ထားဝယ် IT ဆိုက်မှအားလုံးကိုကြိုဆိုပါတယ်(ကျနော်မအားမလပ်ဖြစ်နေသောကြောင့်ဒီ ဆိုက်ကိုအကောင်းဆုံးမလုပ်နိုင်တာခွင့်လွှတ်ကြပါခင်ဗျား)Admin ထားဝယ်သား ရေချမ်း
Serial key နဲ key Generater မျေားရယူနိုင်သောေ
Serial key နဲ key Generater များရယူနိုင်သော ဆိုက်ပါ
http://keygenguru.com/
software နာမည် နဲ့ version ရေးပြီးရှာပါ တော်တော်ကိုစုံလင်စွာရှိပါတယ်
Dawei IT Search(ရှာဖွေရန်)
Translate ဘာသာပြန်ကြမယ်
Wednesday 31 August 2011
Connectify
From: ßƪѻѻԃצ ~ ϯэая <aungkhaingu@gmail.com>
Date: 2011/3/19
Subject: [mrsorcerer:3716] Connectify
To:
Saturday, 19 March 2011 13:49 Written by Silent Ghost
အရမ်းအသုံးဝင်တဲ့ ကောင်လေးပါ.. ကိုယ့်စက်မှာ Wifi ဒါမှမဟုတ် Lan Network နဲ့အင်တာနက်ကွန်နက်ရှင် ရှိနေတယ်ဆိုပါစို့.. Wifi ရဲ့ security key သိသော်ငြားလဲ MAC Address နဲ့ထိန်းထားတော့ သုံးမရဘူးဆိုပါစို့.. ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် network ထဲဝင်လို့မရဘူးဆိုလဲ မပူပါနဲ့.. ကွန်နက်ရှင်သုံးလို့ရနေတဲ့ စက်ကနေ ရှဲသုံးကြတာပေါ့.. မမိုက်ဘူးလား.. သဘောကြတယ်ဆိုရင် ဒီကောင်လေးကို အရင်ဒေါင်းလိုက်ပါ..။ ပြီးရင် Connectify ကို run လိုက်ပါ..
Next နဲ့သွားပါ..
ကွန်နက်ရှင် ရှဲဖို့အတွက် Network နာမည် ပေးလိုက်ပါ.. ပြီးရင် Next နဲ့သွားပါ..
ကိုယ်အဆင်ပြေနိုင်မယ့် Hotspot Mode ကိုရွေးပါ.. ဘာကွာခြားလဲ ဆိုတာတော့ သူရှင်းပြပြီးသားပါ.. ကျနော်ကတော့ Ad-Hoc, WEP ကိုရွေးပါတယ်.. Secure ဖြစ်အောင်လို့ပါ.. ပြီးရင် Next ပေါ့...
Password ပေးလိုက်ပါ.. ပြီးရင် Next ပေါ့...
ကိုယ်ရှဲချင်တဲ့ Network ကိုရွေးပါ.. ဥပမာ.. ကျနော်ဆိုရင် ကျနော့်စက်မှာ Lan Network ရှိတယ်ဆိုတော့ Local Area Connection ကိုရွေးပါတယ်.. ကိုယ့်စက်က Wireless connection ကိုရှဲချင်ရင်တော့ Wireless Network Connection ကိုရွေးပေါ့.. ပြီးရင် Next ပါ..
ပြီးရင် Finish လိုက်ပါ.. ဒါဆို Share ဖို့အတွက် Network တစ်ခုတည်ဆောက်လို့ ပြီးပါပြီ.. Wireless ရတဲ့စက်ကနေသာ Shared ထားတဲ့ ကွန်နက်ရှင်ကို စိတ်ကြိုက်သုံးပါတော့.. အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်..
Connectify [cnet.com Download Link]
Credit : www.silentghost.info
သူတို့တွေ အချစ်အကြောင်း မပြောခင်မှာပဲ ငါ့ရင်ဘတ်ထဲက ဒဏ်ရာတွေကို ထုတ်ပြလိုက်တယ်..
My Home : http://www.silentghost.info
My profiles: Facebook Blog RSS Blogger Twitter
Latest Blog Post : Connectify
--
မှော်ဆရာ အဖွဲ့ 
LCD Monitor ပေါ်တွင်ရှိသော အစက်ကလေးများ
From: စိုးမိုး ကျော် <soemoekyaw.mdy@gmail.com>
Date: 2011/3/24
Subject: [mrsorcerer:3809] LCD Monitor ပေါ်တွင်ရှိသော အစက်ကလေးများ
LCD Monitor တစ်လုံးကို ကျွန်တော်တို့တွေ ၀ယ်ယူ အသုံးပြုကြပြီ
ဆိုကြပါစို့။ ၀ယ်ယူလိုက်တဲ့ Monitor
ဟာ အပြစ်အနာအဆာကင်းတဲ့ Monitor ဖြစ်စေချင်မှာပါပဲ။ အဲလို
ဖြစ်စေချင်ပေမယ့်လည်း တစ်ခါတစ်ရံ
Monitor ပေါ်မှာ အစက်သေးသေးလေးလေးတွေ ပါလာတတ်ပါတယ်။
အစက်ကလေးတွေကို Dead Pixels လို့လည်း ခေါ်ပါတယ်။ အဲလို Dead Pixels လေးတွေက
တစ်ခါတစ်ရံမှာ မမြင်ရပါဘူး။ ဒါပေမယ့်လည်း အရောင်အမျိုးမျိုး
ပြောင်းလဲကြည့်ပြီး စမ်းသပ်လို့ရပါတယ်။
အဲလို Desktop ရဲ့ အရောင်ကို အမျိုးမျိုးပြောင်းပြီး
စမ်းသပ်ကြည့်မယ်ဆိုရင် Dead Pixels ရှိ၊မရှိ
သိနိုင်ပါတယ်။
Monitor ကို စက်ရုံက ထုတ်လုပ်လိုက်ကတည်းက Dead Pixels လေးတွေက ပါလာတတ်တာမျိုး
ဖြစ်ပါတယ်။ အဲလို Dead Pixels တွေ ပါဝင်မှုကို Monitor ထုတ်လုပ်တဲ့
ကုမ္ပဏီတွေက တတ်နိုင်သမျှ
လျှော့ချထုတ်လုပ်နိုင်အောင် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
အဲဒီ Dead Pixels လေးတွေ ဘာဖြစ်လို့ ပါလာတာလဲ။ ဒီမေးခွန်းကို
ဖြေနိုင်ဖို့အတွက် LCD Monitor
တစ်လုံးရဲ့ အခြေခံ အလုပ်လုပ်ပုံကို သိထားဖို့တော့ လိုပါတယ်။
အခြေခံအားဖြင့်တော့ LCD Monitor
တွေက အရမ်းရိုးရှင်းစွာ အလုပ်လုပ်ပါတယ်။ LCD Display မှာ Pixel တွေနဲ့
ဖွဲ့စည်းထားပြီး၊ အဲဒီ Pixel
လေးတွေထဲမှာ Sub Pixels လေးတွေ ရှိပါတယ်။
အဲဒီ Sub Pixels လေးတွေနဲ့ အရောင်တွေဖြစ်တဲ့ အနီ၊ အစိမ်း၊ အပြာ
(R,G,B)တို့ကို ဖော်ပြပေးပါတယ်။
Dead Pixel လေးတွေကတော့ အဖြူ (သို့မဟုတ်) အမည်းရောင်တွေနဲ့ အမြဲတမ်း
ဖော်ပြနေပါလိမ့်မယ်။
တနည်းအားဖြင့် အရောင်မဖော်ပြပေးနိုင်တဲ့ Pixel လေးကို Dead Pixel လို့
ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အဖြူ
(သို့မဟုတ်) အမည်းရောင် Pixel လေးမှာ အရောင်မရှိဘူးပေါ့။
အဲဒီ Dead Pixel လေးကို ဖျောက်ချင်တယ်ဆိုရင်တော့ Desktop ရဲ့ Background
ကို အမည်းရောင်
(သို့မဟုတ်) အဖြူရောင် (သို့မဟုတ်) ရောစပ်ထားတဲ့ အရောင်တစ်ရောင်ကို
ပြောင်းလဲပေးလိုက်ပါ။
ဒီလိုပြောင်းလဲပေးလိုက်ရင် Dead Pixel ကို Desktop ရဲ့ Background က
ဖုံးသွားပြီးတော့ Dead Pixel က
ပျောက်သွားပါတယ်။ ပျောက်သွားတယ်ဆိုတာ Monitor ကနေ လုံးဝပျောက်သွားတာ
မဟုတ်ပါဘူး။ Dead
Pixel ကို ဖုံးသွားပြီးတော့ ပျောက်သွားတာမျိုးပဲ ဖြစ်ပါတယ်။
အကယ်၍ သင့်ရဲ့ Monitor မှာ အဲလိုမျိုး Dead Pixel လေးတွေပါလာပြီဆိုရင် သင့်အနေနဲ့
ဘာမျှော်လင့်ချက်ရှိနိုင်သလဲ။ ဒီမေးခွန်းအတွက် အဖြေကတော့ သင်ဝယ်ယူတဲ့ Monitor ရဲ့
အမှတ်တံဆိပ်အပေါ်မှာပဲ မူတည်ပါတယ်။
အဲလိုမျိုး LCD Display မှာ Dead Pixel တွေ့ပြီဆိုရင် Monitor
ရောင်းချတဲ့ ကုမ္ပဏီကို ဆက်သွယ်ပြီးတော့
တစ်ခုခုတောင်းဆိုနိုင်ပါတယ်။ အဲလို တောင်းဆိုတဲ့အခါမှာ ရလာမယ့်
ရလာဒ်ကတော့ Monitor ရဲ့ Brand
အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ Dead Pixel နဲ့ ပတ်သက်ပြီး Brand တစ်ခုချင်းစီရဲ့
သတ်မှတ်ချက်တွေကို အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) Lite On, Phillips နှင့် Hitachi အမျိုးအစား Monitor တွေမှာ Dead
Pixel ပါဝင်မှုက သုညလို့
သတ်မှတ်ပါတယ်။ သုညဆိုတော့ မပါဝင်ဘူးလို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
သို့သော်လည်း Phillips
အနေနဲ့က အမည်းရောင်ရှိတဲ့ Pixel ကို Dead Pixel အနေနဲ့ မရေတွက်ပါဘူး။
(၂) HP Monitor တွေမှာတော့ Dead Pixel (၄)ခု ပါလာလို့ရှိရင် Monitor
အသစ်တစ်လုံးနဲ့ ပြန်လည်
လဲလှယ်ပေးပါတယ်။ အကယ်၍ Dead Pixel က (၄)ခု မရှိဘဲ နှစ်ခု၊ သုံးခုပဲ
ရှိမယ်ဆိုရင်တော့
ပြန်လည်လဲလှယ်ပေးမှာ မဟုတ်ပါဘူး။ အဲဒီအတိုင်းပဲ အသုံးပြုရလိမ့်မှာ ဖြစ်ပါတယ်။
(၃) LG Monitor တွေမှာတော့ 10 cm လောက်ရှိတဲ့ ပတ်ပတ်လည်လည် အတွင်းမှာ Dead Pixel
(၂)ခုလောက်ရှိမယ်ဆိုရင်တော့ Monitor အသစ်တစ်လုံးနဲ့ ပြန်လည် အစားထိုး
လဲလှယ်ပေးပါလိမ့်မယ်။
(၄) NEX-NEC Monitor တွေမှာတော့ အဖြူရောင် Dead Pixel (၃)ခုနှင့်
အမည်းရောင် Dead Pixel (၃)ခု
တွေ့ရမယ်ဆိုရင်တော့ Monitor အသစ်တစ်လုံးနဲ့ အစားထိုး လဲလှယ်ပေးပါလိမ့်မယ်။
(၅) Samsung က ပြင်းပြင်းထန်ထန် ကြိုးစားဖို့ရှိပါတယ်။ ဘာလို့လဲဆိုတော့
Samsung ရဲ့ ၁၅ လက်မ
Monitor တွေမှာ Dead Pixels (၆)ခု အထိပါဝင်တာကို
လက်ခံနိုင်ရမယ်လို့ဆိုထားပြီး၊ ၁၇ လက်မ Monitor
တွေမှာတော့ Dead Pixel (၉)ခုထိ ပါဝင်တာကို လက်ခံနိုင်ရမယ်လို့
ဆိုထားတဲ့အတွက်ကြောင့်ပဲ
ဖြစ်ပါတယ်။
(၆) Sony, Viewsonic Monitor တွေ အနေနဲ့ကတော့ ၁၅ လက်မ Monitor တွေမှာ
အမည်းရောင် Dead
Pixel (၂)ခု၊ အဖြူရောင် Dead Pixel (၂)ခု စုစုပေါင်း (၄)ခု ပါမယ်ဆိုရင်
Monitor အသစ်တစ်လုံးနဲ့
အစားထိုးလဲလှယ်ပေးမှာ ဖြစ်ပါတယ်။ ၁၇ လက်မ Monitor မှာတော့  အမည်းရောင်
Dead Pixel (၃)ခု၊
အဖြူရောင် Dead Pixel (၃)ခု စုစုပေါင်း (၇)ခု ရှိမယ်ဆိုရင် အသစ်တစ်လုံးနဲ့
အစားထိုးလဲလှယ်ပေးပါလိမ့်မယ်လို့ တင်ပြရင်း
ဒီဆောင်းပါးလေးကို ဒီမှာပဲ ရပ်နားလိုက်ပါတယ်။
--
*
အတောင်ပံတဖက်နဲ့...မပျံသန်းနိုင်ပေမဲ့....အသွားတဖက်က....ဓါးတလက်.....ဖြစ်ပါတယ်.....
*
soemoekyawmdy@gmail.com
http://www.soemoekyaw.net.tc/ <http://neronnight.multiply.com>
http://soemoekyawmdy.webs.com/
--
မှော်ဆရာ အဖွဲ့ 
GTalk Password ကါကွယ်၇န်
From: yarmaue mihoko <yarmaue@gmail.com>
Date: 2011/3/26
Subject: Fwd: GTalk Password
To: "talay.talay7" <talay.talay7@gmail.com>
for all of you
တော်တော်များများက Gmail password hack မယ်ဆိုတာနဲ့ အရမ်းကို
စိတ်ဝင်စားကြတယ်ဗျ .. ။ ဘာလို့သူများ password ကို သိချင်ကြမှန်းမသိဘူး
.. ။  ဘာမှ ကောင်းကျိုးမရှိဘူး ။ ရေးတဲ့လူတွေ ရှိတော့လည်း
ပြောပြရတော့မှာပေါ့ဗျာ .. ။ ရေးကြတာကတော့ connection ကျအောင်လုပ် gtalk က
password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့
ကြည့်ပေါ့ဗျာ .. ။ အင်း ... အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see
passwoord လို့ ခေါ်တယ်။ ဒီကောင်လေးမှာ မှန်လိုပုံစံလေးပါတယ်။ password
နေရာမှာ မှန်ဘီလူးလိုကြည့်လိုက်ရင်ပေါ်ြ
ပီပဲ။ portable လည်းရှိပါတယ်။
အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ ... ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ .. ။ သူက
ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို
အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ
.. ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊
password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊
ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ
ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့
.. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ
... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊
ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ
ဖြစ်သွားမယ် ဟဟ)
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော်
ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့
အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ
အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး
စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။
ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။
ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင်
.. ။ Ctrl+Shift+Esc(or)Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ
..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့်
ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး
End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို
ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk
လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable  သို့မဟုတ် end process
ပေးလိုက်တာပါပဲ...ဘာလို့ဆိုရိုးရိုးယူဆာတွေအနေနဲ့ကဘယ်လိုဖိုင်လ်က
အချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုတာမသိနိုင်တော့အန္တရာယ်ကင်းဘေးရှင်းအားလုံးကို
end process လုပ်ပြီးကိုယ်သုံးတဲ့ကောင်ကိုပဲ manually
ခေါ်သုံးတာအကောင်းဆုံးပါပဲ။
ဒီပို့စ်လေးကိုရေးပြီးမိတ်ဆွေတို့အားလုံးကိုပို့ရတဲ့အကြောင်းရင်းကတော့ပြီးခဲ့တဲ့တစ်ရက်ကပဲကျွန်တော့်ကိုပြည်တွင်းက
မိတ်ဆွေတစ်ယောက်ကကျောက်မြောင်းထဲကအိုကေဆိုတဲ့အင်တာနက်ဆိုင်တစ်ဆိုင်မှာနိုင်ငံရေးလှုပ်ရှား
သူတစ်ယောက်ပြည်ပနဲ့ဆက်သွယ်နေတာတွေ့လို့ဆိုပြီးအဖမ်းခံရတယ်ပြောလို့ပြည်တွင်းကတတ်ကြွလှုပ်ရှားသူတွေအနေနဲ့
နည်းပညာပိုင်းအရရှောင်လို့ရတဲ့အချက်လေးတစ်ချက်အဖြစ်နဲ့တစ်ဘက်တစ်လမ်းကနေအထောက်အကူဖြစ်စေချင်လို့ပါပဲ..
မိတ်ဆွေတို့ရဲ့ပြည်တွင်းအဆက်အသွယ်တွေကို
ဒီပို့စ်လေးကိုဖော်ဝဒ်လုပ်ပြီးပေးဖတ်ရင်း
သူတို့ရဲ့အန္တရာယ်ကင်းရေးအတွက်အထောက်အကူပြုကြပါခင်ဗျာ။
တေဇာတေ ( မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအဖွဲ့) ဒိန်းမတ်
အထက်ပါပို့စ်လေးကိုဘလော့ဂါသံလုံငယ်ရဲ့ပို့စ်ကိုပြန်မှီငြမ်းထားပါတယ်။
g တော့ ကိုအကောင့် နှစ်ခုတစ်ပြိုင်ထဲသုံးနည်း
mrsorcerer:4787] g တော့ ကိုအကောင့် နှစ်ခုတစ်ပြင်တဲသုံးချင်လို့
Desktop ပေါ်က Gtalk Icon လေးကို Right Click
ထောက်ပြီး Properties ကို Click ပါ။ Short Cut
ထဲက Target မှာဒီလိုစာသားလေးတွေ့ပါလိမ့်မည်
Google\Google Talk\googletalk.exe" /startmenu
 အဝါေ၇ာင်နဲ့စာသားလေးကိုဖျက်ပြီး  nomutex  ကို အဝါေ၇ာင်
စာသားနေ၇ာမှာထည့်ပေးလိုက်ပါ။ပြီး၇င်Apply >>Ok ပေးလိုက်ပါ။
အဆင်ပြေပါစေ
                                   ခင်မင်လျက်
                                                               ကီးကီး
Gtalk Account အမည်များ ဖျက်လိုခြင်း
စေတနာလူတိုင်းနဲ့ထိုက်တန်သည်
Wednesday, May 11, 2011
Gtalk Account အမည်များ ဖျက်လိုခြင်း
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိတ်ဆွေတစ်ဦး ရောက်ရှိလာပြီး အကူအညီတောင်းခံလေသည်။ အင်တာနက် ဆိုင်များ၌ ၎င်း၏ Gtalk Account သုံးစွဲရာတွင် Sign out လုပ်ပြီးချိန်တွင် Gtalk Account အမည်များ ကျန်ရှိနေခဲ့သည်ကို မလိုလားကြောင်း ဖျက်လိုရနိုင်ပါက ဖျက်ရမည့်နည်းလမ်းကို သိလိုကြောင်း မေးမြန်းလေသည်။
ကျွန်ုပ်သည်လည်း ဖျက်ရမည် နည်းလမ်းရှိကြောင်း၊ သေချာမှတ်သားသွားရန် မှာကြားပြီး အောက်ပါ အတိုင်း ပြုလုပ်ရန် သင်ပြလိုက်လေသည်။
၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။
အထက်ပါအတိုင်းပြုလုပ်ရင် Gtalk Account အမည်များ ပျက်သွားမည် ဖြစ်ကြောင်း ပြောကြားရာ ကျေးဇူး တင်ကြောင်း ပြောကြားပြီး ပြန်သွားလေတော့သည်။
မောင်စေတနာ
--
ယူ​နီ​ကုဒ်​ကြောင့် မြန်မာ​စာ စာလုံးပေါင်း​သတ်ပုံ စစ်​လို့​ရ​ပြီ
--
Why Unicode?
မြန်မာ​အိုင်​တီ​ပ​ရို​အပါ​အ၀င် အဓိက Web Site တော်တော်​များ​များ ယူ​နီ​ကုဒ်​စနစ်​ကို ပြောင်းလဲ​ခဲ့​ကြ​ပြီ​ဖြစ်​ပါ​တယ်။ ဘာ​ကြောင့် ပြောင်း​ရ​တာ​လဲ? မြန်မာ​စာ​ကို နိုင်ငံ​တစ်​ကာ​အဆင့်​အဖြစ် မြှင့်​တင်​နိုင်​ဖို့​ပါ။ အခု​ချိန်​မှာ ကွန်​ပြူ​တာ​သုံး​မြန်မာ​စာ​ရဲ့​အဆင့်​အတန်း​ဟာ နိုင်ငံ​တစ်​ကာ​ကို​မ​ဆို​ထား​နဲ့ အိမ်နီးချင်း​နိုင်ငံ​တွေ​နဲ့​တောင်​မှ နှိုင်းယှဉ်​လို့​မ​ရအောင် နိမ့်​ကျနေ​ပါ​သေး​တယ်။
ဘာ​ကြောင့်​နိမ့်​ကျ​ရ​တာ​လည်း​ဆို​တော့ နိုင်ငံ​တစ်​ကာ စံ​ချိန်​စံ​ညွှန်း​နဲ့​ကိုက်​ညီ​တဲ့ စနစ်​တွေ​ကို အသုံး​မ​ပြု​ခဲ့​တဲ့​အတွက်​ဖြစ်​ပါ​တယ်။
ဒီ​လို​မျိုး စံ​နဲ့​မ​ညီ​တာ​တွေ​ကို​သုံး​ခဲ့​တော့ ဘယ် Software က​မှ မြန်မာ​စာ​ကို စာလုံးပေါင်း​သတ်ပုံ စစ်​မ​ပေး​နိုင်​ခဲ့​ပါ​ဘူး။ မြန်မာ​စာ​ကို ဘာသာ​ပြန်​ပေး​နိုင်​တဲ့ ဘာသာ​ပြန်​စနစ် မ​ရှိ​ခဲ့​ပါ​ဘူး။ စနစ်​မ​ကျ​တဲ့​အတွက် ကွန်​ပြူ​တာ​က မြန်မာ​စာ​ကို နား​မ​လည်​ပါ​ဘူး။ ကွန်​ပြူ​တာ​က မြန်မာ​စာ​ကို နား​မ​လည်​တဲ့​အတွက် မ +ျ +ိ +ု +း လို့ ရိုက်​ထား​တဲ့ မျိုး​ကို မ +ိ +ျ +ု +း လို့​ရှာ​ရင် တွေ့​မှာ​မဟုတ်​ပါ​ဘူး။ English စာ​မှာ​ဆို​ရင် Myo လို့​သိမ်းထား​ရင် myo နဲ့​ပြန်​ရှာ​လည်း တွေ့​ပါ​တယ်။ ဒီ​လို​စံ​ချိန်​မ​မှီ​တဲ့ စနစ်​တွေ​ကို​သာ​ဆက်​သုံး​နေ​မယ်​ဆို​ရင် ဒါ​တွေ ဘယ်​တော့​မှ​ရ​လာ​မှာ​မဟုတ်​ပါ​ဘူး။
ဒါ​ဟာ ကျွန်တော်​တို့ ဘာ​ကြောင့် ယူ​နီ​ကုဒ်​စနစ်​ကို ပြောင်း​သုံး​ရ​ခြင်း​ရဲ့ အကြောင်းရင်း​ပဲ ဖြစ်​ပါ​တယ်။ နိုင်ငံ​တကာ​စံ​ညွှန်း​ဖြစ်​တဲ့ Unicode Standard ကို လိုက်နာ​ထား​တဲ့​အတွက် ကျွန်တော်​တို့ မြန်မာ​စာ​လည်း နိုင်ငံ​တစ်​ကာ​အဆင့်​ကို (တ​ဖြည်း​ဖြည်း) မြင့်​တက်​လာ​ခဲ့​ပြီ​ပဲ ဖြစ်​ပါ​တယ်။ ကွန်​ပြူ​တာ​က​လည်း မြန်မာ​စာ​ကို နားလည်​လာ​ပြီ​ဖြစ်​ပါ​တယ်။
တစ်​ယောက်​တစ်​ပေါက်​ဖြစ်​နေ​တဲ့ ပြဿနာ
Web Site တွေ ယူ​နီ​ကုဒ်​စနစ် ပြောင်း​သုံး​ကြ​တော့ အခက်​အခဲ​တစ်​ချို့ တွေ့​လာ​ရ​ပါ​တယ်။ အချို့ Site တွေ​က ယူ​နီ​ကုဒ်​သုံး​ပြီး အချို့ Site တွေ​က ဇော်ဂျီ​ကို​ဆက်​သုံး​နေ​ကြ​ပါ​တယ်။
ဇော်​ဂျီ​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​ရ​တော့ ယူ​နီ​ကုဒ်​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​မ​ရ​တာ၊ ယူ​နီ​ကုဒ်​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​ရ​တော့ ဇော်ဂျီ​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​မ​ရ​တာ​မျိုး​တွေ ဖြစ်လာ​ပါ​တယ်။ ဒီ​ပြဿနာ​ကို​ဖြေ​ရှင်း​ဖို့​အတွက် Firefox Addon တစ်​ခု​ကို မိတ်​ဆက်​ပေး​ချင်​ပါ​တယ်။
သံလွင် က​ဖန်တီး​ပေး​ထား​တဲ့ Myanmar Converter Firefox Extension က အခု​ဖြစ်​နေ​တဲ့ ပြဿနာ​ကို ဖြေ​ရှင်း​ပေး​နိုင်​ပါ​တယ်။ အသေး​စိတ်​ကို သံလွင် Website မှာ သွား​ကြည့်​လို့​ရ​ပါ​တယ်။ လက်တွေ့စမ်းသပ်ဖို့ ဒီအဆင့်တွေအတိုင်း လိုက်လုပ်သွားပါ။
၁.) Extension ကို Install လုပ်​ဖို့​အတွက် ဒီ Link ကို​နှိပ်​ပါ
၂.) အောက်​မှာဖော်​ပြ​ထား​တဲ့ Confirmation ပေါ်​လာ​တဲ့​အခါ Allow ကို နှိပ်​ပေး​ပါ။
၃.) Extension ကို Install လုပ်​ပြီး​တဲ့​အခါ Firefox ကို Restart လုပ်​ပေး​ဖို့ လို​အပ်​ပါ​တယ်။
၎.) မြန်မာ​အိုင်​တီ​ပ​ရို​က ဟိုးအရင်က ဇော်ဂျီ ယူ​နီ​ကုဒ် ရော​နေ​တဲ့ Page တစ်​ခု နဲ့ စမ်း​ကြည့်ပါ​မယ်။
ကျွန်တော့်​စက်​မှာ ဇော်ဂျီ Font မ​ရှိ​ပါ​ဘူး။ ရှိ​ရင်​လည်း မြန်မာ​အိုင်​တီ​ပ​ရို​မှာ Myanmar3 ကို အဓိက Font အနေ​နဲ့ သတ်​မှတ်ထား​တဲ့​အတွက် အဆင်​ပြေ​ပြေပေါ်​မှာ​မဟုတ်​ပါ​ဘူး။ Page ကို Load လုပ်​လို​မ​ပြီး​ခင် ဒီ​လိုပေါ်​နေ​မှာ​ဖြစ်​ပါ​တယ်။
ဒါ​ပေ​မယ့် Page ကို အပြည့်​အ၀ Load လုပ်​ပြီး​သွား​ချိန်​မှာ​တော့ ဇော်ဂျီ​နဲ့ ရေးထား​တဲ့ Text တွေ​ကို ယူ​နီ​ကုဒ်​အဖြစ် အလို​အလျှောက်​ပြောင်း​ပေး​သွား​တဲ့​အတွက် အဆင်​ပြေ​ပြေ မြင်​ရ​သွား​မှာ​ဖြစ်​ပါ​တယ်။
ဒီ Extension က Facebook, Gmail စ​တဲ့ Web Site တွေ​မှာ​ပါ အစဉ်​ပြေ​ပြေ အလုပ်​လုပ်​ပါ​တယ်။ သူများတွေ တစ်ချို့ကဇော်ဂျီနဲ့ တစ်ချို့က ယူနီကုဒ်နဲ့ အမျိုးမျိုးတင်နေတဲ့ Facebook Wall Status တွေအားလုံးကို မြင်ရပါပြီ။ Gmail မှာလည်း သူများတွေက ကိုယ့်ဆီကို ဘာနဲ့ပဲပို့ပို့ မြင်ရပါပြီ။ ဒါ​ကြောင့် ဇော်ဂျီ Font လုံး​၀​မ​လို​အပ်​တော့​ပါ​ဘူး။ သူ​များ​တွေ​ဘာ Font သုံး​ထား​ထား အဆင်​ပြေ​ပြေ မြင်​ရ​မှာ​ပါ။
စက်​ထဲ​မှာ ဇော်ဂျီ​နဲ့ ယူ​နီ​ကုဒ် နှစ်​မျိုးရှိ​နေ​ရင် တစ်​ခု​နဲ့​တစ်​ခု အပြန်​အလှန် "ညိ" နေ​တဲ့​အတွက် အချို့ ပြဿနာ​တွေ​ရှိ​နိုင်​ပါ​တယ်။ ကျွန်တော်​ကတော့ မ​လို​အပ်​တော့​တဲ့ ဇော်ဂျီ​ကို လုံး​၀ ထုပ်​ပစ် (Uninstall) ဖို့ အကြံ​ပြု​ချင်​ပါ​တယ်။ ကျွန်တော့် စက်​ထဲ​မှာ ဇော်ဂျီ Font လုံး​၀​မ​ရှိ​ပါ​ဘူး။ ဒါ​ပေ​မယ့် (ဒီ Extension ကြောင့်) စာ​အားလုံး​ကို ဖတ်​လို့ ရ​နေ​ပါ​တယ်။
မြန်မာ​စာလုံးပေါင်း​သတ်ပုံ
ယူ​နီ​ကုဒ်​ဟာ Computable ဖြစ်​တဲ့​အတွက် ကွန်​ပြူ​တာ​နဲ့ Software တွေ​က နားလည်​ကြ​ပါ​တယ်။ ကျွန်တော်​တို့​က အဲ့​ဒီ ယူ​နီ​ကုဒ်​စနစ် ပြောင်း​သုံး​လာ​တဲ့​အတွက် (အခြား​ဘာသာ​စကား​တွေ​လို) ဘာသာ​ပြန်​စနစ်​တွေ၊ စာလုံးပေါင်း​သတ်ပုံ​စစ်​တာ​တွေ စတင်​အကောင်အထည် ဖော်​နိုင်​လာ​ပြီ​ပဲ​ဖြစ်​ပါ​တယ်။ မြန်မာ​စာ​ဟာ နိုင်ငံ​တစ်​ကာ​အဆင့်​ကို ထိုး​ဖောက်​ရောက်​ရှိ​လာ​ခဲ့​ပါ​ပြီ။
စောစော​က ကျွန်တော်​တို့ Install လုပ်​ခဲ့​တဲ့ Extension မှာ သတ်ပုံ​စစ်​တဲ့ စနစ် တစ်ခါတည်း ပါလာ​ပါ​တယ်။ တစ်ခါတည်း စမ်းသပ်​ကြည့်​လို့​ရ​ပါ​တယ်။
လက်​ရှိ​စာ​ရိုက်​နေ​တဲ့ Textarea ထဲ​မှာ Right Click နှိပ်​လိုက်​ရင် Context Menu ပေါ်​လာ​ပါ​တယ်။ အဲ့​ဒီ Menu ထဲ​က Check Spelling ဆို​တဲ့ Check ရဲ့​အောက်​မှာ Language ဆို​တဲ့ Submenu တစ်​ခု​ရှိ​ပါ​တယ်။ အဲ့​ဒီ Submenu ထဲ​က Burmese/Myanmar ဆို​တဲ့ Option ကို​ရွေး​မယ်​ဆို​ရင် မြန်မာ​စာလုံးပေါင်း​သတ်ပုံ စတင်​စစ်ဆေး​နေ​ပြီ​ပဲ ဖြစ်​ပါ​တယ်။
လက်တွေ့ စစ်​ကြည့်​ပါ​မယ်။
ဒီ​စမ်းသပ်​မှု့​မှာ စာလုံးပေါင်း လေး​နေရာ မှား​နေ​ပါ​တယ်။ သတ်ပုံ​စစ်​တဲ့​စနစ်​က သုံး​နေရာ​ကို မှား​မှန်း​သိ​ပြီး လိုင်း​တား​ပေး​ထား​တာ​ကို တွေ့​ရ​ပါ​တယ်။ အဲ့​ဒီ​လိုင်း​အနီပေါ်​မှာ Right click လုပ်​မယ်​ဆို​ရင် ဖြစ်​နိုင်​ခြေ​ရှိ​တဲ့ စာလုံးပေါင်း အမှန်​တွေ​ကို ဖော်​ပြ​ပေး​ပါ​လိမ့်​မယ်။
အမှား​ထောက်​ပြ​နိုင်​ခြင်း​မ​ရှိ​တဲ့ စကား​စု "ဖြစ်​နေကျ" မှာ "ကျ" ဆို​တဲ့​စကားလုံး​ဟာ သူ​တစ်​လုံး​တည်း​ဆို​ရင် မှန်​နေ​တဲ့​အတွက် မှား​မှန်း စနစ်​က မ​သိ​တာ​ဖြစ်​ပါ​တယ်။ လက်​ရှိ​စနစ်​ဟာ စကားလုံး "တစ်​လုံး​ချင်း​စီ​ကို​ပဲ" စစ်​ပေး​နိုင်​ပါ​သေး​တယ်။ "စကား​စု" တွေ​ကို​တော့ မှန်​အောင် စစ်​မ​ပေး​နိုင်​သေး​ပါ​ဘူး။ လက်​ရှိ​မှာ စာလုံး​တစ်​လုံး​ချင်း​စီ​ကို​ပဲ မှန်​အောင်​မ​ရေး​နိုင်​သူ​တွေ အများ​ကြီး ရှိ​ပါ​တယ်။ အဲ့​ဒီ​လူ​တွေ​အတွက်​တော့ အထိုက်​အလျှောက် အသုံး​၀င်​မှာ​ပါ။
ဒါ​ဟာ အခု​မှ စလုံး​ရေ "စ" ယုံ​ပဲ​ရှိ​ပါ​သေး​တယ်။ အမှန်​တစ်​ကယ် ပြည့်စုံ​ကောင်းမွန်​တဲ့​စနစ်​တွေ ပေါ်ပေါက်​လာ​ဖို့​အတွက်​တော့ ဝိုင်းဝန်း တည်ဆောက်​ကြ​ရ​ဦး​မှာ​ပါ။ အဲ့​ဒီ​လို တည်ဆောက်​ဖို့​ကို ကျွန်တော်​တို့ Professional ရဲ့​တာ​၀န်​လို့​ပဲ ထား​လိုက်​ပါ။ အသုံးပြု​သူ​တွေ ယူ​နီ​ကုဒ်​ကို အသုံးပြု​ပေး​ခြင်း​ဖြင့်​ပဲ ကူညီ​ပေး​ကြ​စေ​လို​ပါ​တယ်။
အသုံးပြု​သူ​တွေ​က နိုင်ငံ​တကာ​စံ​ဖြစ်​တဲ့ ယူ​နီ​ကုဒ်​ကို သုံး​ပေး​မှ​သာ အခု​လို​အသုံး​၀င်​တဲ့​စနစ်​တွေ​ကို တည်ဆောက်​ပေး​လို​သူ​တွေ ဖန်တီး​တည်ဆောက်​ပေး​နိုင်​မှာ ဖြစ်​ပါ​ကြောင်း....
Credit to http://www.myanmaritpro.com/profile/EiMaung  ( ကိုအိမောင် @ Myanmaritpro.com)
Credit to http://www.myanmaritpro.com/profiles/blogs/1445004:BlogPost:232572  ( this blog)
ယူနီကုဒ် ရှင်းတမ်း
ဒီရက်ပိုင်း ယူနီကုဒ်ကို လူတော်တော်များများ စိတ်ဝင်စားလာကြပြီး ထောက်ပြဝေဖန်မေးမြန်းတာတွေ ရှိတဲ့အထဲမှာ ညီလင်းဆက်ရေးခဲ့တဲ့ Review on Myanmar Unicode 5.1 & Suggestion ကို ပြတဲ့ပြီး ဒါတွေရှင်းပြီးပြီလားလို့ မေးတဲ့လူတွေ ရှိလာလို့ ဒီစာကို ရေးဖြစ်ပါတယ်။ ယူနီကုဒ်လုပ်ခဲ့တဲ့ ပညာရှင်တွေ၊ Developer တွေက ကိုယ်စီ ရှင်းထားကြပေမဲ့ အင်္ဂလိပ်လိုဖြစ်တာရယ်၊ မြန်မာလိုရေးထားတာဆိုရင်လည်း တစ်စုတစ်စည်းတည်း မရှိတာကြောင့်  တစ်နေရာတည်းမှာ စုစည်းပြီး ဖြေပေးလိုက်ပါတယ်။
.::Download this article in PDF format here::.
၁။
ယူနီကုဒ်မှာ ပုံသဏ္ဌာန် ထပ်တူထပ်မျှတူရင် သုံးတဲ့နေရာ မတူပေမဲ့ ကုဒ်ပွိုင့်တစ်ခုတည်း ယူပါတယ်။
ဥပမာ -
玍 - (738D)
To be born
Birth, origin
To live, to exist, to survive
To revive, to bring to life
Raw, uncooked, crude
Pure, neat, genuine
unfamiliar, strange
untamed, barbarian
a student
ះ - (17C7)
KHMER SIGN REAHMUK
srak ah
visarga
Screen shot 2011-01-22 at 2
Khmer O, AU
ရှေ့ထိုး (ေ-ာ်)ကိုသီးခြားခွဲထုတ်မရပါ။ ဒါ့အပြင် Split Vowel (ခမာတွင်သုံးသည်, 17C4, 17C5) ဟုသတ်မှတ်၍ေ-ာ်အတွက် တစ်ကွက်ထည့်ပါကေ-ာ၊ -ံ့ ၊ -ို အတွက်ပါ ထည့်ရပါမယ်။ အဲဒီအတွက်  Split Vowel ကိုမသုံးပဲ အသတ်ကိုသာ ရှေ့ထိုးအတွက် ပုံဖော်ခြင်းမှာ သုံးပါတယ်။ အဲလိုမျှဝေသုံးစွဲခြင်းအတွက် အက္ခရာစဉ်ခြင်းနှင့် ရှာဖွေခြင်းတွင် မည်သို့မျှပြောင်းလဲခြင်းမရှိပါ။ Split Vowel လို့ထည့်ရင် ပြင်မယ်ဆိုရင် အသတ်ကိုဖျက်တာ၊ ရေးချကို ဖျက်တာခက်သွားမယ်။ ကော် ကနေ ကော၊ ကေ ကိုပြင်မယ်ဆိုရင် ရေးချ၊ ရှေ့ထိုးဖျက်ရုံနဲ့မရဘဲ တစ်ခုလုံးဖျက်ရပါမယ်။
၂။
မွန်ဘာသာ ရှေးစာတွေမှာ "ပဿ" အသုံးရှိသလို "လသ်သ" အသုံးလည်း ရှိပါတယ်။ ယူနီကုဒ် အရှေ့ပိုင်းဗားရှင်းတွေမှာ ဿကြီး မပါပါဘူး။ နောက်မှ လိုလို့ အကြောင်းအကျိုး သက်သေသာဓကတွေ ပြပြီး တောင်းထားတာ ဖြစ်ပါတယ်။ နောက်ထပ် code point မပေးရင် အဲဒီ ၂ခုလုံးကို ဖော်ပြဖို့ မဖြစ်နိုင်ပါ။ disunification လုပ်ရပါတယ်။ Database မှာ De-normalization ကို မြန်ဖို့ အဆင်ပြေဖို့ သုံးရသလိုပါပဲ။
၃။
ခုခေတ်မှာ ဗမာစာတစ်ခုတည်း ရုံးသုံးဖြစ်နေပေမဲ့ တူညီတဲ့ အက္ခရာတွေ ယူသုံးတဲ့ တခြားသာသာစကား အများအပြားလည်း ရှိပါတယ်။ ယူနီကုဒ်မှာ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပိုးကရင်၊ စကောကရင်၊ ပလောင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသားစာ အများအပြားအတွက်ပါ ထည့်ပေးထားတဲ့အတွက် ဗမာစာတစ်ခုတည်း ကွက်ကြည့်လို့ မဖြစ်တော့ပါဘူး။ ဗမာစာကိုယ်တိုင်ကိုက မွန်အက္ခရာတွေမှာ အခြေခံထားတဲ့အတွက် မွန်ဘာသာရယ်၊ သူနဲ့ယှဉ်ပြီးသုံးတဲ့ ရှေးထုံးဗမာစာရယ်ကိုပါ ထည့်စဉ်းစားရပါတယ်။ မွန်စာရေးထုံးအရ မသတ် (မ်) ကို အတိုရေးချင်တဲ့အခါ ဗျည်းပေါ် အစက်တင် (Superscripted) ရေးပါတယ်။ (အခုထိ ခမာမှာ အဲဒီအတိုင်းသုံးပါတယ်)။ အမှန်တော့ ဗျည်းပေါ်တင်ရေးတဲ့ အဲဒီအစက် ကိုယ်တိုင်ကိုက ဗျည်း(အံ) ဖြစ်ပါတယ်။ အဲဒါကြောင့် အ နဲ့ပေါင်းပြီး အ သေးသေးတင် ဖြစ်တဲ့အခါ သရလို့ မယူဆပါဘူး။ နောက်ပိုင်း မြန်မာသင်ပုန်းကြီးက ဗျည်းမှာ အံ မထည့်တော့ဘဲ ဗျည်းလွတ်နေတဲ့ သရတွေကို စီတဲ့အထဲ သွားထည့်လိုက်တဲ့အခါ သရအဖြစ် သတ်မှတ်လိုက်ပါတော့တယ်။ အဲဒါကြောင့် သေးသေးတင်ကို သရအဖြစ်ရော ဗျည်းအဖြစ်ပါ သတ်မှတ်တဲ့အတွက် Various Sign ထဲထည့်ပါတယ်။ ခမာနဲ့ ထိုင်းဘာသာတွေမှာပါ Various Sign ထဲ ဝင်ပါတယ်။
၎။
ရှေးက မြန်မာစာရေးတဲ့အခါမှာ ကျောက်စာပေစာတွေမှာ ရေးရတဲ့အတွက် နေရာဆံ့အောင် အတိုရေးရတဲ့ နည်းတွေ ရှိပါတယ်။ အု က ဥ ဖြစ်တာတွေက အဲဒီထုံးပါပဲ။ ၎င်း ကိုယ်၌ကိုက လည်းကောင်းကို ချုံ့တာပါ။ ၎င်း ကို ထပ်ချုံ့ချင်တဲ့အခါမှာတော့ ၎င်း သင်္ကေတပေါ် ကင်းစီးတင်ပြီး ၎င်း င်္ရယ်လို့ ရေးပါတယ်။ အဲဒါကြောင့် ၎င်း သင်္ကေတမှာ ငသတ်ဝစ္စပေါက် ဖြုတ်ထားတာ ဖြစ်ပါတယ်။ ယူနီကုဒ် 1.0 မူကြမ်းမှာ ၎င်း သင်္ကေတနဲ့ ဿကြီး 5.1 မူအတိုင်း ပါပါတယ်။
၅။
အပေါ်က သဝေထိုးကို ရှေးက ဗမာစာ၊ မွန်စာတွေမှာ သုံးပါတယ်။ ခုခေတ်လည်း မွန်စာတွေမှာ သုံးနေတုန်းပါပဲ။ ဥပမာ - "ယဵု"။ အသုံးလိုတိုင်းယူနီကုဒ်မှာ လိုက်ထည့်နေရမလားဆိုတော့ ဟုတ်ပါတယ် လိုက်ထည့်ရမှာပါ။ သုံးတဲ့အသုံး၊ ဘယ်နေရာမှာသုံးတယ်၊ ဘယ်ခုနှစ်က ဘယ်တိုင်းရင်းသားရဲ့ ဘယ်စာမှာသုံးတယ်ဆိုတာ ပြနိုင်ရင် ယူနီကုဒ်ကွန်ဆိုတီယမ်မှာ ထပ်တိုးတောင်းလို့ ရပါတယ်။ ကုဒ်ပွိုင့်တစ်ခုချင်းစီဟာ ရဖို့ အင်မတန်ခက်ခဲတဲ့အတွက် အသစ်ရမယ်ဆိုရင် ဒါဟာ ဝမ်းသာအားရ ကြိုဆိုရမယ့် အချက် ဖြစ်ပါတယ်။
၆။
Normalization အတွက်လားဆိုရင် ဟုတ်ပါတယ်လို့ ဖြေရပါမယ်။ Alternate rule for normalization ဆိုတာ ရှိရင် ပိုအကျိုးရှိပါတယ်။ ရဖို့လည်း ခက်ပါတယ်။ ဥလုံးကြီးတင်ဆန်ခတ်နဲ့ မှားနိုင်စရာ တခြားစာလုံးမရှိတာရယ်၊ ရှောင်ဖို့ခက်တဲ့ သာဓကအများအပြားရယ်ကြောင့် ထည့်ပေးလိုက်တာပါ။ လက်ကွက်မှတ်မိရင် 1025+102E အစား 1026 အက္ခရာ ဦ ကိုသာသုံးဖို့ တိုက်တွန်းပါတယ်။
၇။
ဪ သရအတွက် မွန်စာမှာ ရှေ့ပစ်သုံးပြီး ပြပါတယ် - "အူ"။ ဗမာစာမှာ ရှေ့ပစ်မသုံးတော့ဘဲ ဝသတ်နဲ့ ပြပါတယ် - "ဝ်"။ သဝေထိုးနဲ့ ရေးချသုံးတဲ့ အော်သံမှာ ရှေ့ပစ်နဲ့ဆင်တဲ့ ရှေ့ထိုးကို သုံးပြီး ပုံစံအသစ်ရေးပါတယ်။ ကုန်းဘောင်ခေတ် တောင်တွင်းဆရာတော် ခင်ကြီးဖျော်ရဲ့ သဒ္ဒဗျူဟာကျမ်းမှာတော့ အော်သရအတွက် အက္ခရာဩမှာ သဝေထိုးရေးချ ရှေ့ထိုးကပ်ပြီး အက္ခရာဪကို စထွင်ပါတယ်။ ဒါပေမဲ့ အက္ခရာဩ အက္ခရာဪတွေကို သ ရရစ် လို့ မရေးပါ။ မွန်စာမှာ အက္ခရာဩ ရော သ ရရစ် အသုံးပါ ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဥပမာ - "သြန်" (သကို ရရစ်ကပ်ရင် ဆလိမ်+အောသံထွက်ပါတယ်)။
၈။
၁၉၉၈ ယူနီကုဒ်(၃) မြန်မာစာ Proposal မှာ အော နဲ့ အော် သရနှစ်လုံးပါပါတယ်။ ဒါပေမဲ့ သရလို့ဆိုတဲ့ အ ကိုယ်၌က ဗျည်းထဲဝင်နေတဲ့အချက်ကြောင့်ရယ် အို အုံ အံ အသုံးတွေ အတွက်ကြောင့်နဲ့ အ ကိုသုံးပြီး ရှိပြီးသားသရတွေဖြစ်တဲ့ သဝေထိုး၊ ရေးချတို့နဲ့ ရေးလို့ဖြစ်တယ်ဆိုပြီး နောက်ပိုင်းမှာ ပြန်ဖြုတ်ပါတယ်။ ဗျည်းမှာ အ မပါတဲ့ ခမာကိုတော့ အော အော် နှစ်လုံး ပေးပါတယ်။ ယူနီကုဒ်ပွိုင့်လေး တစ်လုံးတစ်ပါဒအတွက် မြန်မာစာပညာရှင်၊ ကွန်ပျူတာပညာရှင်တွေ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး အကြိမ်ကြိမ် ခေါင်းချင်းဆိုင်ဆွေးနွေး၊ ပြည်ပကိုအခါခါထွက်၊ ဆုံးဖြတ်ချက်ကို လည်တရှည်ရှည်နဲ့စောင့်ဖူးခဲ့ပါပြီ။
၉။
ယူနီကုဒ်အက္ခရာတွေမှာ မြန်မာအက္ခရာတွေအတွက် ဘလော့ခ် အစုအဝေးကြီးတစ်ခု ထားပေးပြီး ပုံစံကျအောင် စီပါတယ်။ ဗားရှင်းတစ်ခုချင်းစီ သွားတိုင်း မလိုတာပယ် လိုတာဖြည့်လုပ်ပါတယ်။ အဲဒီအခါမှာ အရင်ဗားရှင်းတွေနဲ့ အတတ်နိုင်ဆုံးတူအောင် ပြန်ချန်ထားရပါတယ်။ ဗမာစာဟာ မွန်စာကို ယူသုံးထားပါတယ်။ မွန်စာမှာလည်း ဗမာစာမှာမရှိတဲ့ အက္ခရာတွေ ပါပါတယ်။ ရှမ်းစာ မွန်စာ ရခိုင်စာ ကရင်စာ မှာလည်း ဗမာအက္ခရာကို သုံးပါတယ်။ ကျီးဖြူဒီမှာနေ၊ ကျီးမည်းဒီကိုသွားဆိုပြီး ခွဲထုတ်လို့မရနိုင်ပါဘူး။
၁၀။
ယူနီကုဒ်ဖောင့်တွေဖြစ်တဲ့ မြန်မာ၃၊ မိုင်မြန်မာ၊ ပိတောက်၊ ပုရပိုက်၊ ယွန်းချို၊ မာစတာပိယူနီစံတွေမှာ ရှားရှားပါးပါး ပါဠိသက် တစ်နေရာ နှစ်နေရာကလွဲလို့ အားလုံးအတူတူ အလုပ်လုပ်ပါတယ်။ အခုဒီစာကိုလည်း Mac မှာ မာစတာပိယူနီစံနဲ့ ရိုက်ပြီး မွန်စာတွေ မြင်ရအောင် Windows မှာ ပိတောက်နဲ့ PDF ပြန်ထုတ်ပါတယ်။
၁၁။ ဒါကတော့ ညီလင်းဆက်ထဲမှာ မပါပေမဲ့ ယူနီကုဒ်က ပါဠိသုံးထပ်ဆင့် မရဘူးလို့ ကတ်ကတ်သတ်သတ် ပြောသူတွေ ရှိလာတာကြောင့် တစ်လက်စတည်း ထည့်ရေးဖြစ်ပါတယ်။ ယူနီကုဒ် Encoding မှာ မြန်မာဘာသာအတွက် Encode လုပ်လို့မရဘူးဆိုတာ မရှိ​သလောက် ဖြစ်နေပါပြီ။ ဖောင့်အနေနဲ့ အမှန်မပြနိုင်တာတွေ ရှိကောင်းရှိပါမယ်။ ဥပမာ -
န + ဝိရာမ + တ + ဝဆွဲ ဆိုတဲ့ ပါဠိသုံးထပ်ဆင့် စာလုံးပါ။
သူ့ကို အခု မြန်မာ၃နဲ့ အမှန်မမြင်ရပေမဲ့ သုံးမှဖြစ်မယ်ဆိုပြီးလိုအပ်လာခဲ့လို့ ရှိရင် ယူနီကုဒ် Encoding စာလုံးစီပုံ ရှိပြီးသား ဖြစ်တဲ့အတွက် ဖောင့်မှာ Glyph တစ်ခုနဲ့ Rule တစ်ခု ပေါင်းထည့်လိုက်ရုံနဲ့ ရပါပြီ။
Encoding ဆိုတာနဲ့ တစ်ဆက်တည်း ပြောလိုက်ပါဦးမယ်။ ယူနီကုဒ် Encoding Model မှာ ဘယ်အက္ခရာက ရှေ့ကနေပြီး ဘယ်အက္ခရာက နောက်ကနေမယ်ဆိုတာ အတိအကျ ဖော်ပြထားတဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ Encoding ဆိုတာ မြန်မာစာ သင်ရိုး မဟုတ်ပါဘူး။ တခြားတိုင်းရင်းသားအက္ခရာတွေနဲ့ အဆင်ပြေအောင်၊ ကွန်ပျူတာမှာ တွက်ချက်ရ လွယ်ကူအောင် နောင်အရှည်မှာ အဆင်ပြေလွယ်ကူအောင် ဘာသာဗေဒနည်း အရ ကွန်ပျူတာမှာ Syllable ဝဏ္ဏအဆင့် သိမ်းတဲ့နည်း ဖြစ်ပါတယ်။ အလွယ်မှတ်ရင်တော့ ဗျည်း၊ ဗျည်းတွဲ၊ သရ လို့ မှတ်နိုင်ပါတယ်။ စိတ်ဝင်စားရင် ဒီနေရာမှာ အလွယ်မှတ်နည်း အဆင့်ဆင့်ကို သွားကြည့်နိုင်ပါတယ်။ အကျယ်ကိုတော့ ဒီမှာ ကြည့်ပါ။
နောက်ဆုံးတစ်ခုပြောချင်တာက ယူနီကုဒ်ဟာ မြန်မာစာ ကောင်းကောင်းမတတ်တဲ့ ကွန်ပျူတာသမားတွေ လုပ်ချင်ရာ လုပ်ထားကြတာ မဟုတ်ဘူး ဆိုတာပါပဲ။ မြန်မာစာပညာရှင်တွေ၊ တိုင်းရင်းသားစာပေ ပညာရှင်တွေ၊ ဘာသာဗေဒကို အထူးပြု လေ့လာနေတဲ့ လူတွေ၊ ကွန်ပျူတာပညာရှင်တွေ အားလုံး ဝိုင်းဝန်းပြီး လုပ်ထားကြတာပါ။ လုပ်တိုင်းလည်း မြန်မာတွေ စိတ်ကြိုက် အားလုံး မရပါ။ အရှေ့တောင်အာရှဘာသာစကားတွေကို အထူးပြုလေ့လာထားတဲ့ ယူနီကုဒ်ကွန်ဆိုတီယမ်က ပညာရှင်တွေရဲ့ အဆင့်ဆင့် စိစစ်မှုကို ခံကြရပါသေးတယ်။ ယူနီကုဒ် Proposal တစ်ခုတင်ဖို့ နဲ့ တင်ပြီးရင် အတည်ပြုဖို့ တစ်နှစ်ကြာပါတယ်။ အဲဒီကာလတွေအတွင်းမှာ အကြောင်းပြချက်ခိုင်လုံရင် ပြင်ခွင့် ကန့်ကွက်ခွင့် ရှိပါတယ်။ အဲဒါတွေအားလုံး ပြီးသွားတော့မှ အတည်ပြုတဲ့ ဗားရှင်းတစ်ခုရပါတယ်။ အခု ဗားရှင်း 5.2 မှာ ဗမာစာအတွက် ပြင်စရာ ကုန်သလောက်ဖြစ်သွားပါပြီ။ ဒါကြောင့် စိတ်ချသုံးလို့ ရပါပြီလို့ ပြောနေကြတာပါ။ လူသိနည်းတဲ့ တိုင်းရင်းသားစာတွေ ထည့်ဖို့ရှိလာတယ်ဆိုလည်း အခုရှိပြီးသားအက္ခရာတွေရဲ့ နောက်မှာ ထပ်ထည့်သွားရုံပါပဲ။ ဒီလောက်ဆိုရင် ဒွိဟဖြစ်နေသူ အတော်များများ ရှင်းသွားလောက်ပြီ ထင်ပါတယ်။
@=={Lionslayer>
22/01/2011
Ref:
·    All Myanmar Unicode Proposals and revisions (1996-2008)
·    A HISTORY OF THE MYANMAR ALPHABET (1994)
·    Khmer - Unicode Consortium
·    Myanmar - The Unicode Standard (6.0)
·    Han Unification in the Unicode Standard
·    Sealang Mon Lexicon
·    http://www.mrc-usa.org/
·    Proposed PDAM for ISO/IEC 10646-1: 1993/Amd. xx: 1998 (E)
·    Myanmar Unicode Research Papers & Reference Documents
·    http://unicode.org/notes/tn11/UTN11_3.pdf
·    http://std.dkuug.dk/jtc1/sc2/wg2/docs/n3043.pdf
Credit to http://www.myanmarlanguage.org/unicode/unicode-Q-n-A
Unicode ဘယ်လိုသုံး
Unicode မြင်ဖို့ကတော့ Font ရှိဖို့ပဲလိုပါတယ်။ Font ရှိရင် မြင်ရပြီ။ ဒါဆိုရင် ဘာ ဖောင့်တွေ ရှိသလဲ ဆိုတာ ကြည့်ရအောင်။
စာဖတ်ဖို့
လက်ရှိ Unicode Font တွေကတော့ ဒီမှာ သွားဖတ်လိုက်ပါ။
ကျွန်တော့် blog sidebar မှာလည်း Font Link ထည့်ထားပေးပါတယ်။
Mac အတွက်ကတော့ ရှင်းတယ်။ ဒီ package ကို Install လုပ်လိုက်ရင်ရပါပြီ။ သို့ပေမယ့် OS X 10.6 တော့ လိုတယ်။ Font ပဲ လိုချင်တယ်ဆိုရင်တော့ ဒါကို download ချလိုက်ပါ။
စာရိုက်ဖို့
Keyboard ကတော့ ဒီမှာ ဖတ်လိုက်ပါ။ ပြဿနာ တစ်ခုကတော့ အဲဒါ သွင်းလိုက်ရင် လက်ရှိ ဇော်ဂျီ keyboard သုံးမရတာပဲ။ NHM writer အတွက် keyboard ကတော့ လက်ရှိ zawgyi keyboard နဲ့ တူအောင် ကိုရာဗီ ပြန်ရေးထားတာပါ။ ဒါမှမဟုတ် အက္ခရာ keyboard ကို သုံးပါ။ ရိုက်ရတာကတော့ ဇော်ဂျီနဲ့ မတူဘူး။ သူ့ကို သုံးမယ်ဆိုရင်တော့ 64 bit လား 32 bit လား ဆိုတာ သိဖို့တော့လိုပါတယ်။
Mac အတွက်ကတော့ keymagic ကို အသုံးပြုပါတယ်။ တော်တော်လည်း အဆင်ပြေပါတယ်။
အခြား
Unicode ကော ဇော်ဂျီကော မြင်ချင်ရင်တော့ Parallel Universe ကို သုံးပါ။ Chrome Extension ပါ။ ဇော်ဂျီတွေကိုပါ unicode ပြောင်းပြီး မြင်ချင်ရင်တော့ One Universe သုံးပါ။ Facebook မှာ စာလုံး မမြင်ရရင် one universe ကို ဖြစ်ဖြစ် Parallel universe ကို ဖြစ်ဖြစ် နှိပ်လိုက်ရင် မြင်ရသွားပါလိမ့်မယ်။
WordPress အတွက်ကတော့ MMUnicode Embed ကို သုံးနိုင်သလို combo box လည်းသုံးနိုင်တယ်။ MMUnicode Embed က comment ကို ကြိုက်တာနဲ့ ရိုက် unicode ပြောင်းသိမ်းပေးတယ်။ font ပဲသွင်းထားတယ်။ keyboard မရှိဘူး။ ဇော်ဂျီပဲ ရှိတယ်ဆိုလည်း ဖြစ်တယ်။ ဇော်ဂျီနဲ့သာ ရိုက်ခဲ့လိုက် သူ့အလိုလို unicode ပြောင်းပေးသွားမှာပါ။ 1.2.2 မှာတော့ jquery conflict တွေရှိသေးတယ်။ wordpress blog တွေက plugin တွေ များလာတာနဲ့ jquery library ခေါ်တာတွေလည်း အရမ်းများလာတယ်။ အဲဒီအတွက် Admin panel ရေးရအုံးမယ်။ သောကြာနေ့ ညမှပဲ ရေးပေးတော့မယ်။
ကျွန်တော် font embed javascript ကို တင်ပေးပါ့မယ်။ အဲဒီ javascript ကို သုံးလိုက်ရင် ဘာမှ ထပ်ဖြည့်စရာမလိုဘူး။ သူ့အလိုလို embed လုပ်သွားမယ်။ လက်ရှိ blogspot သုံးနေတဲ့သူတွေလည်း javascript လေး ဖြည့်လိုက်ရုံပဲ။ အဆင်မပြေတာရှိရင် ပြောပါ။
Credit to http://www.saturngod.net/knowledgebase/unicode-using
--
ဂျီမေးအကောင့်ပြန်ယူမယ်
From: လွမ်းနေ သူ <lwan.nay.ya.thu.par@gmail.com>
Date: 2011/5/22
Subject: [mrsorcerer:4865] ဂျီမေးအကောင့်ပြန်ယူမယ်
သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question
ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။
ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။
လုပ်ပုံလုပ်နည်း
ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့
အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ
သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊
အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊
အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊
Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။
အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ
ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။
သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ
မူတည်ပါလိမ့်မယ်။
ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့
ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊
ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့
သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။
ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။
ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့
အချက်အလက်တွေကို လုံခြုံတဲ့တနေရာ
မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး
ပြန်ရအောင်ယူပေါ့။
Form ဖြည့်ရန် သွားရမယ့်လိပ်စာကတော့
http://www.google.com/support/accounts/bin/request.py?contact_type=...
credit :http://www.mm-flashsongs.com/profiles/blogs/gmail-2
♥_ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု …ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ် …။   ♥_
--
မှော်ဆရာ အဖွဲ့ 
Gmail ၏ အစွမ်းထက်နည်းလမ်း ( 41 )
Gmail ၏ အစွမ်းထက်နည်းလမ်းများ ( 41 ) ခု
Gmail သုံးစွဲနေကြတဲ့လူတိုင်း အတွက် ရည်ရွယ်ပြီး ကိုယ့်ရဲ့ Gmail ကို ပိုမိုအစွမ်းထက်စေဖို့ အကူအညီ နိုင်ဆုံး အကြံပြုချက်တွေကိုပါ စုပေါင်းပြီး Tips ,  Tricks extensions , Desktop program တွေနဲ့  Mac User တွေအတွက်ပါသုံးနိုင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုပါတယ် ။
____________________________________________________________________________________________________________________________________________
Gmail ကိုသုံးစွဲတဲ့နေရာမှာ အကောင်းဆုံးနဲ့ အလိုက်ဖက်အညီဆုံးကတော့ Fierfox browser ပဲဖြစ်ပါတယ်။
"open"ဟာGmailကိုမြန်မြန်ဆန်ဆန်ဖွင့်လှစ်ပေးနိုင်မယ့် ပိုမိုထူးကဲတဲ့ ထပ်ဆောင်းအရည်အချင်းလေးတွေဖြစ်တဲ့ ( Add - ons ) တွေကိုတော့ သုံးစွဲလို့မရပါဘူး ။ အဲ့ဒီ့အတူ IE 6.0 , IE 7.0 ဟာလည်း Gmail Standard view ဖွင့်ပေးနိုင်တယ်ဆိုပေမယ့် လိုအပ်ချက်တွေ အများအပြားရှိနေဆဲပါပဲ ။ ဒါကြောင့် Gmail ကိုသုံးစွဲမယ် ၊ Email ပို့မယ် ၊ Chat ပြောမယ်ဆိုတဲ့ User တွေဟာ Gmail နဲ့ပတ်သက်တဲ့ တခြား Program လေးတွေကို အထိုက်အလျောက်သိနေသင့်ပါတယ် ။ Gmail ကိုပိုမိုတင့်တယ်ပြီး လွယ်ကူချောမွေ့စေအောင် ဆက်သွယ်ပေးနေတဲ့ လိုက်ဖက်ညီအတွဲပရိုဂရမ်တွေ တချို့ တလေရှိနေပါတယ် ။ Fier-fox browser ကတော့ သိပြီးဖြစ်ပါလိမ့်မယ် ။ Greas Monkey ( Script Manager  ) ဟာ Add-ons တွေကို လက်ခံနိုင် ၊ ဖြုတ်ပစ်နိုင်တဲ့ Add-on controlpanel လေးတစ်ခုပါဝင်ပါတယ် ။ Userscript ( java script search engine ) ကတော့ Onlineပေါ်မှာရှိနေတဲ့ Gmail , Hostmail , Browser စတဲ့ပရိုဂရမ်မျိုးစုံအတွက် စုဆောင်းပေးထားတဲ့ Scripting SearchEngine တစ်ခုလို့ဆိုနိုင်ပါတယ် ။  User script ဟာ Sing-up  လုပ်ပြီး Account ရရှိပြီဆိုမှသူ့ရဲ့ Website မှာရှိရှိ
သမျှ Script လေးတွေကို Install လုပ်နိုင်မှာပါ ။ အဲ့ဒီ့လို Tegister လုပ်တဲ့အခါမှာ အလွန်လွယ်ကူပြီး ယုံကြည်စိတ်ချရပြီး အကျိုးအမြတ်မယူတဲ့အဖွဲ့ အစည်းလည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Gmailaccuount ကိုသုံးစွဲနိုင်ပါတယ် ။  ကိုယ်ကိုယ်တိုင်လည်း ကိုယ်ဖန်တီးထားတဲ့ Script လေးတွကို အများပြည်သူကို Shareလုပ်ပေးနိုင်ပါတယ် ။ တစ်ခုသတိထားရဖို့ရှိတာက Userscript မှာ Share ပေးထားတဲ့ Script လေးတွေကို Programmer ငယ်လေးတွေကစလို့ ၀ါရင့် Programmer တွေရဲ့ လက်ရာတွေအထိ ပါစနေတက်ပါတယ် ။ ဒါကြောင့် တချို့ Script
တွေဟာ အမှားအယွင်းတွေ ရှိနိုင်ပြီး ယုံကြည်စိတ်ချမှု့တွေ ရှိချင်မှရှိပါလိမ့်မယ် ။ Script တိုင်းမှာ တွေ့ရတတ်တဲ့Comments တွေကို အရင်ဆုံးဖတ်ရှုရပါမယ် ။ Stylelish ( add-onopen source ) ကတော့ လူငယ်ကွန်ပျူတာပရိုဂရမ်မာတွေအတွက် ပိုပြီးသင့်တော့်ပါတယ် ။ သူကလည်း Extension manager တစ်ခုဖြစ်တဲ့အပြင် ပိုထူးခြားတာက ပရိုဂရမ်မင်းအကြောင်း နကန်းတစ်လုံးတောင်မှ နားမလည်တဲ့လူတွေကို ကိုယ်ပိုင် Addon အသေးစားလေးတွေရေးသားနိုင်အောင် ဖန်တီးပေးထားပါတယ် ။
အဲ့ဒီ့ အဓိကဇာက်ကောင်လေးမျိုးကို အရင်ရယူထားရပါလိမ်မယ် ။ Home User တွေပဲဖြစ်ဖြစ် ၊ Cybercage User တွေပဲဖြစ်ဖြစ်  အဲဒီ့လေးမျိုးစလုံးစာ အလွယ်တကူ Install လုပ်နိုင်ပါတယ် ။
1 . Furefox ( http://www.mozilla.org.mozilla)
2 . Greasemonkey ( http://www.greasespot.net )
3 . Userscript ( http://www.user-script.org )
4 . Stylelish ( http://www.userstyles.org/stylish )
Firefox ကတော့ ကွန်ပျူတာတိုင်းလိုလိုမှာရှိပြီးသားဖြစ်မှာပါ ။ User script ကလည်း Email accountတစ်လိုလုပ်သလိုမျိုး Register လုပ်ရတာမျိုးဖြစ်တဲ့အတွက် မခက်ခဲလှပါဘူး ။ GreaseMonkey နဲ့ Stylelish ကတည်ဆောက်ပုံအတူတူဖြစ်ပြီး Install လုပ်ပုံချင်းလည်း ခပ်ဆင်ဆင်တူပြီး လွယ်ကူပါတယ် ။
၁ ။ Browser bar မှာ " http://www.grease-monkey.net " လို့ ရိုက်ပါ ။
၂ ။ Grease monkey ရဲ့ မိခင် Home Page ကျလာပ်လိမ့်မယ် ။ ညာဘက်အယ် ထောင့်မှာ " Downloadgreast monkey "  ကို Click နှိပ်ပါ ။
၃ ။ Firefox ရဲ့ add-ons page အတွင်းပြန်ရာက်သွားပြီး Page တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ။ Install လုပ်မလားလို့ မေးပါလိမ့်မယ် ။
၎ ။ Indtall button လေးကို Click နှိပ်ပါ ။
၅ ။ Install လုပ်ချိန် တစ်မိနစ်သာကြာမြင့်ပါလိမ့်မယ် ။
၆ ။ ပြီးရင် Browser ကို Restart ပြန်လုပ်ဖို့ Command ပေးပါလိမ့်မယ် ။ ( ဒါမှမဟုတ်ရင်လဲ Close button နဲ့ Browser ကိုခဏပိတ်လိုက်ပါ ။ )
၇ ။ ခဏပိတ်လိုက်ပြီးတာနဲ့ Browser ကိုပြန်ဖွင့်လိုက်ပါ ။ Status bar ရဲ့ ညာဘက်ထောင့်မှာ Grease monkey icon သေးသေးကလေးတွေ့ရပါလိမ့်မယ် ။ အဲ့ဒီ့ မျောက်ကလေးပြုံးနေတဲ့အချိန်ဟာ add-ons တွေအသက်ဝင်နေပြီး ( Enabled ) ၊ မျောက်ကလေးမဲ့နေခဲ့ရင်တော့ မတော်တဆခလုတ်မှားနှိပ်မိလို့ ( Disable ) အသက်မဲ့နေတာပါ ။  အဲ့ဒီ့လို Enabled/Disabled လုပ်ဖို့ဟာ သိပ်လွယ်ပါတယ် ။ မျောက်ငယ်ကလေး Icon ပေါ်ကို  Click နှိပ်လိုက်ရုံနဲ့ကိုရပါတယ် ။
၈ ။ Grease Monkey ရဲ့ Manager Control ကို Menu bar မှာ သွားကြည့်နိုင်ပါတယ် ။ Options Menu ကို Click နှိပ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ Box ထဲကနေ Add-ons ကိုရွေးပါ ။ ပြီးတော့ Manage script ကို Click နှိပ်ပါ ။
၉ ။ Grease Monkey ရဲ့ Manager Box ကို ရောက်ရှိပါပြီ ။
A . ဘယ်ဘက် Panel မှာကတော့ Add-ons တွေရဲ့ ခေါင်းစဉ်၊ အမည်တွေရှိပါတရ်
B . Edit ကို Click နှိပ်ရင်း System ထဲမှာရှိတဲ့ .js's file တွေကိုရှာဖွေပေးမယ့် Explore box ကျ
လာလိမ့်မယ်။
C . Included pages ဆိုတာက တကယ်လို့ ကိုယ် Install လုပ်လိုက်တဲ့ Add-ons အတွက် လုပ်ဆောင်ပေးမယ့် လိပ်စာကိုပြပေးထားတာပါ ။
D . Unistall ကတော့ မလိုတာတွေကို Select ပေးပြီး အလွယ်တကူဖျတ်ထုတ်နိုင်ပါတယ် ။
၁၀ ။ နောက်တစ်ခါတေါမှာ Userscripts ကနေဖြစ်စေ၊ တခြားနေရာတွေကနေဖြစ်စေ၊ Script တစ်ခုကို Installလုပ်လိုက်တဲ့အခါမှာ ( အဲ့ဒီ့ Script တွေဟာ (.js) extentions တွေနဲ့ ဆုံးပါလိမ့်မယ် ။ ) ဒီ Manage control ထဲရောက်ရှိပါလိမ့်မယ် ။
=============================================================================================================
Stylelish
Stylelish ဟာ Add-ons တွေနဲ့ Extensions တွေကို Manager သဘောမျိုးလက်ခံပေးနိုင်တဲ့အပြင် ကိုယ်တိုင် Extension အသေးစားလေးတွေကို တည်ဆောက်ဖန်တီးနိုင်ပါတယ် ။
၁ ။ Address bar မှာ http://userstyles.org/stylish လို့ရိုတ်ပါ ။
၂ ။ Grease Monkey လိုမျိုးပါပဲ ၊ Stylish ရဲ့ Home Page ပေါ်လာပါလိမ့်မယ် ။
၃ ။ ထိပ်ဆုံးစာကြောင်းမှာရှိနေတဲ့ Stylish 0.5.2 is available for download at addons mozilla.org ဆိုတဲ့စာကြောင်းကို Click နှိပ်ပါ ။ Firefox ass-ons box ထဲရောက်သွားပါမယ် ။ ပြီးရင် Install လုပ်လိုက်ပါ ။Broser resart ပြန်လုပ်ပါ ။
၎ ။ Status bar ရဲ့ အောက်ခြေစာရွက်ဖြူပေါ်မှာ ကလောင်တံလေးနဲ့ Icon လေးတွေ့ရပါလိမ့်မယ် ။
၅ ။ Install လုပ်ပြီးရင် အဲ့ဒီ့ Add-on စာမျက်နှာကို မပိတ်ဘဲဆက်ကြည့်မယ်ဆိုရင် Install now button ရဲ့အောက်မှာ Development comment  ဆိုတာတွေ့ ရပါလိမ့်မယ် ။ အဲ့ဒီ့မှာ ရှိတဲ့ Code ဟာ ဒီလိုပါ ။*{ color: blue important  }
၆ ။ Status bar မှာရှိတဲ့ stylish icon ကို Click နှိပ်ရင် Manager Styles ပေါ်လာပါမယ် ။ Write ကို Click နှိပ်ပါStylish ရဲ့ Control ထဲရောက်မယ် ။ အခုန Code ကို Copy( Ctrl + C ) + paste ( Ctrl + V ) လုပ်ပါ ။Addstyle ထဲမှာ Colir နေရာမှာ Black လို့ အစားထိုးပြီး Save လုပ်ပါ ။ Descriptions ဆိုတဲ့နေရာမှာ Page
ရဲ့ Wed address ဆိုတဲ့နေရာမှာ Page ရဲ့ Wed address ကိုရိုက်ပါ ။ www.google.com ပြီးရင် ကိုယ်ပိုင်Add-on တစ်ခုရရှိပါပြီ။  အခုအချိန်မှာ စမ်းသပ်ကြည့်မယ်ဆိုရင် Google ရဲ့ Home pageမှာရှိသမျှ အပြာရောင်တွေဟာ အနက်ရောင်ပြောင်းနေပါလိမ့်မယ်။ ဒါဟာအလွယ်ကူဆုံးနမူနာတစ်ခုမျှသာဖြစ်ပါတယ်။
Add-ons တွေကို Broswer မှာနောက်တစ်မျိုးကြည့်လို့ရတဲ့ နေရာတစ်ခုက Options.add-ons ကနေကိုယ်Install လုပ်ထားခဲ့သမျှ Add-ons တွေကိုအကုန်လုံးကြည့်လို့ရပါတရ် ။
Addons တွေမှာ '".xpi " နဲ့ ".js" ဆိုပြီး 2မျိုးရှိပါတယ်။ " .xpi " ကတော့ Addon အစစ်ဖြစ်ပြီး Browser ပေါ်မှာ Run ဖို့တည်ဆောက်ထားတဲ့ အဓိကအထောက်အပံ့တစ်ခုဖြစ်ပြီး ".js" နဲ့ အဆုံးသတ်တဲ့ Addon တွေကတော့Java script နဲ့ရေးထားပြီး Browser ပေါ်မှာဖွင့်တဲ့ Website တစ်ခုချင်းစီအတွက် ရည်ရွယ်ပါတယ် ။ ရေးသားထားတဲ့ နည်းပရိယာယ်တွေက လွယ်မယောင်နဲ့ ခက်နေတယ်ဆိုပြီး အကြမ်းဖျင်းမှတ်သားထားနိုင်ပါတယ် ။
Gmail ဟာ Open source အမည်မခံပေမယ့် Developer တွေကို programming source code တစ်ဝက်လောက်ဖွင့်ဟပေးထားတဲ့အတွက် Gmail နဲ့ပူးတွဲသုံးစွဲမယ့် Browser အတွက်ရော၊ Gmail inbox အတွင်းထဲကိုပါအကောင်းဆုံးအရည်အချင်းတွေရရှိစေနိုင်ဖို့ ဝိုင်းဝန်းထောက်ပံ့ကြတဲ့ Addons တွေမရေမတွက်နိုင်အောင်
ရှိနေပါတယ် ။
လူတစ်ယောက်မှာ Gmail Account 2ခု ( သို့ ) 3ခုရှိတင်္ရဆိုရင် အဲ့ဒီ့မတူညီတဲ့ မေးလ်အကောင့် တွေကိုစစ်ချင်ရင် account တစ်ခုဖွင့်လိုက်၊ ပိတ်လိုက်လုပ်စရာမလိုပဲ တစ်ခါထဲနဲ့ Gmail account တွေစစ်ချင်ရင်Gmail manager ဟာ သိပ်အသုံးဝင်ပါတယ် ။
ဥပမာ ကျွန်တော်ပေါ့ ။ ကျွန်တော့မှာ အွန်လိုင်းသရဲ @gmail.com , ပူတူတူးလေး@gmail.com ,သရဲလေး@gmail.com ဆိုပြီးရှိတဲ့အတွက် Mail 3 ခုစလုံးကို တစ်ပြိုင်ထဲ Screen တစ်ခုထဲမှာ ( Firefox ရဲ့ open tab သုံးခုဖွင့်လှစ်ပြီး ) ဟိုဘက်၊ ဒီဘက် Mail စစ်ဆေးလို့ရပါတယ် ၊
၁ ။ Address bar မှာ http://addons.mozilla.org/en-US/furefox/addon/1320 လို့ရိုက်ပါ ။
၂ ။ ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ Install လုပ်လို့ရပါတယ် ။
၃ ။ ပြီးရင် Firefox>tool>addonsကနေတစ်ဆင့် Gmail manager ရောက်မရောက်ရှာဖွေစစ်ဆေးပါ ။ (.xpi )extension ဖြစ်ပြီး Version ဟာ (0.5.9) ဖြစ်ပါတယ်။
၎ ။ Extension တွေစုပေါင်းထားတဲ့ Box ကြီးထဲမှာ Gmail manager ကိုတွေ့ရပြီးဆိုရင် Option ကို ကလစ်နှိပ်ပြီး ညွှန်ကြားနိုင်ပါတယ်။
၅ ။ Browser ရဲ့ Status bar ကိုကြည့်မယ်ဆိုရင်လဲ Gmail manager icon ကလေးပေးနေတာတွေ့ရပါမယ် ။
၆ ။ Account တွေကိုလက်ခံနိုင်ဖို့အတွက် Account တစ်ခုချင်းစီရဲ့ Name နဲ့ Password တွေကို မှန်မှန်ကန်ကန်ဖြည့်စွက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ် ။
၇ ။ ပထမဆုံးအနေနဲ့ All account settings မှာ Add ကို Click နှိပ်ပါ။ Gmail ရဲ့ ပထမ Account ဖြစ်တဲ့ ( ပင်ကို Account ) ပူတူတူလေး Account ကို User name နဲ့ Password ဖြည့်ပါ။ ပြီးရင် ဒုတိယ Account သရဲလေး အတွက် Account ကို Password နဲ့ Usernameဖြည့်ပါ။ ပြီးရင် တတိယ Account ဘကို လည်းဖြည့်
စွက်ပါ။
- တကယ်လို့ Startup option မှာရှိတဲ့ Check box ကိုသာ အမှန်ခြစ်ထည့်ပေးထားလိုက်မယ်ဆိုရင် ကွန်ပျူတာကိုဖွင့်တဲ့ အချိန်တိုင်းမှာ ( အင်တာနက် ကိုအလိုအလျောက် ချိတ်ဆက်ပြီး ) Gmail ကို Auto ဖွင့်ပေးမှာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာပါလိမ့်မယ် ။
- မလိုချင်တဲ့ Account ကို အလွယ်တကူ Remove လုပ်လို့ရနိုင်ပြီး Secure ပြည့်ဝစေဖို့လည်း ညွှန်ကြားထားနိုင်ပါတယ် ။
- ပြီးရင် Ok ကိုနှိပ်ပါ။  ( လိုအပ်ရင် Apple ကိုပါနှိပ်ပေးပါ )
၈ ။ Browser ရဲ့ Status bar ညာဘက်ထောင့်မှာ ဖြည့်စွက်ထားတဲ့ လိပ်စာတွေကို တွေ့မြင်ရပါလိမ့်မယ် ။
၉ ။ စာအိတ်အနီရောင် Icon လေးကို Click နှိပ်လိုက်တဲ့ အခါမှာ Gmail Manager ရဲ့ Function တွေပေါ်ပေါက်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ်။ " ရွေးချယ်ထားတဲ့ Gmail " ကိုဖွင့်ပေးဖို့နဲ့Add လုပ်ထားခဲ့တဲ့ Account အကုန်လုံးကိုဖွင့်ပေးဖို့ နှစ်မျိုးရှိပါတယ်။
၁၀ ။ Account တစ်ခုချင်းစီမှာရှိတဲ့  မတူညီတဲ့အရေအတွက်တွေကိုပုံမှာ ပြထားတဲ့အတိုငမ်းတွေ့ရလိမ့်မယ်။Show new mail snippets ဆိုတာကတော့ လက်ခံရရှိတဲ့ Mail တွေပါဝင်တဲ့ subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုးပြသပေးမှာပါ။
၁၁ ။ ပြီးရင် Browser မှာ Tab အသစ်တွေခေါ်ပါ။ တကယ်လို့ Account 2ခုကိုတစ်ပြိုင်ထဲဖွင့်ချင်ရင် Tab 2ခုခေါ်ပါ။ 3ခုဖွင့်ချင်ရင် Tab 3ခုခေါ်ပါ။
၁၂ ။  ဒါဆိုရင် Browser တစ်ခုအတွင်းထဲမှာ မတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gamil manager ကိုသုံးစွဲပြီး Email စစ်ဆေးရင်း Chatting လုပ်လို့ရနိုင်ပါပြီ။
=============================================================================================================
  Gᴍᴀɪʟ Tʜɪs
Internet ထဲမှာမွှေနှောက်ရှာဖွေ၇င်း တချိုကသင်တန်းစာဖိုင်ကလေးတွေကိုမှတ်သားချင်တဲ့အခါ ဒါမှမဟုတ် အရေးကြီးတဲ့ သတင်းမှတ်စုတွေကို မပျောက်မပျက်အောင်ထိန်းသိမ်းချင်တဲ့အခါမှာ Gamil This Extension ဟာအလွန်အသုံးဝင်ပါတယ်။
၁ ။ Browser မှာ http://addons.mozilla.org/en-US/firefox/addon/3102 ရိုက်ပါ။
၂ ။ Extension ကို Install လုပ်ပါ။
၃ ။ Webpage ရဲ့လိုချင်တဲ့ စာသားတေါကို High-lignht လုပ်ပြီး Select ပေးပါ။
၎ ။ Gmail ထဲမှာလျင်လျင်မြန်မြန်သိမ်းဆည်းထားပြီးဖြစ်ရုံမက တခြားတစ်ယောက်ဆီကို Foward လုပ်ဖို့အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
=============================================================================================================
  Bᴇᴛᴛᴇʀ Gᴍ@ɪʟ
Better Gmail ဟာ "Grease monkey" script တွေကိုစုပေါင်းပြီး Extension အကြီးစားတစ်ခုအနေနဲ့တည်ဆောက်ထားတာပါ။ Script ပေါင်း 10ခုအထက်ပါဝင်ပြီး Internet ချိတ်ဆက်ထားတဲ့ PC တွေကို အချိန်မှန်Update ရှာဖွေပေးပါတယ်။ Install လုပ်တဲ့အခါ ".xpi" နဲ့အဆုံးသတ်ထားတဲ့ Addons ကိုတွေ့ရပါလိမ့်မယ်။Google Reader တွေကို Inport,Export လုပ်လို့ရတဲ့ Function၊ Gmail ကို Mac စတိုင်တည်ဆောက်လို့ရတဲ့Screen အလွယ်တကူပြောင်းလဲလို့ရတဲ့ Fonts တွေနဲ့ Features မျိုးစုံတို့ပါဝင်ပါတယ်။ Extension 2 မျိုးရှိတယ်။ပထမ Version က (0.7) နဲ့ အခုထပ်ပြီး အသစ်ထွက်လာတာက (1.1) ဖြစ်ပါတယ်။
-https://addons.mozilla.org/en-US/Firefox/asson/A866 နဲ့ http://addons.mozilla.org/en-US/firefox/addon/6076 လိပ်စာ 2မျိုးရှိပါတယ်။ လိုချင်တဲ့ Version ကိုစိတ်ကြိုက်ရယူနိုင်ပါတယ်။
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
 Gᴍ@ɪʟ Sᴋɪɴs
Gmail Skin ဟာ Better Gmail ပေါ်လာပြိးတဲ့နောက်ပိုင်းမှာ တိမ်မြုပ်သွားတဲ့ Addons တစ်ခုပါ။ Better Gamilကိုမကျော်လွှားနိုင်ပေမဲ့ သူ့မှာလဲအလွန်ကောင်းမွန်တဲ့ အရည်အချင်းတွေရှိနေပါတယ်။ ဥပမာ- Gamil ထဲက In-box ရဲ့ Color ကိုစိတ်တိုင်းကျ အရောင်ပြောင်းလဲ နိုင်ခြင်း၊ Google ကနေပေးအပ်ထားတဲ့ IG modules လို့ခေါ်တဲ့ Gedget ကလေးတွေ၊ နာရီ၊ရာသီဥတု၊အားကစားသတင်းစတာတွေကို Gmail ထဲမှာပေါင်းထည့်နိုင်တာတွေအပြင် Picasa album နဲ့ချိတ်ဆက်ပြီး Image တွေကိုလိုအပ်သလို Organize လုပ်နိုင်တာတွေဟာ သိပ်ထူးခြား
ပါတယ်။ ဒါ့အပြင် မလိုချင်တဲ့ Label တွေကို ဥပမာ Gmail ထဲမှာရှိတဲ့ Sent item Box, Spam box စတာတွေကိုဖယ်ထုတ်ပစ်ထားလို့ရသလို User သဘောတွေ့ကြတဲ့ Function တစ်ခုကတော့ Inox,Chat,Sent စတဲ့ Boxတွေကို Gmail ကစီစဉ်ပေးထားသလို အပေါ်မှအောက် ဘယ်ဘက်ခြမ်းမှာထားရှိမှု့ကို မကြိုက်နှစ်သက်ရင် Horizontal ပြန်လည်ပြောင်းလဲနိုင်ပြီး Left to Right (ဘယ်မှညာ) ဒီဇိုင်းဖွဲ့စည်းဖွင့်ရှိတတ်တာပဲဖြစ်ပါတယ်။ BetterGmail ထက်လူကြိုက်နည်းရတဲ့ အဓိကအချက်ကတော့ဒီ Addon ဟာ Coding error တစ်ချို့ရှိနေတက်လို့ပါပဲ။
၁ ။ http://gmailskins.mozdev.org ဟုရိုတ်ပါ။
၂ ။ အောက်ဆုံးမှာရှိသော Here Install ကို Click နှိပ်ပါ။ (သို့) https://addons,mozilla.org/en-US/firefox/addon/2127 လို့ရိုတ်ပြီး Skin2addon ကိုအလျင်အမြန်သွားနိုင်ပါတယ်။
၃ ။ ကိုယ့် Gmail ကို Color ဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။ Better gmail လိုစတိုင်လှလှကလေးတွေမပါဝင်ပေမဲ့လက်တည့်စမ်းပြီး Addon တွေရေးသားချင်တဲ့လူငယ်တွေအဖို့ ဒီ Gmail-skinz အဆင့်ဟာ အငယ်တန်းပထမအဆင့်ဖြစ်တာမို့ အသုံးဝင်မှာပါ ။
=============================================================================================================
Gsᴘ@ᴄᴇ
Gspace သည် Extension တစ်ခုဆိုတာထက် Software တစ်ခုဆိုရင်ပိုမှန်ပါလိမ့်မယ်။ Mac,Linux,Windo ......မတူညီကွဲပြားတဲ့ platform မျိုးစံအတွက် အလုပ်လုပ်နိုင်ပြီး Gmail နဲ့ချိတ်ဆက်ပေးပြီး Online ပေါ်မျာ Storageနေရာတစ်ခုကိုဖန်တီးပေးပါတယ်။ Gmail ထဲက File တွေကိုပဲဖြစ်ဖြစ်၊ Image ပုံတွေပဲဖြစ်ဖြစ်၊ အလွယ်တကူ
Drag and Drop ဆွဲထည့်သိမ်းထားနိုင်ပါတယ်။ စတင်သုံးချိန်မှာ Gspace ဟာခက်ခဲသယောင်ရှိပေမဲ့ Toolsတွေကိုသဘောပေါက်သွားရင် အလွန်အားကိုးရတဲ့ Addon တစ်ခုဆိုတာတွေ့ရပါလိမ့်မယ်။
၁ ။ http://www.getspace.com/download.html ဟုရိုတ်ပါ။
၂ ။ Windo သမားတွေအတွက် Downloadချခွင့်ပြုထားတဲ့ Icon လေးပေါ်ကနေတဆင့် Click နှိပ်ပြီး Downloadချပါ။ 1MBမပြည့်တပြည့်သာရှိပြီး လွယ်ကူလျင်မြန်စွာ Browser addons box အတွင်းကိုရောက်ရှိသွာပါမယ်
၃ ။ Gspace ဟာ File transfer protocol access ဖြစ်တဲ့အတွက် ကိုယ့် PC ထဲမှာရှိတဲ့ File တွေကို Internetပေါ်ကို Upload တင်တဲ့အခါ အလွန်မြန်ဆန်ပါတယ်။
၎ ။ အဲ့ဒီ့လို Upload တင်တဲ့နေရာမှာ ခြွင်းချက်အနေနဲ့ လုံခြုံရေးပြည့်ဝပြီး Google နဲ့ချိတ်ဆက်ထားတဲ့ Websiteတွေဖြစ်တဲ့ You tube,Facebook စတာတွေကိုသာလက်ခံပါတယ်။ ဒါကြောင့် အရင်ဆုံးကိုယ့် Uploadတင်ချင်တဲ့ Web site တွေမှာ Account လုပ်ရပါလိမ့်မယ်။
၅ ။ တကယ်လို့ File တစ်ခုကို Transfer လုပ်ချင်ပြီဆိုရင် Login ကို Click နှိပ်ပြီး Password ပေးရပါလိမ့်မယ်။ပြီးရင် ခဏစောင့်ပါ။
၆ ။ ပြီးတာနဲ့ Upone directory button ကို Click နှိပ်ပြီး ကိုယ့် PC ထဲမှာရှိတဲ့ Attach File တွေကို Gmail ထဲကိုလွှဲပြောင်းယူလို့ရပါပြီ။
=============================================================================================================
Gm@il Se@®©h 
တစ်ခါတစ်လေမှာ နေ့လည်နေ့ခင်းတွေမှာ Internet connection တွေစုပြုံကျပ်ခဲပြီး နှေးကွေးလွန်းနေပါလိမ့်မယ်။ အဲ့ဒီ့အချိန်မှာ ကိုယ့် Gmail Box ကို စာအသစ်တွေရောက်မရောက်သိရှိဖို့အတွက် Gmail ကလည်းဖွင့်ရတာ အရမ်းနှေးပြီးလိုချင်တဲ့ အဆင့်ကိုမရောက်နိုင်ဖြစ်နေလိမ့်မယ်။ ဒါဆိုရင် Gmail home page ကိုလုံးဝဖွင့်ဖို့မလိုပဲ
Address bar ကနေတစ်ဆင့် ကိုယ့် Gmail မှာစာအသစ်တွေရောက်မရောက် ဖွင့်လှစ်ကြည့်နိုင်မဲ့နည်းလမ်းအအတော်များများတော့လိုမှာပါပဲ။ Gmail Search ဆိုတဲ့ Extension ဟာ Gmail box ကိုလုံးဝဖွင့်လှစ်ဖို့မလိုအပ်ပါ။  Browser ရဲ့ Address bar ကို Gmail အတွင်းမှာရှိတဲ့ Search box လိုသဘောထားပြီး Email အသစ်တွေကို
ရှာဖွေပေးနိုင်ပါတယ်။
၁ ။ http://philwilson.org/blog/2004/12/search-your-gmail-in-firefox-html ကိုရိုက်ပါ။
၂ ။ Click this link to install the gmail search engine ဆိုတဲ့ Link ကို Click နှိပ်ပြီး  Install လုပ်ပါ။
၃ ။ Add search engine မှာပေါင်းထည့်မှာလားဆိုတဲ့ Box လေးပေးလာပါလိမ့်မယ်။ Add ဟုပြောပါ။
၎ ။ ပြီးတာနဲ့ Gmail account ထဲဝင်ပါ။ မ၀င်ခင်မှာ Searchbox မှာ ကြိုတင်ပြီးရှာထားခဲ့ရင် Gmail ထဲကိုဝင်ပြီဆိုတာနဲ့ ကိုယ်ရှာဖွေမဲ့ Gmail တွေကိုတစ်ခါထဲတွေ့ရပါလိမ့်မယ်။
၅ ။ တကယ်လို့ Gmail/server ကဖြစ်ဖြစ်၊ User ကဖြစ်ဖြစ်၊ တစ်စုံတစ်ခုမှားယွင်းခဲ့ရင် Temporary Error(502)ဆိုပြီးပြသပါလိမ့်မယ်။
၆ ။ ဒါဟာ Gmail ရဲ့ ဟိုးအရင်ကာလ 1GB Inbox အတွင်းမှာမပါခဲ့တဲ့ Mail search အတွက်အသုံးဝင်ပေမဲ့ အခုနေမှာတော့ Gmail Acc ထဲမှာရှိတဲ့ Search engine ကပိုလို့တောင် ထက်နေပါသေးတယ်။
=============================================================================================================
GC@ʟ Qᴜɪᴄᴋ T@ʙ
GoogleဟာGmail,Gtalk,GoogleCalenderစတဲ့Productsမှန်သမျှကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့နည်းပညာကိုအသုံးပြုပါတယ်။ပေါင်မုန့်တစ်ထပ်၊အသားတစ်ထပ်၊ပေါင်မုန့်တစ်ထပ်...အဲ့ဒီ့လိုမျိုးဆင်းဒ၀စ်မုန့်မျိုးနဲ့အလားဏ္ဌာန်တူလိမ့်မယ်ထင်ပါတယ်။ Gtalk,Gmail စတဲ့ထုတ်ကုန်တိုင်းမှာ လိပ်စာကိုယ်စီရှိကြတဲ့အတွက် တစ်ခုချင်းကိုသီးသန့်သုံးစွဲလို့ရနိုင်သလို အကုန်လုံးစုပေါင်းပြီးPackage အနေနဲ့လဲ သုံးစွဲလို့ရပါတယ်။ Gcal လို့အလွယ်ခေါ်ကြတဲ့ Google calender services ဟာယခင်က Gmail ထဲမှာမပါပါဘူး။ ဒါကြောင့်အရေးကြီးတဲ့နေ့ရက်တွေနဲ့ အချိန်းအချက်ပြုလုပ်ချင်တဲ့ မှတ်သားမှုတွေကို Gmail ဖွင့်တာနဲ့ တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်ဖို့ Gcal Quick Tab ကစွမ်းဆောင်ပေးပါတယ်။ Gmail နဲ Google Calendar အကြားကို Key board short-cuts တွေနဲ့ အ
လွယ်တကူရွှေ့ပြောင်းနိုင်ပါမယ်။
၁ ။ http://addons.mozilla.org/en-US/firefox/addon/2372 ကိုရိုက်ပါ။
၂ ။ Install လုပ်ပြီး Firefox ကို Restar ပြန်လုပ်ပါ။
၃ ။ ပြီးရင်ထပ်ပြီး http://ww.google.com/calendar ကိုရိုက်ပါ။
၎ ။ အခုချိန်ကစပြီး ကိုယ့်ရဲ့ Calendar Box ထဲမှာ နေ့စွဲအလိုက် Email သတိပေးမှုတွေနဲ့တခြား Function တွေအများကြီးပေါင်းထည့်လို့ရပါပြီ။  ဥပမာ - January 15 ရက်နေ့ရောက်ရင် သူငယ်ချင်
းတစ်ယောက်နဲ့ 'Chat' ဖို့ရှိတယ်။ သတိပေးပါ။ အဲ့ဒီ့သတိပေးချက်ကိုပဲ Mail Alert မပေးဘဲ Pop-up Box တစ်ခုအနေနဲ့ သတိပေးပါဆိုပြီးအများကြီး ညွှန်ကြားထားလို့ရပါတယ်။
=============================================================================================================
GTD Iɴʙ0x
GTD ဟာ 'Getting Things Done' ကိုအတိုကောက်ခေါ်ဆိုထားတာပါ။ အဓိကအလုပ်ကတော့ Gmail ရဲ့ Inbox အတွင်းမှာနေရာယူပေးပြီး လူ1ယောက်ချင်းစီအတွက် 1နေ့တာပြုလုပ်ဖို့ရှိတဲ့စာရင်း
တွေကိုမှတ်သားထားလို့ရပါတယ်။ 'Note Book,Calender,Mail Alert' အဲ့ဒီ့လုပ်ဆောင်နိုင်စွမ်3းခုကိုပူးပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ဥပမာလူ1ယောက်ဟာ ညနေ ၅နာရီမှာအင်္ဂလန်က သူငယ်ချင်း1
ယောက်နဲ့စကားပြောဖို့ရှိတယ်ဆိုရင် 'To Do List' မှာအချိန်နဲ့ Reminder 1ခုကိုလုပ်ပေးပြီး Gmail Box ကိုပြန်ပိတ်ထားလို့ရပါတယ်။ အဲ့ဒီ့အချိန်မှာ Google ရဲ့ Alert ကနေညနေ ၅နာရီအချိန်မှာအ
ကြောင်းကြားပေးပါလိမ့်မယ်။
၁ ။ http://addons.mozila.org/en-US/firefox/addon/3209 ရိုက်ပါ။
၂ ။ ထုံစံအတိုင်း Install လုပ်ပြီး Browser Restart ပြန်လုပ်ပါ။
၃ ။ Firefox ရဲ့ Too Menu အောက်မှာရှိတဲ့ 'Addons' ထဲမှာ 'GTD Inbox' ဆိုပြီးသိသိသာသာကွဲပြားနေတဲ့ Addon ကိုတွေ့ရပါလိမ့်မယ်။
၎ ။ Option ကို Click နှိပ်လိုက်ရင် GTD Inbox ရဲ့လုပ်နိုင်စွမ်းရှိတဲ့လုပ်ဆောင်ချက်စွမ်းရည်တွေကို အမျိုးမျိုးအစားစားများပြားစွာတွေ့ရပါလိမ့်မယ်။
၅ ။ တကယ်လို့ GTD Inbox ကို မိမိရရလေ့လာချင်တရ်ဆိုရင် သုံးစွဲနည်းတွေကို အသေးစိတ်ရှင်းပြထားတဲ့ http://www.grdinbox.com ကိုသွားရောက်လေ့လာနိုင်ပါတယ်။
=============================================================================================================
Dʀ@ɢ Dʀ0ᴘ Uᴘʟ0@ᴅ
Gmail အတွင်းမှာ 'Attach' ပေါင်းထည့်ဖို့အတွက် Attach Function ကို Click နှိပ်ပြီး Explorer Box ကနေတစ်ဆင့် တမေ့တမောသွားရတဲ့ ဒုက္ခ1ခုရှိပါတယ်။ တကယ်လို့ 'Drag drop-upload' ဆို
တဲ့ Addons ကိုသာ Install လုပ်ထားခဲ့မယ်ဆိုရင် ပိုပြီးအချိန်ကုန်သက်သာသွားမှာ အမှန်ပါပဲ။ Drag Drop Upload ဟာ Drag & Drop လုပ်ပြီး Gmail ရဲ့ Compose mail အတွင်းကိုအလွယ်တကူ
Attach File တွေချိတ်တွယ်နိုင်ပါတယ်။
၁ ။ Firefox Address Bar မှာ http://addons.mozilla.org/en-US/firefox/addon/2190 ကိုရိုက်ပါ။
၂ ။ Addon ကို Install လုပ်ပြီး Broswer ကို Restart ပြန်လုပ်ပါ။
=============================================================================================================
G00ɢʟᴇ T00ʟʙ@ʀ
Google Toolbar ဟာ Firefox နဲ့ IE သုံးစွဲသူနှစ်မျိုးစလုံးအတွက် Google အဖွဲ့အစည်းကနေ တရားဝင်ထုတ်လွှင့်ပေးခေဲ့တဲ့ Toolbar Functions တစ်ခုဖြစ်ပါတယ်။ Opera browser ကိုသုံးစွဲသူ
တွေအတွက်တော့ 'Widget' 1တစ်ခုအနေနဲ့သာတည်ရှိပြီး တရားဝင်Toolbar အနေနဲ့ ထုတ်လွှင့်ပေးခဲ့ခြင်းမရှိသေးပါ။ Google Toolbar အနေနဲ့ ထုတ်လွှင့်ပေးခဲ့ခြင်းမရှိသေးပါ။ Google Toolbar
ဟာ Gmail 1ခုထဲအတွက်သာ အသုံးဝင်တာမဟုတ်ပဲ 'Google' ရဲ့တခြား Products တွေကိုနှစ်နှစ်ခြိုက်ခြိုက်သုံးစွဲကြတဲ့ User တွေအတွက်ရည်ရွယ်ပြီး Features မျိုးစုံကိုထည့်သွင်းပေးအပ်ပါတ
ယ်။ Toolbar 1ခုကို Install လုပ်လိုက်တာနဲ့ 'Browser bar' မှာထပ်မံပြီးလိပ်စာတွေ ခဏခဏရိုက်သွင်းရတဲ့ ဒုက္ခကနေကင်းဝေးသွားစေမှာအသေအချာပါပဲ။ ကိုယ်လိုချင်တဲ့ Page၊ ဥပမာအားဖြင့်
Gmail ဆိုရင် Gmail Icon လေးကို Click လုပ်လိုက်ရင်ပဲ 'Toolbar' ကနေအလိုလို အလုပ်လုပ်ပေးသွားမှာပါ။
၁ ။ http://toolbar.google.com/gmail-toolbar ( or ) http://google.com/tools/firefox/toolbar ဟုရိုက်ပါ။
၂ ။ ပြီးရင် download ကို Click ကိုနှိပ်ပါ။
၃ ။ (.xpi)extension နဲ့အဆုံးသတ်ပြီး Browser ကို Restart ပြန်လုပ်ပါ။ (အကယ်၍ IE ကိုအသုံးပြုခဲ့လျှင် http://toolbar.google.com/T4/?rd=f ဖြစ်ပါတယ်။)
၎ ။ Google Toolbar ကိုအသုံးပြုပြီး Gmail ကိုအလွယ်တကူ Check လုပ်နိုင်တာတွေရယ်၊ လုံခြုံစိတ်ချစွာ Searching လုပ်နိုင်တာတွေရယ်အပြင် Google ရဲ့ Product မှန်သမျှကိုစုပေါင်းထားတဲ့အ
     တွက် တန်ဖိုးအရှိဆုံး Extension 1ခုဖြစ်ပါတယ်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
Fɪʀᴇ GPG
Fire GPG ဟာလဲ Gmail အတွက်အသုံးဝင်ပြီးတန်ဖိုးရှိတဲ့ Script တွေကို1စု1ဝေးထဲပေါင်းထည့်ပေးထားတဲ့အတွက် Manager 1ခုပဲဖြစ်ပါတယ်။ 'encrypt','decrypt','sing','attach' စတဲ့လက်တို
လက်တောင်းအရည်အသွေးကောင်းတွေကို 1နေရာထဲမှာအလုံးစုံအသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်။
၁ ။ http://firefpg.tuxfamily.org/stable/firefpg.xpi ဟုရိုက်ပါ။
၂ ။ သော့ပုံစံလေးကို Click နှိပ်ပါ။ Install လုပ်ပြီး Browser Restart ပြန်လုပ်ပါ။
၃ ။ ပြီးရင် Gmail ကိုဖွင့်ပါ။ Inbox အတွင်းလွတ်1နေရာမှာ Right Click နှိပ်လိုက်တဲ့အခါ Fire GPG box ကို Drop-down မှာတွေ့ရပါလိမ့်မယ်။
၎ ။ Fire GPG ဟာသူ့ရဲ့ Icon လေးလိုမျိုးကိုယ့်ရဲ့ Gmail ကိုလုံခြုံမှုအပြည့်အ၀ရအောင်ဖန်တီးပေးပါတယ်။ အဲ့ဒီ့မှာရှိနေတဲ့ Tex Editor 1ခုဖြစ်ပါတယ်။
၅ ။ အသေးစိပ်လေ့လာချင်ရင် http://firefpg.tux.family.org မှာဝင်ရောက် သင်ယူလေ့လာနိုင်ပါတယ်။
=============================================================================================================
Gᴍ@ɪʟ Sᴜᴘᴇʀ Cʟᴇ@ɴ
Gmail ရဲ့မြင်နေကျမြင်ကွင်းမျိုးမဟုတ်ပဲ Machintosh Computer တွေပေါ်မှာမြင်တွေ့ရတဲ့ ဒီဇိုင်းလှလှလေးကိုရရှိနိုင်တဲ့ Addons 1ခုဖြစ်ပါတယ်။
http://http://userscript.org//scripts/show/7646
=============================================================================================================
 Gᴍ@ɪʟ Sᴘ@ᴍ-C0ᴜɴᴛ
Gmail ရဲ့ Inbox အတွင်းမှာရှိတဲ့ 'spam'box ကိုမလိုချင်တဲ့အခါ အခု Script ကလေးကို Install လုပ်ထားလိုက်ပါ။
http://userscript.org/scripts/show/2210
=============================================================================================================
Gᴍ@ɪʟ Rᴇ@ᴅᴇʀ F0ʟᴅᴇʀ
Gmail ရဲ့အတွင်းထဲကို Google Reader ရဲ့ချိတ်ဆက်ပြီး Folder လေး 1ခုတည်ဆောက်ထားပါလိမ့်မယ်။ အဲ့ဒီ့ Folder မှာ Google ရဲ့သတင်းမှန်သမျှရှိနေတဲ့အတွက်1ခြားနေရာတွေကနေ သတင်း
တွေကိုတကူးတက လိုက်ရှာဖို့မလိုတော့ပါ။
http://www.userscript.org/script/show/8598
=============================================================================================================
G00ɢʟᴇ Rᴇ@ᴅᴇʀ Iɴᴛᴇʀɢʀ@ᴛɪ0ɴ
Google Reader ရဲ့လျှို့ဝှက်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်ကအစ ပါဝင်ပြီး GReader နဲ့ပတ်သက်သမျှအစုံအလင်ဆုံး Extension 1ခုလိုဆိုနိုင်တဲ့ Script 1ခုပါ။
http://www.userscript.org/scripts/show/8450
=============================================================================================================
C0ɴᴠᴇʀs@ᴛɪᴏɴ Pʀᴇᴠɪᴇᴡ
တကယ်လို့ Gmail ထဲကိုစာအသစ်တွေရောက်နေခဲ့လျှင် အဲ့ဒီ့စာကို Click နှိပ်ပြီးမဖွင့်ခင်မှာ နမူနာသဘောမျိုး 'Preview' 1ခုအနေနဲ့ပြသပေးမဲ့ Script ပါ။ 'Image' တွေနဲ့ဖက်ပါလာတက်တဲ့ Spam
Massage တွေနဲ့ Virus Massage တွေရဲ့ အန္တရာယ်ကရှောင်ရှားနိုင်ဖို့အတွက်သင့်တော်ပါတယ်။
http://persistant.info/greasemonkey/gmail-previes.user.js
=============================================================================================================
သီးသန့် လမ်းညွှန်ချက် အကြံပြုချက်များ 
Spam တွေကိုကာကွယ်ဖို့အတွက်ဖြစ်စေ၊ ကိုယ်လိုချင်တဲ့စာတွေ ပုံတွေ ကိုသီးသန့်စုဆောင်းချင်လို့ဖြစ်စေ၊ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်စေ Gmail Inbox အတွင်းမှာ အရေးကြီးဆုံးက Filter
တွေကိုကျွမ်းကျွမ်းကျင်ကျင်တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ အခုလိပ်စာမှာရှိတဲ့ Filter တည်ဆောက်နည်းတွေနဲ့ အဆင့်မြင့်လမ်းညွှန်ချက်တွေက သင့်ကို Gmail မာစတာ 1ယောက်ဖြစ်အောင် ကူညီ
ပေးပါလိမ့်မယ်။
http://lifehacker.com/softward/hack-attack/build-adcanced-gmail-fil...
Hotmail,yahoomail,(or) outlook expressမှာရှိတဲ့ Email စတဲ့ Mail မျိုးစုံကိုစုစည်းပြီး Gmail ထဲကိုပို့ဆောင်နိုင်စေဖို့ နည်းလမ်းတွေကိုတော့ အခု နေရာမှာရနိုင်ပါတယ်။
http://www.zoliblog.com/blog/archives/2007/3/28/2840555.html
တကယ်လို့ Gmail user 1ယောက်ယောက်သေဆုံးသွားခဲ့ရင် အဲ့ဒီ့ Acc ကို ကိုယ်ရယူနိုင်သလားဆိုတာဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။
http://seroundtable.com/archives/013645.html
Gmail ကသာ https layer ကိုသုံးစွဲပေမဲ့ သူ့ကိုဝိုင်းဝန်းထောက်ပံ့နေတဲ့ တချို့ Fatures တွေဟာ SSL ကိုမသုံးစွဲနိုင်ဘူး။ SSL ကိုမသုံးစွဲတဲ့အတွက် ကိုယ့်ရဲ့ Email တွေဟာ လုံခြုံသင့်သလောက်မ
လုံခြုံဘူးလို့ထင်မြင်ချက်တွေနဲ့ သံသယပွားနေရင် အခုလိပ်စာမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။
http://wikihow.com/Hack-Gmail-notifier-to-Use-SSL
Gmail မှာရှိတဲ့ Contacts လိပ်စာတွေဟာ Gtalk သုံးစွဲသူအချင်းချင်းနဲ့ တခြား Gmail ကိုလက်ခံရတဲ့ IM services တွေအတွက် လက်ခံပါတယ်။ အဲ့ဒီ့လိုပဲ Yahoo,Hotmail ထဲမှာရှိတဲ့ Contacts
လိပ်စာတွေကို Gmail ထဲကိုရွှေ့ပြောင်းထားနိုင်ရင် Virus ရဲ့ Spam အန္တရာယ်ကစပိုပြီးလုံခြုံမှာပါ။
http://e-eseasy.com/Inport-Hotmail-Contaces-Gmail-aspx
Gmail ထဲမှာရှိတဲ့ Massage တွေမှန်သမျှ "Outlook"express ကနေတစ်ဆင့်လက်ခံပြီး အလိုအလျောက် Download လုပ်ဆောင်နေစေနိုင်မဲ့နည်းလမ်းတစ်ချို့ကိုတော့ အခုလိပ်စာမှာရနိုင်ပါတယ်။
http://geektronica.com/2007-04-07-howto-redown-load-gmail-massages(into-outlook)
Gmail ထဲက Massage တွေကို "Back up" လုပ်ထားဖို့လိုအပ်တယ်လို့ 1ခါ1လေများတွေးတောမိပါသလား။ အလွန်လွယ်ကူတဲ့လုပ်ဆောင်ချက်တွေနဲ့ Gmail ကို Back up လုပ်ဆောင်စေနိုင်မဲ့အ
အကြံပြုချက်နည်းလမ်းတွေကို ရနိုင်တဲ့နေရာကိုသွားရောက်လေ့လာကြည့်သင့်ပါတယ်။
http://googletutor.com/2007/03/29using-google-group-to-back-up-gmail
Gmail ကနေ1ဆင့် Google Calendar ကိုချိတ်ဆက်အသုံးပြုပြီး Gmail Inbox ထဲမှာရက်စွဲ1ခုချင်းအလိုက်လက်ခံရရှိခဲ့တဲ့ (သို့) ပို့ဆောင်မဲ့ Mail တွေကိုစိတ်ကြိုက် Organize လုပ်နိုင်တဲ့အခွင့်အ
လမ်း 1ချို့ကို ဒီနေရာမှာဖော်ပြထားပါတယ်။
http://blogoscoped.com/archive/archive/2007-04-25-html
"Ubuntu" ဟာ "XP,OSX,Linux" တို့လို Operation system 1ခုဖြစ်ပါတယ်။  XP လိုမဟုတ်ဘဲ မြင့်မားတဲ့လုံခြုံရေးစနစ်ရှိပြီး Open-source  အနွယ်ဝင်ဖြစ်တဲ့အတွက် Programmer တွေလောက
မှာ အလွန်သတင်းမွှေးပါတယ်။ အခုလိပ်စာမှာတော့ "Ubuntu" OS အပေါ်မှာ Gmail ကို Client software 1ခုအနေနဲ့လုပ်ဆောင်ဖို့နည်းလမ်းတွေကို လမ်းညွှန်ထားပါတယ်။
http://howtogeek.com/howto/ubuntu/set-gmail-as-de-fault-mail-client...
Google calendar နဲ့ချိတ်ဆက်ပြီး Gmail အတွင်းထဲမှာရှိတဲ့ လိပ်စာရှင်တွေဆီကို အကြောင်းကြားပို့ဆောင်ပေးနိုင်မဲ့ နည်းလိမ်းတွေကိုလိုလျောက်လုပ်ပေးနိုင်တဲ့အတွက် Gamil ကိုအသုံးပြုပြီး စီး
ပွားရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ရည်ရွယ်ထားတဲ့ လူတွေအတွက် သင့်တော်မဲ့နည်းလမ်းများစွာရှိပါတယ်။
http://lifehacker.com/sofrware/google-calendar-geek-to-live-sync-go...
Gmail အတွင်းထဲမှာရှိတဲ့ Fonts,Fontsize,Smiley icon စတာတွေမှာ ကိုယ်လိုချင်တာတွေမတွေ့ခဲ့ရသေးလျှင် ဒီနည်းလမ်းတွေကိုသာလုပ်ဆောင်ကြည့်မယ်ဆိုရင် Gmail ရဲ့ဖုံးအုပ်ထားတဲ့လျှို့ဝှက်
ချက်တွေကိုရရှိနိုင်မှာပါ။ ( အထူးသဖြင့် Better Gmail ရဲ့ Extension လုပ်ဆောင်ချက်တွေကို 1ဆင့်ချင်းရှင်းလင်းပြသပေးထားတဲ့အတွက် အားကိုးရတဲ့ Tip တွေဖြစ်ပါတယ်။
http://5thirtyone.com/archives/821
သင့်မှာရှိရှိသမျှ Email Acc တွေကို Gmail နဲ့အတူဖွဲ့စည်းတည်ဆောက်နိုင်ပါတယ်။ အကုန်လုံးကို1စု1ဝေးတည်းဖွဲ့စည်းတည်ဆောက်နိုင်တဲ့နည်းလမ်းများကိုဖော်ပြပေးထားပါတယ်။
http://z-oc.com/blog/2007/06/manage-all-your-email-account-with-gmail
"Fetchmail" နဲ့အတူ Gmail ကို "Back up" လုပ်ဆောင်နိုင်ဖို့လမ်းညွှန်ပြသမှုတွေကို ပုံစာတွေနဲ့1ဆင့်ချင်းရှင်းလင်းဖော်ပြပေးထားပါတယ်။
http://lifehacker.com/software/gmail/geek-to-live-back-up-gmail/wit...
"Mozilla" အဖွဲ့အစည်းကထုတ်ဝေထားခဲ့တဲ့ အခမဲ့ Email software ဖြစ်တဲ့ "Tunderbird" ကိုကိုယ့်ရဲ့ Email client 1ခုအနေနဲ့ "Default" ထားခဲ့မယ်ဆိုရင် Gmail ကို Client mail 1ခုအနေနဲ့သုံးစွဲ
နိုင်ပါလိမ့်မယ်။ Gmail သာ Clien 1ခုအနေနဲ့ ကိုယ့် Mail Server ကနေ၀င်ထွက်လက်ခံနိုင်ပြီဆိုရင် Attachment ဖိုင်တွေကို စိတ်ကြိုက်ပမာဏတွဲချိတ်လို့ရနိုင်တော့မှာပါ။ ဒါ့အပြင်ကိုယ့် PC မှာရှိတဲ့
Disk ပမာဏဟာ ကိုယ့်ရဲ့ Mail storage ဖြစ်တဲ့အတွက်လိုအပ်သလိုသုံးစွဲလက်ခံနိုင်မှာဖြစ်ပါတယ်။ အခုလိပ်စာမှာ "Tunderbird" နဲ့ "Gmail" ကိုဘယ်လိုချိတ်ဆက်မလဲဆိုတာကိုရှင်းပြထားပါတယ်
http://email.about.com/odmozilla-thuderbird-tips/qt/et12160.html
IMAP 1ခုအနေနဲ့ Gmail ကိုသုံးဖို့နည်းလမ်းတစ်ချို့ရှိပါတယ်။ တကယ်လို့လမ်းညွှန်းချက်တွေကိုသာ အပြည့်အ၀လိုက်နာဆောင်ရွက်ခဲ့မယ်ဆိုရင် Offine ဖြစ်နေချိန်မှာတောင် Gmail Inbox ထဲက
Massage တွေကို စိတ်အေးလက်အေးဖတ်ရှုနေလို့ရနိုင်မယ်လို့ဆိုထားပါတယ်။
http://downloadsquad.com/2007/07/11/how-to-use-gmail-ove-imap-and-t...
Microsoft ထုတ် Outlook(email client software),Gcal(Google Calendar),Ipod(apple ရဲ့သီချင်းဖွင့်စက်)၊ Mobile phone အစရှိတဲ့ Gmail လက်ခံပေးပို့နိုင်တဲ့ ပရိုဂရမ်တွေနဲ့ Gmail ကိုဘယ်
လိုချိတ်ဆက်မယ်ဆိုတဲ့ နည်းလမ်းတွေအများကြီးရှိနေပါတယ်။
http://internetduct-tape.com/2006/08/11
"Fire PG"extension ကိုနားမလည်သဘောမပေါက်သေးတဲ့လူတွေအတွက် အဲ့ဒီ့ Extension ကိုအသုံးပြုပြီး Gmail အတွင်းမှာ Massage တွေကိုဘယ်လိုနည်းလမ်းမျိုးနဲ့ရုပ်ဖျတ်လဲ ဘယ်လိုသော့
ချက်တွေကို သုံးစွဲပြိးပြန်လည်ပုံဖော်မလဲဆိုတာတွေကို ရှင်းပြထားတဲ့နေရာဖြစ်ပါတယ်။
http://linux.com/artic-les/62369
Gmail attachement ဖိုင်တွေအလုပ်လုပ်ပုံအကြောင်းကိုအစုံအလင်တွေ့ရပါမယ်။ ဘာကြောင့် "Zip"extension တွေကိုလက်မခံရတာလဲ၊ Attach မှာ".exefile" တွေကိုဘယ်လိုတွဲချိတ်ပို့ဆောင်နိုင်မ
လဲ၊ ".dox"extension တွေနဲ့ Mail ကိုဖွင့်ဖတ်သင့်မဖတ်သင့်အစရှိတဲ့ Gmail ရဲ့ "attach"File တွေနဲ့ပတ်သက်သမျှလမ်းညွှန်ပြသပေးနေတဲ့ နေရာ1ခုဖြစ်ပါတယ်။
http://googlesystem.blogspot.com/2007/04/gmail-attachments.html
Gmail server ကနေတရားဝင်ပိတ်ပင်ထားတဲ့ File Type တွေရှိပါတယ်။ ဥပမာအားဖြင့် ".jar",".exe",".zip" စတဲ့ File extension တွေကိုလှည့်ကွက်1ခုအနေနဲ့ပို့ဆောင်စေနိုင်ဖို့ Guide Line တွေ
ဖြစ်ပါတယ်။ အလွန်လွယ်ကူရိုးစင်းတဲ့ လမ်းညွှန်ချက်တွေဖြစ်တာမို့ တစ်မဟုတ်ချင်းနားလည်သဘောပေါက်သွားနိုင်ပါတယ်။
http://lobnol.blogspot.com/2005/12.cheat-gmail-an-tivirus-scanner-a...
1ခါ1လေမှာကိုယ့် Gmail Inbox ထဲကိုကိုယ်တိုင်တောင်မမှန်းဆမိတဲ့ Spam ကြော်ငြာတွေရောက်နေတတ်ပါတယ်။ အဲ့ဒီ့ကြော်ငြာတွေကိုကိုယ့် Gmail လိပ်စာထဲကိုဘယ်သူတွေကလမ်းညွှန်လိုက်
တာပါလိမ့်ဆိုတဲ့အချက်ကိုရှင်းပြထားပြီး Spammers တွေကို လိပ်စာရောင်းစားနေတဲ့ သံသယရှိရတဲ့ Website တွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုရှင်းပြထားပါတယ်။ "PostFix" နဲ့ "Fetch-mail"
ကိုသုံးစွဲပြီး Gmail ကို Linux အပေါ်မှာဘယ်လိုတည်ဆောက်မလဲ၊ linux နဲ့အလုပ်လုပ်ပုံဟန်ပန်တွေအတုယူပြီး လုံခြုံမှုပြည့်ဝတဲ့ Gmail 1ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာ အောက်ပါလိပ်စာမှာ
လေ့လာအကဲခတ်နိုင်ပါတယ်။
http://souptonuts.sourceforge.net/postfix-tutorial.html
Gmail အတွင်းမှာရှိနေတဲ့ Massage တွေကို Keyboard ကခလုတ် 1ခုနှိပ်လိုက်ရုံနဲ့ဖျတ်ပစ်ချင်တယ်ဆိုရင် Keyboard shortcuts တွေရဲ့လျှို့ဝှက်ချက်တွေကိုဖွင်ဟထားတဲ့လိပ်စာမှာရယူထားနိုင်ပါ
တယ်။
http://labonlblogspot.com/2007/03/gmail-delete-keyboard-shortcut-wo...
Google ကနေတရားဝင်တည်ဆောက်ပေးထားတဲ့ "Shortcuts" တွေကိုတော့ရပါပြီ၊ ဒါပေမဲ့ ကိုယ်ဖန်တီးထားတဲ့ "label" တွေအတွက် "Shortcuts" တွေလိုချင်သေးရင်တော့ Google System မှာ
အကြံပေးလမ်းညွှန်ချက်တွေနဲ့အတူ တခြားလူတွေတည်ဆောက်ထားပြီးသား Shortcuts တွေလည်းသုံးစွဲနိုင်ပါတယ်။
http://googlesystem.blogspot.com/2007/05/shortcuts-for-special-gmai...
ဒါမှမဟုတ် Cyber ကနေအပြန်မှာ Gmail ရဲ့ Shortcuts လက်ကွက်တွေကို မေ့သွားနိုင်တဲ့အတွက် အဲ့ဒီ့လက်ကွက်လေးတွေကို Print ထုတ်ပြီးအိမ်မှာသီးသန့်လေ့လာချင်တယ်ဆိုရင်အခမဲ့ Print
ထုတ်ခွင့်ပေးထားတဲ့ Gmail shortcuts key တွေကို ဒီလိပ်စာမှာရရှိနိုင်ပါတယ်။
http://comp/nus.edu.sg/~kanmy/gmail/gmail/keys.html
Google ရဲ့ Programmer တွေထဲမှာ "Matt-cuttls" ဟာတန်ဖိုးရှိတဲ့လမ်းညွှန်အကြံပေးချက်တွေကို ဖြန့်ဝေပေးတာကြောင့်လူချစ်လူခင်များလှပါတယ်။ သူ့ရဲ့ Blog ဟာ1နေ့ကို လူ3သောင်းကျော်ဝင်
ရောက်ကြည့်ရှု့ကြတဲ့အထဲမှာ 75% ဟာ Programming ကိုစိတ်ဝင်တစားလေ့လာနေတဲ့လူတွေနဲ့ ထိပ်ထိပ်ကြဲ Programmer တွေပါဝင်ပါတယ်။ အခုနေရာဟာ "Matt-cutts" ရဲ့ Tips တချို့ပါ။
တကယ်လို့သင်ရဲ့ Gmail inbox ပြည့်လုနီးပါးဖြစ်လာပြီဆိုပါတော့။ သုံးစွဲမှု % ကလဲ 99.9% လောက်ကိုဖြစ်နေပြီ။ Google ကနေအလိုအလျောက်တိုးပေးနေတဲ့ Storage ပမာဏကလဲ 1နေ့1နေ့
လက်ခံရရှိတဲ့ "Spam" အရေအတွက်နဲ့ထပ်တူနီးပါးကျနေပြီ။ ဒီတော့ Gmailbox ဟာမကြာခင်မှာပြည့်တော့မယ်။ အမှန်အကန် Email အသစ်တွေကိုလက်မခံနိုင်တော့လောက်အောင်များနေပြီးဆိုပါ
စို့။ အဲ့ဒီ့အခါမှာသင်ဘာလုပ်မလဲ၊ အဲ့ဒီ့အခါမှာဘယ်နေရာမှာရှိတဲ့ Mailbox ကိုသန့်ရှင်းအောင် ဘယ်လိုလုပ်မလဲစတဲ့ အချက်အလက်တွေကို 1ခုချင်းစနစ်တကျရှင်းလင်းဖော်ပြထားပါတယ်။
http://mattcults.com/blog/three-solid-gmail/productivity-tips/
ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ Gmail ကိုအခြေခံအဆင်ကနေစတင်ပြီးအဆင့်မြင့်နည်းပညာတွေအထိ ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်စေရန်နည်းလမ်းများစွကိုစုစည်းထားတဲ့ ကမ္ဘာ့အစုံအ
အလင်ဆုံးလမ်းညွှန်ချက်တွေရှိနေတဲ့ လိပ်စာကိုသွားရောက်လေ့လာကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
http://bnura.blogspot.com/2006/09/what-to-do-if-my-gmail-gets-full-...
Net Guide Journal မှာကူးယူဖော်ပြပါသည်။ Page Error များတက်နိုင်ပါသည်။ ကျွန်တော် ကိုယ်တိုင်လဲ မစမ်းသပ်ရသေးတဲ့အတွက် ဘာကြောင့်ဖြစ်တရ်ဆိုတာ မပြောပြနိုင်တဲ့အတွက်တောင်းပန်
ပါတယ်။
(သိလို့ တက်လို့တော့ Post အဖြစ်တင်တာမဟုတ်ပါဘူး။ သူငယ်ချင်းတို့ကို သိစေချင်တဲ့ဆန္ဒကြောင့် Post တင်ခြင်းဖြစ်ပါသည်။ အမှားများပါခဲ့လျှင် ခွင့်လွှတ်ပါ။ ဒီပိုစ့်လေးကို Gmail ရဲ့ လျှို့ဝှက်ချက်များဆိုပြီး 5 ခုတင်ပေးထားဖူးပါတယ်။ အခုကတော့ အပြည့်အစုံပါပဲ ...) 
အားလုံးကို ကျေးဇူးတင်လျှက် 
Onl!n3 Th@ Y@3` 
--
Tuesday 30 August 2011
အလုပ်အကိုင်ရှာဖွေ လိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်လိုသူများအတွက်
စက်တင်ဘာ ၂ ရက်နေ့ တန်းခွဲသစ် စတင်မည်။
ASIA MASTERS ဆိုတာက အလုပ်တစ်ခုလိုနေတဲ့ မြန်မာလူမျိုးတွေအတွက်
အသက်မွေးပညာနဲ့ စီမံခန့်ခွဲမှုတွေ သင်ယူနိုင် အောင်၊
လူမှုဆက်သွယ်ဘာသာစကားတွေနဲ့ လုပ်ငန်းသုံးဘာသာစကားတွေ တတ်ကျွမ်းလာအောင်၊
စိတ်ဓာတ်ကောင်းမွန်ပြီး ကိုယ်ကာယ ကျန်းမာဖွံ့ဖြိုးကြီးထွားအောင်၊
နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန်အတွက် ကွန်ပျူတာနှင့် အင်တာနက်ကို
ကျွမ်းကျင်စွာ အသုံးပြုတတ်အောင်၊ အလုပ်အကိုင် သတင်းအချက်အလက်များကို
လွယ်လွယ်ကူကူရနိုင်အောင်၊ အလုပ်အကိုင် တွေရှာဖွေရာမှာလည်း
အလိမ်မခံရအောင်၊ အမြတ်မထုတ်ခံရအောင်၊ မြန်မာလူမျိုးအချင်းချင်း
အပြန်အလှန် ရိုသေလေးစားပြီး၊ အကူအညီပေးနိုင်အောင် ဖွဲ့စည်းခဲ့တဲ့
ခရီးသွားလာရေးလုပ်ငန်းနှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ
သင်တန်းစင်တာကြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်းများအသင်း (ရန်ကုန်ဇုန်) နှင့်
အင်္ဂလန်နိုင်ငံ Confederation of Tourism and Hospitality (CTH)
အသိအမှတ်ပြု Asia Masters ဟိုတယ်နှင့်
နိုင်ငံခြားဘာသာစကားသင်တန်းကျောင်းမှ ဟိုတယ်ကြီးများနှင့်
စားသောက်ဆိုင်များတွင် အလုပ်အကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်
လုပ်ငန်းငယ် လုပ်လိုသူများ အတွက် နှစ်သစ်အကြိုအထူး Discount
သင်တန်းအမျိုးအစား (၄) မျိုးဖွင့်လှစ်ရန်ရှိကြောင်းသတင်းရရှိသည်။ Asia
Masters သည် ရန်ကုန်မြို့လယ်ရှိ သွားလာရေးလွယ်ကူသည့်
ဟိုတယ်ကြီးတွင်တည်ရှိပြီး၊ အဆင့်မြင့်စာသင်ခန်းများ၊
အတွေ့အကြုံရှိဆရာများနှင့်ဖွဲ့စည်းထားပါသည်။
ပထမသင်တန်းအမျိုးအစားမှာ သင်တန်းကာလ(၂)လတာကြာမြင့်သည့်
ဟိုတယ်နှင့်စားသောက်ဆိုင် ၀န်ထမ်းကျွမ်းကျင် သင်တန်းများဖြစ်သည်။
ပြည်တွင်း/ပြည်ပအလုပ်အကိုင်ရှာဖွေလိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်း
လုပ်ကိုင်လိုသူများအတွက် အကောင်းဆုံးသင်တန်းများဖြစ်သည်။
အဆိုပါသင်တန်းများတွင် (၁) စားဖိုမှူးသင်တန်း၊ (၂) မုန့်ဖုတ်သင်တန်း၊ (၃)
ဘားဝန်ထမ်းသင်တန်း၊ (၄) စားပွဲထိုးသင်တန်း၊ (၅)
အိပ်ခန်းဆောင်ထိန်းသင်တန်း၊ (၆) ဧည့်ကြိုနှင့်လေယာဉ် မယ်သင်တန်း၊ (၇)
အဲယားကွန်းကျွမ်းကျင်သင်တန်း (၈) အရောင်းဝန်ထမ်းသင်တန်းဟူ၍
သင်တန်းအမျိုးအစား (၈) မျိုးပါဝင်ပါသည်။ အသက်အရွယ်မရွေး၊ ကျားမမရွေး၊
ပညာအရည်အချင်းမလို မည်သူမဆိုတက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံးပါက
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ Certificate
ချီးမြှင့်ပါသည်။
ဒုတိယသင်တန်းအမျိုးအစားမှာ သင်တန်းကာလ (၁) နှစ်ကြာမြင့်မည်ဖြစ်သည့် CTH
Diploma in Hotel Management သင်တန်းဖြစ်သည်။ Hotel Management
ဘာသာရပ်များကို စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာဟိုတယ်လုပ်ငန်းတွင်
Supervisor များနှင့် Manager ဖြစ်လိုသူများ နှင့် နိုင်ငံတကာပညာရေးကို
ဆက်လက်သင်ယူလိုသူများအတွက် အကောင်းဆုံးသင်တန်းဖြစ်သည်။ ဘာသာရပ်
(၁၀)ဘာသာပါဝင်ပြီး၊ တစ်နှစ်လျှင်စာမေးပွဲ (၃) ကြိမ်ရှိသည်။ မိမိ
ပိုင်နိုင်သည့် ဘာသာရပ်များကို စိတ်ကြိုက်ဖြေဆိုနိုင်သည်။
သင်တန်းပြီးဆုံးပါက အင်္ဂလန်နိုင်ငံ CTH မှ Diploma
ချီးမြှင့်မည်ဖြစ်ပါသည်။
တတိယသင်တန်းအမျိုးအစားမှာ သင်တန်းကာလ (၂)လ စီကြာမြင့်မည်ဖြစ်သည့်
ဘာသာစကားသင်တန်းများဖြစ်သည်။ ပြည်တွင်း/ပြည်ပတွင်
အလုပ်အကိုင်ရှာဖွေမည့်သူများ၊ ခရီးသွားလိုသူများ၊
လုပ်ငန်းရှင်များအတွက်ရည်ရွယ်၍ဖွင့်လှစ်ထားပါသည်။ အင်္ဂလိပ်ဘာသာစကား၊
ဂျပန်ဘာသာစကားနှင့် တရုတ်ဘာသာစကား သင်တန်းဟူ၍သင်တန်း (၃) မျိုးရှိသည်။
အင်္ဂလိပ်ဘာသာစကားသင်တန်းများအနေနှင့် အခြေခံစကားပြောအဆင့်မှသည် IELTS
စားမေးပွဲ ပြင်ဆင်မှု သင်တန်းများအထိရှိသည်။ ဂျပန်ဘာသာစကား
သင်တန်းများအနေနှင့် ဂျပန်သံရုံးမှ နှစ်စဉ်ကျင်းပသည့် JLPT စာမေးပွဲ
များကို ဖြေဆိုမည့်သူများအတွက်သင်တန်းများနှင့်
အခြေခံစကားပြောသင်တန်းများရှိသည်။ ဂျပန်ဆရာနှင့် မြန်မာဆရာ များ
ပူးပေါင်းသင်ကြားပေးသည်။ တရုတ်ဘာသာစကားသင်တန်းတွင် Mandarin နှင့်
Cantonese နှစ်မျိုးလုံးကို သင်ကြားပေးသည်။
အခြေခံအဆင့်မှစတင်သင်ယူနိုင်သည်။ တက်ရောက်အောင်မြင်သူများကို Asia
Masters မှ Certificate ပေးအပ်ပါသည်။
စတုတ္တသင်တန်းအမျိုးအစားမှာ ကွန်ပျူတာသင်တန်းများဖြစ်သည်။
မြန်မာနိုင်ငံသားများ ကွန်ပျူတာနှင့်အင်တာနက် ကိုထိရောက်စွာ
အသုံးပြုနိုင်ရန်အတွက်ရည်ရွယ်၍ဖွင့်လှစ်ထားပါသည်။ သင်တန်းများတွင်
အခြေခံကွန်ပျူတာသင်တန်း၊ အင်တာနက်အသုံးပြုနည်းသင်တန်း၊ DTP ၊ Graphic
Design နှင့် Auto CAD သင်တန်းများပါဝင်သည်။ ကွန်ပျူတာကို
စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံးပါက
Certificate ချီးမြှင့်ပါသည်။
ပထမသင်တန်းအမျိုးအစားဖြစ်သည့် ဟိုတယ်နှင့်စားသောက်ဆိုင်
ဝန်ထမ်းကျွမ်းကျင်သင်တန်းနှင့် CTH Hotel Management Diploma
သင်တန်းတက်ရောက်သူများကို အထူးအစီအစဉ်များအနေနှင့် အင်္ဂလိပ်/တရုတ်ဘာသာစကား
သင်တန်း၊ ကွန်ပျူတာနှင့် အင်တာနက်သင်တန်း၊ ကိုယ်ကာယအလှသင်တန်း၊
ယူနီဖေါင်းတစ်စုံ နှင့် ရန်ကုန်မြို့ရှိ
ဟိုတယ်ကြီးများသို့လေ့လာရေးခရီးများအကို အခမဲ့ပေးအပ်သဖြင့်၊
မြန်မာနိုင်ငံတွင် အခမဲ့ဝန်ဆောင်မှု အများဆုံး
ပေးအပ်သည့်သင်တန်းကျောင်းတစ်ခုဖြစ်သည်။
Training
အသက်မွေးပညာ (၂)လ သင်တန်းများ (အခြေခံအဆင့်၊ တန်းမြင့်အဆင့်၊ အဆင့်မြင့် အဆင့်)
၁။ ဟိုတယ်စားဖိုမှူး ( Food and Beverage Production)
၂။ ဟိုတယ်စားပွဲထိုး (Food and Beverage Service)
၃။ ဧည့်ကြိုနှင့်လေယာဉ်မယ် (Front Office and Flight Attendance)
၎။ အိပ်ခန်းဆောင်ထိန်းသင်တန်း (Housekeeping)
၅။ ဘားဝန်ထမ်းသင်တန်း (Bartender Course)
၆။ အဲယားကွန်းကျွမ်းကျင်သင်တန်း (Air-con technician)
ရ။ ဟိုတယ်ပြင်ထိန်းနှင့် အင်ဂျင်နီယာ (Hotel Maintenance & Engineering)
CTH ဟိုတယ်စီမံခန့်ခွဲမှု ဒီပလိုမာ (၁) နှစ်သင်တန်း (CTH Hotel Management Diploma)
အင်္ဂလန်နိုင်ငံ Confederation of Tourism and Hospitality (CTH) မှ
ချီးမြှင့်သည့် နိုင်ငံတကအသိအမှတ်ပြု ဒီပလိုမာဖြစ်ပါတယ်။ CTH ဆိုတာက
အင်္ဂလန်အစိုးရ အသိအမှတ်ပြုအောင်လက်မှတ်ထုတ်ပေးရေးအဖွဲ့ဖြစ်ပါတယ်။ ယခင်က
နိုင်ငံရပ်ခြားမှာ အကုန်အကျများစွာ သွားတက်ရတဲ့ ဒီပလိုမာကို
မြန်မာနိုင်ငံမှာ သင့်တင့်တဲ့ကုန်ကျစားရိတ်နဲ့ တက်ရောက်နိုင်ပြီ
ဖြစ်ပါတယ်။ ဒီပလိုမာနဲ့ အဆင့်မြင့် ဒီပလိုမာ (Advanced Diploma) ကို
မြန်မာနိုင်ငံမှာတက်ရောက်နိုင်ပြီး နောက်ဆုံး ဘွဲ့ယူရန်အတွက် တစ်နှစ်ကို
အင်္ဂလန်၊ သြစတေးလျှ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေကို
တက်ရောက်နိုင်ပါတယ်။
ဒီပလိုမာမှာ ဖြေဆိုရမဲ့ ဘာသာရပ် (၁၀) ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
DHM102 FOOD AND BEVERAGE OPERATIONS
DHM112 FOOD HYGIENE, HEALTH AND SAFETY
DHM122 FRONT OFFICE OPERATIONS
DHM132 FACILITIES AND ACCOMMODATION OPERATIONS
DHM142 HOSPITALITY FINANCE
DHM152 INTRODUCTION OF BUSINESS OPERATIONS
DHM162 MARKETING
DHM172 THE TOURISM INDUSTRY
DHM192 THE GLOBAL HOSPITALITY INDUSTRY
DHM182 BUSINESS COMPUTING
တစ်နှစ်မှာ စာမေးပွဲတွေကို ဇန်န၀ါရီမှာ တစ်ကြိမ်၊ ဇွန်မှာ တစ်ကြိမ်နဲ့
စက်တင်ဘာမှာ တစ်ကြိမ် စုစုပေါင်း (၃) ကြိမ်ကျင်းပပါတယ်။
မိမိပိုင်နိုင်တဲ့ဘာသာရပ်တွေကို ဖြေဆိုနိုင်ပါတယ်။ စာမေးပွဲများကို
British Council မှ ဖြေဆိုရပါတယ်။
ဒီပလိုမာပြီးရင် Advanced Diploma ကိုလည်း ဆက်တက်နိုင်ပါတယ်။
အင်္ဂလိပ်/ ဂျပန် ဘာသာစကားသင်တန်းများ
အင်္ဂလိပ်ဘာသာစကားသင်တန်းသုံးမျိုးရှိပါတယ်။
(၁) စာမေးပွဲ ဖြေဆိုမည့်သူများအတွက် သင်တန်းများ (Exam Oriented)
- IELTS Preparation
- TOEFL Preparation
(၂) လူမှုဆက်သွယ်အင်္ဂလိပ်စကား (Communicative English)
- Intro
- Level-1
- Level-2
- Level-3
(၃) ဘာသာရပ်ဆိုင်ရာ အင်္ဂလိပ်စကား (Professional English)
- English for Hotel Staff
- Business English
- Legal English
ဂျပန်ဘာသာစကားသင်တန်း (၂) မျိုးရှိပါတယ်။ (မြန်မာနှင့်
ဂျပန်ဆရာများသင်ကြားပေးပါတယ်)
(၁) JLPT စာမေးပွဲ ပြင်ဆင်သည့် သင်တန်း
(၂) ဂျပန်စကားပြောသင်တန်း
ကွန်ပျူတာသင်တန်းများ
(၁) Basic / Internet
(၂) DTP
(၃) Graphic Design
(၄) InDesign
(၅) Auto CAD
(၆) Business Computing
စိတ်ပါဝင်စားသူများအနေနှင့် Asia Masters သင်တန်းကျောင်းတည်ရှိရာ အမှတ်
၂၇၇၊ ဗိုလ်ချုပ်လမ်း၊ အာရှပလာဇာ ဟိုတယ် (မြေညီထပ်)
ရန်ကုန်မြို့သို့လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၃၇၉၃၁၁၊73050603
မယမင်းအေး asiamasters.yma@gmail.com ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
--
Yamin Aye
IT Manager
Asia Masters
Hospitality & Tourism Institute
277 Bogyoke Road, #GF Asia Plaza Hotel, Yangon, Myanmar.
Tel: (951) 379311, 391378 Ext: 715