန်းပုံစံနဲ့ ကွဲပြားခြားနားတဲ့ fingerprint sensor ပုံစံသစ်ကိုလည်း Moto G5 Plus မှာ အသုံးပြုထားတာကို တွေ့ရပါတယ်။

Moto G5 Plus နဲ့ Moto G5 နှစ်မျိုးစလုံးကို ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျင်းပမယ့် MWC 2017 မှာ မိတ်ဆက် ကြေညာဖွယ်ရှိပြီး မတ်လမှာ စတင်ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSMArena
သီဟထိုက်
www.thihahtike.net