ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း

Serial key နဲ key Generater မျေားရယူနိုင်သောေ

Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ

http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်

Dawei IT Search(ရှာဖွေရန်)

Translate ဘာသာပြန်ကြမယ်

Sunday 29 May 2016

ဈေးသက်သာသည့် 2-in-1 notebook နှစ်မျိုးကို Acer မိတ်ဆက်



လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် Computex Taipei ပွဲမတိုင်မီ Acer က ဈေးသက်သာသည့် 2-in-1 notebook နှစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။

Switch V 10 နှင့် Switch One 10 နှစ်မျိုးစလုံးတွင် ဖြုတ်နိုင်တပ်နိုင်သော ၁၀ လက်မအရွယ် IPS display များနှင့် quad-core Intel Atom ပရိုဆက်ဆာများကို အသုံးပြုထားသည်။ ၎င်း notebook နှစ်မျိုး၏ အဓိကခြားနားချက်မှာ V 10 ကို အရောင်စုံလင်စွာရရှိနိုင်ခြင်း၊ လက်ဗွေဖတ်စနစ်ဖြင့် သုံးနိုင်ခြင်း၊ အားသွင်းရန်နှင့် အချက်အလက်ရွှေ့ပြောင်းရန်အတွက် USB-C port တစ်ခုပါဝင်ခြင်းတို့ ဖြစ်သည်။
Switch V 10 ကို အမေရိကန်တွင် တတိယသုံးလပတ်အတွင်း ၂၄၉ ဒေါ်လာဖြင့် ရရှိနိုင်မည်ဖြစ်သည်။ One 10 ကိုမူ ဇူလိုင်လတွင် ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။

Ref: TheVerge

Credit Internetjournal

သီဟထိုက်

Friday 27 May 2016

Meizu M3 Note စမတ်ဖုန်း မော်ဒယ်သစ် ပြည်တွင်းဈေးကွက် ဝင်ရောက်



Meizu မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Meizu M3 Note စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ အဆိုပါ စမတ်ဖုန်းသည် 4G ကွန်ရက်ထိ ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။
"Meizu M3 Note ကို ဆက်သွယ်ရေးပိုင်းမှာ Network အားလုံး အသုံးပြုနိုင်ပါတယ်။ 4G စနစ်လည်းရပါတယ်။ Fingerprint လက်ဗွေစနစ်လည်း ပါဝင်ပါတယ်။ Fingerprint Unlocaking က ဝ.၂ စက္ကန့်အတွင်း ဖွင့်ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်ကတော့ သတ္တု နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်" ဟု Meizu Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Meizu M3 Note သည် GSM နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သည့် Dual SIM အမျိုးအစား ဟန်းဆက်ဖြစ်ပြီး မြင်ကွင်းအရွယ်အစားမှာ ၅.၅ လက်မရှိမည်ဖြစ်သည်။ အမြန်နှုန်း 1.8GHz နှင့် 1.0GHz ရှိသည့် Cortex-A53 Quad-core CPU နှစ်လုံးတပ်ဆင်ထားပြီး 2GB RAM နှင့် အချက် အလက်သိုလှောင်ရန်အတွက် 16GB Internal memory ပါဝင်မည်ဖြစ်သည်။

ကျောဘက်ကင်မရာမှာ 13MP အမျိုးအစားဖြစ်ပြီး ရှေ့ဘက်ကင်မရာမှာ 5 MP အမျိုးအစား ဖြစ်ကြောင်း သိရသည်။ Android OS 5.1 (Lollipop) ကို အသုံးပြုထားပြီး ဘက်ထရီမှာ 4100mAh ရှိမည် ဖြစ်သည်။

အရောင်အနေဖြင့် မီးခိုး၊ ရွှေ၊ အဖြူ အရောင်သုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး တန်ဖိုးမှာ ၁၇၅,ဝဝဝ ကျပ် ဝန်းကျင်ရှိမည်ဖြစ်သည်။ အဆိုပါ Meizu M3 Note ကို ရန်ကုန် နှင့် မန္တလေးမြို့များတွင် စတင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သိရသည်။


Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

ဧပြီလအတွင်း ဖုန်းပြောဆိုခမှ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံ ရရှိ



ဧပြီလတစ်လတာအတွင်း ဖုန်းပြောဆိုခမှ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံ ရရှိခဲ့ကြောင်း ပြည်တွင်းအကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

တစ်လတာအတွင်းရရှိခဲ့သည့် ဖုန်းပြောဆိုခ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံကို ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်သွားမည်ဖြစ်ပြီး နောက်ပိုင်းဆက်လက်ရရှိလာမည့် ဖုန်းပြောဆိုခများကို နိုင်ငံတော်ဘဏ္ဍာထံသို့ ထည့်သွင်းသွားမည်ဟု ပြည်တွင်းအကောက်ခွန် ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

“ဧပြီလအတွင်းမှာ ရရှိခဲ့တဲ့ ဖုန်းပြောဆိုခ အခွန် ကျပ်ငွေ ၇.၅ ဘီလီယံကိုတော့ ပညာရေးကဏ္ဍမှာ လိုအပ်တာတွေ သုံးစွဲဖို့ ပေးအပ်သွားမှာပါ။ နောက်ပိုင်းရရှိလာတဲ့ အခွန်တွေကိုတော့ နိုင်ငံတော်ဘဏ္ဍာထဲကို ထည့်သွင်းသွားမှာပါ”ဟု ဦးမင်းထွဋ်က ဆိုသည်။
တစ်လတာအတွင်းပေးအပ်ခဲ့သည့် ဖုန်းပြောဆိုခအခွန်ငွေစာရင်းတွင် အခွန်အခအများဆုံးပေးအပ်ခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ဒုတိယမြောက်အများဆုံးပေးသွင်းခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာမှာ တယ်လီနောမြန်မာဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ စာရင်းများက ဖော်ပြထားသည်။

“အခွန်အခ အပြည့်အ၀ ပေးတယ်၊ မပေးဘူးဆိုတာကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက Monitoring လုပ်ပြီးစောင့်ကြည့်ပါတယ်။ ဘီလ်ဘယ်လောက်သုံးလို့ အခွန်ဘယ်လောက်ရမယ်ဆိုတာကိုလည်း Software တွေ ထည့်သွင်းထားတာကြောင့် သိနိုင်ပါတယ်”ဟု ဦးမင်းထွဋ်က ပြောသည်။

ဆက်သွယ်ရေးကဏ္ဍတွင် တယ်လီဖုန်းပြောဆိုမှုအပေါ် ကျသင့်သည့်ဘီလ်၏ ၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ထမ်းဆောင်ရန် နိုင်ငံတော်အစိုးရမှ သတ်မှတ်ပေးခဲ့ပြီး ဆက်သွယ်ရေးအော်ပရေတာများက အစိုးရကိုယ်စား ဖုန်းပြောဆိုခအပေါ် အခွန်များ ပြန်လည်ကောက်ခံပေးခဲ့ခြင်းဖြစ်သည်။

 Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

Ooredoo အသုံးပြုသူ ၈၅ ရာခိုင်နှုန်းမှာ Data ကို အသုံးပြု ဟု ဆို

Ooredoo အသုံးပြုသူ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှာ Data ကို အသုံးပြုနေကြောင်း Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Rene Meza က ပြောသည်။ လက်ရှိအသုံးပြုသူပေါင်း ၇ သန်း ရှိကြောင်းသိရသည်။ “အသုံးပြုသူအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းက ဒေတာ (အင်တာနက်) ကို အသုံးပြုနေကြပါတယ်၊ ဒေတာသုံးစွဲမှုတစ်နှစ်တာအတွင်း ခြောက်ဆတက်လာတာ တွေ့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ၁.၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုရှိနေပြီဖြစ်ကြောင်း သိရသည်။ “ဆက်လက်ပြီး ဖိုက်ဘာဆက်ကြောင်း ကွန်ရက်ဖြန့်ကြက်မှုမှာ ၇၇၀၀ ကီလိုမီတာအထိ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၁၆ အကုန်မှာ ၁၂,၀၀၀ ကီလိုမီတာအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ဒေတာအသုံးပြုမှုအနေဖြင့် တစ်နေရာနှင့်တစ်နေရာ တူညီမည်မဟုတ်ကြောင်း၊ မိမိရောက်ရှိနေသောနေရာအပေါ်မူတည်၍ လှိုင်းမြန်၊ နှေး ကွာခြားမည်ဖြစ်ကြောင်း သိရသည်။ “လိုင်းမြန်နှုန်း က ရောက်ရှိပြီး အသုံးပြုတဲ့နေရာအပေါ်မှာလည်း မူတည်ပါသေးတယ်၊ Ooredoo ရဲ့လှိုင်းနှုန်းစဉ်ရရှိမှုက အခြားအော်ပရေတာတွေ ရရှိတဲ့နှုန်းထားနဲ့ အတူတူပါပဲ၊ ဒါပေမဲ့ Ooredoo ကတော့ စတင်ဝန်ဆောင်မှုပေးကတည်က 3G ကို အထောက်အပံ့ပေးတာမို့ 4G ဝန်ဆောင်မှုကို တိုးမြှင့်ပေးနိုင်တာဖြစ်ပါတယ်” ဟု Mr. Rene Meza က ဆက်လက်ပြောကြားသည်။

Ooredoo အနေဖြင့် လက်ရှိတာဝါတိုင်များအထဲမှ ၂၅ ရာခိုင်နှုန်းမှာ 4G ဝန်ဆောင်မှုရရှိမည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပါဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ပြီဖြစ်ရာ တာဝါတိုင်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ အခြားမြို့များသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း ဆိုသည်။

Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

Monday 16 May 2016

၁၅၅၀၀၀မှ ၅၅၀၀၀ သို့ထိုးကျသွားသော Nokia Handset

Nokia XL

မင်္ဂလာပါ ဆွေသဟာ Mobile မှ ကြိုဆိုပါတယ် ...

ယခင် ၁၅၅၀၀၀ တန်သော Nokia Handset များကို အထုးပရိုးမိုးရှင်းအနေဖြင့် ၁၅၅၀၀၀ မှ ယခုအခါ ၅၅၀၀၀ သို့ ဈေးချလိုက်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်
Nokia ဆိုတာတော့ နာမည်ရှိပြီးသားလူသိများပြီးသားဖြစ်သဖြင့်အထူးပြောစရာမလိုပါ အကြမ်းခံတယ် ပစွည်းပေါတယ် ရှေရှည်သုံးသူများအတွက် လူကြီးများအတွက် သင့်လျော်တဲ့ Handset တစ်မျိုး
ဆိုတာ ယခင်ကတည်းက သိရှိပြီးသားဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ ပရိုမိုးရှင်းသည် အကန့်အသတ်နဲ့ရှိတာမို့ လက်မနှေးဘဲ အချိန်မှီလာဝယ်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ

အောက်တွင် Handset များ Sample ပြထားလိုက်ပါတယ်...မှတ်ချက်။ ။် အသစ်များဖြစ်ပါတယ်...


Nokia X3-02 Handset
================
Nokia X3-02 Touch and Type

 
အပေါ်က ကောင်လေးကတော့ ၂၀၁၀ စက်တင်ဘာလမှစတင်ထွက်ပေါ်လာတာဖြစ်ပါတယ် အလေးချိန်ကတော့ 77.4g လေးပြီး 9.6 thinckness ဖြစ်ပါတယ် Rom storage ကတော့
256MB ဖြစ်ပြီးတော့ micro SD Card slot ပါဝင်ပါတယ်ခင်ဗျ ပါးလွှာပြီး စမတ်ကျတဲ့ ဖုန်းလေးဖြစ်ပါတယ် Camera က 5MP ဖြစ်ပြီး ဘက်ထရီကတော့ 8600mah ဖြစ်ပါတယ်ခင်ဗျာ
မြင်ကွင်းအပိုင်းကတော့  240x320 pixels ဖြစ်ပါတယ်ခင်ဗျာယခင်ပေါက်ဈေးကတော့ 130000 အထက်ဖြစ်ပြီး ယခုဈေးနူန်းကတော့ ၅၅၀၀၀ ဖြစ်ပါတယ်ခင်ဗျာ SIm card တစ်ကဒ်ပါရှိမှာဖြစ်ပါတယ်



Nokia Asha300 Handset
=================

Nokia Asha 300
Nokia Asha 300

အပေါ်က ကောင်လေးကတော့ ၂၀၁၁ နိုဝင်ဘာလမှစတင်ထွက်ပေါ်လာတာဖြစ်ပါတယ် အလေးချိန်ကတော့ 85g လေးပြီး 12.7mm thinckness ဖြစ်ပါတယ် Rom storage ကတော့
140MB ဖြစ်ပြီးတော့ micro SD Card slot ပါဝင်ပါတယ်ခင်ဗျ ပါးလွှာပြီး စမတ်ကျတဲ့ ဖုန်းလေးဖြစ်ပါတယ် Camera က 5MP ဖြစ်ပြီး ဘက်ထရီကတော့ 1110mah ဖြစ်ပါတယ်ခင်ဗျာ
မြင်ကွင်းအပိုင်းကတော့  240x320 pixels ဖြစ်ပါတယ်ခင်ဗျာRAM ပမာဏကတော့128MB ဖြစ်ပါတယ်ခင်ဗျာ ယခင်ပေါက်ဈေးကတော့ 130000 အထက်ဖြစ်ပြီး ယခုဈေးနူန်းကတော့
 ၅၅၀၀၀ ဖြစ်ပါတယ်ခင်ဗျာ SIm card တစ်ကဒ်ပါရှိမှာဖြစ်ပါတယ်...



Nokia C3 Handset
=================



Nokia C3-01 Touch and Type

အပေါ်က ကောင်လေးကတော့ ၂၀၁၀ အောက်တိုဘာလမှစတင်ထွက်ပေါ်လာတာဖြစ်ပါတယ် အလေးချိန်ကတော့ 100g လေးပြီး 12.7mm thinckness ဖြစ်ပါတယ်
micro SD Card slot ပါဝင်ပါတယ်ခင်ဗျ ပါးလွှာပြီး စမတ်ကျတဲ့ ဖုန်းလေးဖြစ်ပါတယ် Camera က 5MP ဖြစ်ပြီး ဘက်ထရီကတော့ 1110mah ဖြစ်ပါတယ်ခင်ဗျာ
မြင်ကွင်းအပိုင်းကတော့  240x320 pixels ဖြစ်ပါတယ်ခင်ဗျာRAM ပမာဏကတော့64MB ဖြစ်ပါတယ်ခင်ဗျာ ယခင်ပေါက်ဈေးကတော့ 130000 အထက်ဖြစ်ပြီး ယခုဈေးနူန်းကတော့
 ၅၅၀၀၀ ဖြစ်ပါတယ်ခင်ဗျာ SIm card တစ်ကဒ်ပါရှိမှာဖြစ်ပါတယ်...


Nokia N500 Handset
===============

Nokia 500 
Nokia 500Nokia 500
အပေါ်က ကောင်လေးကတော့ ၂၀၁၁ စက်တာဘာလမှစတင်ထွက်ပေါ်လာတာဖြစ်ပါတယ် အလေးချိန်ကတော့ 93g လေးပြီး 14.1mm thinckness ဖြစ်ပါတယ်
micro SD Card slot ပါဝင်ပါတယ်ခင်ဗျ ပါးလွှာပြီး စမတ်ကျတဲ့ ဖုန်းလေးဖြစ်ပါတယ် Camera က 5MP ဖြစ်ပြီး ဘက်ထရီကတော့ 1110mah ဖြစ်ပါတယ်ခင်ဗျာ 2GB Storage ပါဝင်ပြီး
မြင်ကွင်းအပိုင်းကတော့  360x640 pixels ဖြစ်ပါတယ်ခင်ဗျာRAM ပမာဏကတော့256MB ဖြစ်ပါတယ်ခင်ဗျာ ယခင်ပေါက်ဈေးကတော့ 130000 အထက်ဖြစ်ပြီး ယခုဈေးနူန်းကတော့
 ၅၅၀၀၀ ဖြစ်ပါတယ်ခင်ဗျာ SIm card တစ်ကဒ်ပါရှိမှာဖြစ်ပါတယ်...


Sony Mix Walkman Handset
====================



Sony Ericsson Mix Walkman
Sony Ericsson Mix Walkman
Sony Ericsson Mix Walkman
 အပေါ်က ကောင်လေးကတော့ ၂၀၁၁ သြဂတ်လမှစတင်ထွက်ပေါ်လာတာဖြစ်ပါတယ် အလေးချိန်ကတော့ 88g လေးပြီး 14.3mm thinckness ဖြစ်ပါတယ်
micro SD Card slot ပါဝင်ပါတယ်ခင်ဗျ ပါးလွှာပြီး စမတ်ကျတဲ့ ဖုန်းလေးဖြစ်ပါတယ် Camera က 3MP ဖြစ်ပြီး ဘက်ထရီကတော့ 1000mah ဖြစ်ပါတယ်ခင်ဗျာ 256MB Storage ပါဝင်ပြီး
မြင်ကွင်းအပိုင်းကတော့ 240x400 pixels ဖြစ်ပါတယ်ခင်ဗျာယခင်ပေါက်ဈေးကတော့ 130000 အထက်ဖြစ်ပြီး ယခုဈေးနူန်းကတော့
 ၅၅၀၀၀ ဖြစ်ပါတယ်ခင်ဗျာ SIm card တစ်ကဒ်ပါရှိမှာဖြစ်ပါတယ်


အကန့်အသတ်နဲ့မို့  ဦးရာလူစနစ်နဲ့ ရောင်းချပေးလျက်ရှိနေပါတယ်ခင်ဗျ...
ဝယ်ယူမယ်ဆိုရင်တော့-
လိပ်စာက...

မြောက်ဒဂုံ ၃၅မှတ်တိုင်အနီး- ဆွေသဟာ Mobile Sale&Service မှာလာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ
ဖုန်းနံပါတ်ကတော့ 09-73151297 သို့ဆက်သွယ် မှာယူနိုင်ပါတယ်ခင်ဗျာ...

Friday 6 May 2016

ဆွေသဟာ Mobile မှ Mobile ဖုန်းများ၏ sparepart ပစွည်းများကိုရောင်းချပေးလျက်ရှိပါတယ်ခင်ဗျ...


 
ဆွေသဟာ Mobile မှ Mobile ဖုန်းများ၏ sparepart ပစွည်းများကိုရောင်းချပေးလျက်ရှိပါတယ်ခင်ဗျ

Touch LCD ရှိသော brand များကိုဖော်ပြပေးထားပါတယ်ခင်ဗျ။ ။

ံHuawei

Samsung

Sony

LG

HTC

Nokia

Lenovo

Coolpad

VIV0

OPPO

Xiao mi

Hisense

X-Bo


IC များနှင့် Component များ,Service Tool များနှင့် Accessories များ , Mobile Sercuit Board အသစ်လိုက်များ ကိုလည်း ရောင်းချရန် အနည်းငယ်အခက်အခဲရှိနေသေးနေပါသဖြင့် နောက်ပို့စ်တင်တိုင်းတွင်
အမြဲဖတ်ရူ့ပေးနေပါခင်ဗျာ ကျွန်တော်တို့ ဖြန့်ချီသော ပစွည်းများသည် 99% စိတ်ချရသော ပစွည်းများ, ဈေးနူန်းများ သက်သာသောပစွည်းများဖြစ်သဖြင့် စိတ်ချစွာဝယ်ယူအားပေး
နိုင်ပါတယ်ခင်ဗျ

ဟုတ်ကဲ့ခင်ဗျ ကျွန်တော်တို့ ယခုရောင်းချနေသောပစွည်းများသည် " နယ်မြို့များသာ သီးသန့်ဖြန့်ချီသောစနစ် " ဖြစ်ပါသည် ။ ပစွည်းတစ်ခုတည်းယူလည်း ကားဂိတ်အထိ အရောက်ပို့ပေးပါသည်
မှတ်ချက်။ ။ ပို့ခကို ၀ယ်ယူသူထံမှရှင်ပေးပါခင်ဗျာ ထို့ကြောင့် များများစားစားဆိုရင်ပိုကောင်းပါသည်

နည်းပညာစာအုပ်များ၊Mobile Firmware များ ကိုလည်း မိမိတို့လိုအပ်သမျှများကို ပို့ဆောင်ပေးပါတယ်ခင်ဗျာ။

အသေးစိတ်သိရှိလိုလျင်- ဖုန်း-09-73151297 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ။

ဆွေသဟာ Mobile
www.swethaharmobile.com

သီဟထိုက်
www.thihahtike.com